Total Pageviews

Wednesday, February 8, 2012

ဝန်ထမ်းများ၏ လစာ တိုးမြှင့်ရေးအတွက် သူရ ဦးရွှေမန်း အဆိုတင်သွင်း

ဝန်ထမ်းများ၏ လစာ တိုးမြှင့်ရေးအတွက် သူရ ဦးရွှေမန်း အဆိုတင်သွင်း

by The Voice Weekly on Tuesday, 7 February 2012 at 17:24
ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း အဆို တင်သွင်း၍ ပြည်ထောင်စုလွှတ်တော်မှ အတည်ပြု
 (၁) ကိုယ့်ဂုဏ်၊ ကိုယ့်သိက္ခာနှင့်အညီ နေထိုင်စားသောက်နိုင်ဖို့နှင့် သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေး အမှန်တကယ် ဖြစ်လာဖို့နှင့် နိုင်ငံသားများ၊ ဝန်ထမ်းများ၏ လုပ်ခ၊ လစာစရိတ်နှင့် ချီးမြှင့်ငွေများကို လာမည့် ဘတ်ဂျက်နှစ်အစတွင် မဖြစ်မနေ တိုးမြှင့်ပေးရေး
(၂) ပြည်သူ့ဘဏ္ဍာငွေများကို အမှန် အသုံးပြု၍ အမှန်တကယ် လက်တွေ့ကျကျ နိုင်ငံ့အကျိုး ပြည်သူလူထု အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများကိုသာ ဥပဒေပြုပေးရေးနှင့် ထိုသို့မဟုတ်သော စီမံကိန်းများကို ငြင်းပယ်ခြင်း၊ ဆိုင်းငံ့ခြင်း၊ လျှော့၍ ခွင့်ပြုခြင်းများ ဆောင်ရွက်ရေး
(၃) နိုင်ငံသားများ၏ လက်ငင်း၊ ရေတိုနှင့် ရေရှည် အကျိုးဖြစ်ထွန်းစေသော ထာဝစဉ် ရှင်သန်စေမည့် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း သို့မဟုတ် လူသား အရင်းအမြစ်များ ဖွံ့ဖြိုးရေး စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုများကို တင်ပြဆောက်ရွက်ပေးဖို့ သက်ဆိုင်ရာသို့ တိုက်တွန်းပေးရေး
 (၄) တာဝန်အရ ဥပဒေနှင့်အညီ ဆောင်ရွက်နေကြသူများ အဖွဲ့အစည်းများအား နားလည် လက်ခံပြီး လေးစား ချစ်ကြည်စွာဖြင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ပေးရေး။
(၅) နိုင်ငံနှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအား တားဆီးပိတ်ပင်သော၊ ပျက်စီးယုတ်လျော့ စေသော ပြည်တွင်းပြည်ပမှ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်း ကိုမဆို ဆန့်ကျင်သွားရေး။
 (၆) တည်ဆဲ ဥပဒေများကို အဖွဲ့အစည်းများ အနေဖြင့် လည်းကောင်း၊ ပြည်သူများထဲမှ ပြည်သူတစ်ဦး အနေဖြင့် လည်းကောင်း ပြည်သူတစ်ရပ်လုံးနှင့် အတူ ရိုသေလေးစား လိုက်နာကြရေး
 

No comments:

Post a Comment