မိလ္လာကန်အတွင်း ဆင်းရာမှ လူ ၄ ဦးသေဆုံး
မကွေးတိုင်း ပွင့်ဖြူ မြို့နယ်ရှိ လယ်မကျေးရွာ၌ ရေဆိုးထုတ်ရန် မိလ္လာ
ကန်အတွင်း ဆင်းသူ ၄ ဦး သေဆုံးမှု တခု ဖြစ်ပွားခဲ့သည်။
ဖေဖော်ဝါရီ ၇ ရက်နေ့က
လွန်ခဲ့သော ၁၀ ခန့်ကတည်းက အသုံးပြုခဲ့သည့် ယင်းမိလ္လာကန်အတွင်းသို့
အိမ်ရှင် ဦးတင်ငွေ ဆိုသူနှင့် အဖော် ၅ ဦး ဆင်းသက်ခဲ့ရာ ကန်အတွင်းရှိ
ပြင်းထန်သော အနံ့ဆိုးများကြောင့် အောက်ဆီဂျင်ပြတ်လပ်၍ ဦးတင်ငွေ အပါအ၀င် ၎
ဦး သေဆုံးပြီး ကျန်၂ ဦးမှာ ဆေးကုသမှု ဆက်လက် ခံယူနေရဆဲ ဖြစ်ကြောင်း
ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြ သည်။
မိလ္လာကန်ထွက် ဘိုင်ဂက်စ်မှာ
ပြင်းထန်သော အဆိပ် ဓာတ်ငွေ့ဖြစ်သည်ဟုလည်း ဆိုသည်။
http://feeds.feedburner.com/thithtoolwin/yIWV
No comments:
Post a Comment