Total Pageviews

Friday, February 3, 2012

Where Are Come And Going Police ?

     Where Are Come And Going Police  ?

                     


       နိုင်ငံ တစ်နိုင်ငံလို့ မှာ မရှိမဖြစ် ရှိသင့်တဲ့  နိုင်ငံပိုင်တစ်ခု က တပ်မတော်လို့ ခေါ်တဲ့ စစ်တပ်ဖြစ်ပါတယ် ၊ ဒါက နိုင်ငံ ကာကွယ်ရေး အတွက်ပါ ။ နိုင်ငံတခု မရှိမဖြစ်ရှိရမဲ့ လိုအပ်တဲ့ အဖွဲ့ ကတော့  ရဲတပ်ဖွဲ့ လို့ခေါ်တဲ့police ဖြစ်ပါတယ်။

ဘာကြောင့် ရဲတပ်ဖွဲ့ ကို မရှိမဖြစ်လို့ သုံးနုန်းရတာပါလဲ ...? ။  ဒီမိုကရေစီ လိုလားတယ်ဆို တဲ့ လူငယ်တွေ ခဏ ၊ခဏ  မေ့တတ်ကြလို့ပါ။ ဒါ ကျွန်တော် သတိပြုမိတာ ကြာပါပြီ။ ဒီမိုကရေစီ လိုလားပါတယ်ဆိုတဲ့ လူငယ်တွေ နဲ့ ကျွန်တော်

စကားပြောတိုင်း   ရဲတပ်ဖွဲ့ ကို အမြင်စောင်းတဲ့ စကားလုံးတွေ ၊ ဒီကောင်တွေ မရှိမှ အေးမယ်ဆိုတဲ့ လေသံတွေ ၊သဘောထားတွေ ခဏခဏ တွေ့မြင်နေရပါတယ်။ စာဖတ်သူလူကြီးမင်းတောင်  အဲသလိုအတွေးပေါက်နေရင်နေပါလိမ့်မယ်၊

အတွေးပေါက်ခဲ့တဲ့ အချိန်တွေ ရှိခဲ့ပါလိမ့်မယ် ။ ကဲ စာရေးတဲ့သူရေ  မင်းပြောတဲ့ ရဲတွေ ကရော အဲ့လို အတွေးပေါက်စရာ မကောင်းပေဘူးလားလို့  မေးရင်တော့  ၊    ဟုတ်ကဲ့ ပါခင်ဗျ  အင်မတန်အတွေးပေါက်စရာကောင်းပါတယ်။

ကျွန်တော်လဲ မြင်တွေ့နေရတာပါပဲ . .  လာဘ်စားမူ့ တွေ ၊ တခါတရံ အာဏာ အလွဲသုံးစားပြု မူ့ တွေ ၊ နိုင်ငံရေး အဓိကရုဏ်း ဖြစ်ပေါ်တိုင်း နောင်တော်စစ်တပ် နဲ့ အတူ အကြမ်းဖက် နှိမ်နှင်းမူ့ တွေ ....။

မင်းပြောသမျှတော့ ကွာ . . .မရှိမဖြစ်လိုအပ်တာမပါသေးပါလား လို့ မတွေးလိုက်ပါနဲ့ဦး ...။ ကျွန်တော်တို့ ရဲ့ မိသားစု ပဲဖြစ်ဖြစ် ၊ ဆွေမျိုးသားချင်းပဲ ဖြစ်ဖြစ် မတရားပြူကျင့်ခံရတဲံ့ အခါ ... အသတ်ခံရတဲ့အခါ  ကျွန်တော်တို့မှာ အားကိုးရာဟာ

 
ရဲတပ်ဖွဲ့သာ ဖြစ်လာခဲ့တာ အမူ့အခင်းဖြစ်ကြသူတိုင်း သိခဲ့ကြပါလိမ့်မယ်။ ထပ်ပြီး သိခဲ့ကြတာက  တရားခံ မိလား မမိလားတော့ မသိဘူး ရဲစခန်းရောက်တာနဲ့  အကုန်ယူပါရစေဆောင်
ပုဒ်နဲ့လိုက်အောင် ငွေတွေ ရှလော ရှလော အသံ နဲ့ 

ထွက်သွားကြတာ လဲ အမှတ်ရကြပါလိမ့်မယ်။ ဟုတ်ကဲ့  ၊ ပြည်သူတွေ ကိုကာကွယ်ရမဲ့ ရဲတပ်ဖွဲ့ကဘာလို့ အဲ့လို ဖြစ်သွားရတာတုန်း  စာဖတ်သူလူကြီးမင်း မသိချင်ဘူးလား။ ကဲ ရဲတပ်ဖွဲ့ဘယ်ကလာသလဲ အတိတ်ကလကါဖွင့်ကြည့်ရအောင်.။





       မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ကိုစတင်အသက်သွင်းပေးခဲ့တာတော့  နေမ၀င်အင်ပါယာလို့ခေါ်တွင်ခဲ့ တဲ့  အင်္ဂလိပ် နယ်ချဲ့ များပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကို သိမ်းပိုက်ပြီးနောက်ပိုင်း  ၁၈၈၇   အောက်တိုဘာ ၂၈ ရက် မှာ ကျေးရွာအက်ဥပဒေ

ကိုပြဌာန်းပြီး ကျေးရွာ ရဲတပ်ဖွဲ့ ဆိုတာကို စတင်ဖွဲ့စည်းခဲ့ပါတယ်၊ ဒါဟာ နောင်တချိန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲ့ မူလဘူတ ပဲ ဖြစ်ပါတယ်။ ရန်ကုန်မြို့တော်မှာ လူဦးရေ ထူထပ်လာပြီးနောက် အိန္ဒိယ နဲ့ဘင်္ဂလီ လူမျိုးတွေ စတင် အခြေချလာတဲ့

နောက်တော့ ၁၈၈၉   ခုနှစ်မှာ Rangoon Police Act Law ကို ပြဌာန်း ခဲ့ပြီး   Rangoon City Police ကို ခွဲထုတ်ဖွဲ့ စည်းခဲ့တယ်။ အဲ့ဒီအချိန်မှာ မြန်မာနိုင်ငံ မှာ ပုလိပ်အဖွဲ့ ၊ မြို့ပြပုလိပ် ၊ ရန်ကုန်မြို့တော်ပုလိပ်ဆိုပြီး သုံးဖွဲ့ ခွဲထားခဲ့ပါတယ်။

အဲ့ဒီ အချိန်က ပုလိပ်အဖွဲ့ တွေ ဟာ ဗမာလူမျိုးနည်းပါးပြီး  ဘင်္ဂလီ နဲ့ နီပေါ   အိန္ဒိယ လူမျိုးတွေ များပါတယ် . . .ပြီးတော့ ကရင် လူမျိုး အနည်းငယ်ရှိတယ်လို့ မှတ်သားဖူးပါတယ်။ သေချာတာကတော့ ကိုလိုနီခေတ်ပုလိပ်အဖွဲ့ဟာ 

ပြည်သူလူထုကြားထဲမှာ နာမည်ဆိုးနဲ့ကျော်ကြားခဲ့တာတော့ အမှန်ပဲ ဖြစ်ပါတယ်။ နောက်ပိုင်း မှာတော့ ဗမာ နဲ့ တိုင်းရင်းသား လူမျိုးအမြောက်အများဟာ ပုလိပ်တပ်ဖွဲ့ထဲသို့ ၀င်ရောက်အမူ့ထမ်းခဲ့ပြီး  ၁၉ ရာစု အတွင်း အချင်းချင်း 

ဖိနှိပ်ခဲ့ကြပါတော့တယ်။ ၁၉၃၇ ဧပြီ ၁၄ ရက် မှာ မြန်မာနိုင်ငံ ဟာ Home rule လို့ခေါ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးရပြီး အိန္ဒိယ မှခွဲထွက်ခဲ့ပါတယ်... အဲ့ဒီအချိန်မတိုင်ခင်ကတော့  ဗမာနိုင်ငံ ဆိုတာ အိန္ဒိယ ရဲ့ ပြည်နယ်တခုအနေနဲ့သာ ရှိနေခဲ့

တာဖြစ်ပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ရေးဆိုပေမယ့် တမာပေါ် သကာလောင်းခဲ့တာပါ  ကိုယ်ပိုင်အုပ်ချူုပ်ဖို့နေနေသာသာ အာဏာတောင် အများကြီး ခွဲဝေမရခဲ့ပါဘူး  အဲ့ဒီအချိန်မှာပဲ ပုလိပ်အဖွဲ့ နဲ့စစ်ပုလိပ် လို့ခွဲလိုက်ပါတော့တယ်။

တကယ်တော့ စစ်ပုလိပ်ဆို အခုခေတ်လို တပ်ထိန်းသဘောမျိုးမဟုတ်ရပါဘူး ... အဓိကရုဏ်းတွေ ကိုနှိမ် နှင်းဖို့  လေ့ကျင့်ထားတဲ့ တပ်ဖွဲ့သာ ဖြစ်ပါတယ် ... ။အဲ့ဒီစစ်ပုလိပ်တွေ ကိုတော့ အင်္ဂလိပ် စစ်ဖက်အရာရှိကြီးတဦးမှ အုပ်ချူပ်ပါတယ်။

ဒုတိယကမ္ဘာ စစ်အတွင်း မြန်မာနိုင်ငံ ကို ဂျပန်သိမ်းထားတဲ့ ကာလမှာတော့  ပုလိပ်စ်အဖွဲ့ ရဲ့ အခန်းကဏ္ဍဟာ မရှိသလောက်နည်းပါးပြီး   ဗမာ ပုလိပ်စ် အဖွဲ့ နဲ့  ဘီအိုင်အေ တို့ ကိုယ်တိုင်  ဂျပန့်စစ်ဖိနပ်အောက်က ရုန်းမထွက်နိုင်ခဲ့ပါဘူး။ 

အဲ့ဒီ အချိန်အတွင်းမှာ နာမည်ကြီးခဲ့တဲ့ ပုလိပ်တပ်ဖွဲ့ ကတော့ ဂျပန်ကင်ပေတိုင် လို့ခေါ်တဲ့ ဂျပန်စစ်ပုလိပ်များပဲ ဖြစ်ပါတယ်။ ဘီအိုင်အေ နဲ့ မဟာမိတ်တပ်များ ဂျပန်ကို ပြန်လည် တိုက်ထုတ်ပြီးချိန်မှာတော့ အင်္ဂလိပ် တပ်များဟာ 

မြန်မာနိုင်ငံ ကိုတကျော့ပြန်ကိုဘမှန်အနေနဲ့ ပြန်လည်သိမ်းပိုက်လိုက်ကြပါတော့တယ်။ ၁၉၄၅  ဒုတိယ ကမ္ဘာစစ်အပြီး မှာတော့ အင်္ဂလိပ် ဘုရင်ခံ နဲ့ အစိုးရအဖွဲ့ဟာ မြန်မာနိုင်ငံတွင်းသို့ စက္ကူဖြူစာတမ်း ကိုကိုင်ဆောင်ဝင်ချလာပြီး

ပုလိပ်အဖွဲ့ကိုလည်း   လက်နက်ကိုင်တပ်ဖွဲ့ ( Armed Police )  နဲ့ ဗမာပြည်နယ်ခြားစောင့်တပ်နှင့် သောင်းကျန်းမူ့ လက်နက်ကိုင်နှိမ်နှင်းရေးအဖွဲ့ (Constabulary Police) ဆိုပြီး ခွဲခြားဖွဲ့စည်းခဲ့ပါတယ်။


   

 ၁၉၄၈ မြန်မာနိုင်ငံလွတ်လပ်ရေးရချိန်မှာတော့  ပြည်ထောင်စု စစ်ရဲတပ် (Union Military Police)   UMP  ဖြစ်လာခဲ့ပါတယ်။ စုစုပေါင်း  UMP တပ်ရင်းပေါင်း (၂၁) ရင်းး ရှိပြီး စစ်ရဲမင်းကြီးက အုပ်ချုပ်ပါတယ်။ ပြည်ထောင်စုစစ်ရဲတပ်

ဟာ စစ်တပ်ပုံစံ ဖွဲ့စည်းထားပြီး  နယ်ခြားစောင်တပ် နဲ့ ပြည်တွင်းလုံခြုံရေးတပ်ဆိုပြီး  နှစ်ပိုင်းခွဲပြီးတာဝန်ထမ်းဆောင်ခဲ့ကြပါတယ်။ လွတ်လပ်ရေးရပြီးခါစ ကာလာ ဖြစ်တဲ့အတွက် ရောင်စုံ သူပုန်ခေါ် နိုင်ငံ အနှံအပြား ပုန်ကန်ဆူပူနေကြတဲ့

အတွက် နယ်ခြားစောင့်တပ်တွေဟာ သူပုန်တွေ နဲ့လုံးထွေးနေခဲ့ကြပြီး  ပြည်တွင်းလုံခြုံရေးတပ်တွေ ကတော့ မြို့ပေါ်မှာ ကွန်မြူနစ်  ဆိုရှယ်လစ်  အတိုက်အခံ   ရဲဘော်ဖြူ  နီ     တို့ကို တရကြမ်း ဖမ်းဆီးခဲ့ကြပါတယ်။ အဲ့ဒီအချိန်မှာတော့ 

ပြည်ထောင်စု စစ်ရဲတွေ ဟာ နာမည်နဲ့လိုက်အောင် စစ်သားတပိုင်း ရဲတွေ ပါပဲ ...။ ၁၉၄၈ သြဂုတ်လ ၉ ရက်နေ့မှာ တော့  ပေါင်းတည် နဲ့ နတ်တလင်းကြားမှာ အင်မတန်အချက်အချာကြတဲ့ ဖိုးသာအောင်တံတားမှာ မဟာဗျူဟာမြောက်

တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ် ။ အဲ့ဒီတိုက်ပွဲမှာ  တံတားကို မကျအောင်ကာကွယ်ရင်း ပြည်ထောင်စု စစ်ရဲ တပ် ၂၁  မှ ဗိုလ်မှူးအေးချို  နဲ့ ရဲဘော်အကြပ် အမြောက်အများကျဆုံးခဲ့ပါတယ် ။ဗိုလ်မှုးအေးချိုကတော့ တပ်မတော်ဆိုင်ရာ စွမ်းရည်ဘွဲ့

များမှာ အမြင့်ဆုံးဖြစ်တဲ့ အောင်ဆန်းသူရိယ ဘွဲ့ ကိုရရှိခဲ့ပါတယ်။အဲ့ဘွဲ့ကိုတော့ ၁၉၄၉ ခုနှစ်မှာ ကျင်းပတဲ့ လွတ်လပ်ရေး နေ့ အခမ်းအနားမှာ ပေးအပ်ခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံ မှာ ရဲ တပ်ဖွဲ့ က အောင်ဆန်းသူရိယဘွဲ့ ရတာ

ဗိုလ်မှူးအေးချို တစ်ယောက်ပဲ ရှိပါသေးတယ်  ............။



အပိုင်း  ၂    ကိုဆက်လက်ပေးပို့ပါမည်။  

 မာဃလုလင်     ၁၉  .   မေ  .  ၂၀၁၁
       

No comments:

Post a Comment