၂.၂.၂၀၁၂
ညနေ ၈း၄၅ မီနစ် သံရုံးပိတ်ခါနီးချိန် ကျနော်တို့က ပါတ်စပို
့စ်စာအုပ်ယူပြီး ပြန်ဖို့အထွက် ကျနော်တို့အရှေ့မှာ လူ ၂ယောက်က
၁ယောက်ကိုဝိုင်းထိုး၊ ချေထောင့်နှင့်ကန်နေတာကိုမြင်ရတော့ တော်တော်လေးကို
အံသြသွားတယ်ဗျ။
နောက်ပြီး သံရုံးဝန်ထမ်းတွေပါထွက်ပြေးလာပြီး ဘာဖြစ်တာလဲ ၊
ဘာဖြစ်တာလဲဆို့ပြီးလာမေးကြတယ် ၊ ဟိုကောင်းလေးကတော့ ဒူးထောင့်ပြီး
ခေါင်ကိုလက်နှစ်ဖက်နှင့်ကာပြီးတော့ တောင်းပန်နေတယ်ဗျ ။
ထိုးပြီးထွက်လာတဲ့
လူက ခန့်၀၀နှင့်လူက မင်းဘာကောင်းလဲကွ ၊ မင်းအခုပြောတာ သံမှူးကြီး ၊
သံမှူးကြီးကိုပြောရင် ငါတို့အဖေကို ပြောတာနှင့်အတူပဲ၊
သံမှူးကြီးကိုစော်ကားရင် ငါ တို့အဖေကိုစော်ကားတာနှင့်အတူးပဲ့ဆိုပြီး
ကြုံးဝါ ပြောဆိုပြီး အထဲကိုဝင်သွားတယ်။
ကောင်းလေးက နည်းနည်တော့မူးနေတယ် ၊
နောက်တော့ သံမှူးကြီး ဦမောင်မောင်ကြိုင် ထွက်လာပြီး ဒီကောင်လေးရဲ့
စာအုပ်နှင့် အခွန်ဆောင်စာရွက်ကိုယူလာပြီး မင်းဒါတွေကိုယူပြီး
နောက်ဘယ်တော့မှ သံရုံးကိုမလာနှင့်တော့ဆိုပြီး
သူ့စာအုပ်နှင့်အခွန်ဆောင်စာရွက်ကိုလာပေးတယ်။
နောက်ပြီး သံမှူးကြီးက
အခွန်ဆောင်ရတာက ငါတို့တနိုင်ငံတည်းမဟုတ်ဘူး တခြားနိုင်ငံတွေလည်း
ဆောင်နေရတာပဲ ဆိုပြီးတော့ ကျနော်ကိုရှင်းပြတယ်၊ လူကတော့
သိပ်ပြီးမရှိတော့ဘူးပြန်ကုန်ကြပြီး ၂၀လောက်ကျန်တယ်ထင်တယ်။
အပြင်ထွက်မယ့်တံခါးကိုလည်း
ဆွဲပိတ်လိုက်တော့ ကျနော်တို့လည်း အပြင်ထွက်လို့မရတော့ဘူး
သံမှူးကြီးပြောတာကိုပဲဆက်ပြီးတော့နားထောင်တော့ ၊ အရင်ကဆိုရင်း
မင်းတို့ပိုက်ဆံတွေကို ငါတို့သံရုံးမှာပဲ့လက်ခံတယ် ၊ အခုဆိုရင် may bank
(မလေးရှာဘဏ်) မှာသွာပြီးတော့ သွင်းခိုင်းတယ် ဘာဖြစ်လို့လဲဆိုရင်
ငါတို့သံရုံးမှာသွင်းရင် သံရုံးက စားတယ်ဆိုပြီးမင်းတို့ထင်နေကြမှာ
ဒါကြောင့်မင်းတို့ကိုဘဏ်မှာ သွင်းခိုင်တာ ငါတို့တပြားမှမစားဘူး
နိုင်ငံတော်ကို အကုန်သွင်းရတယ် ဆိုပြီး သံမှူးကြီးက ရှင်းပြတယ်။
ကောင်လေးကတော့
သံမှူးကြီးမှန်းမသိဘူးထင်တယ် ၊ ကောင်လေးက မွန်လူမျိုးပါ သူက
သူများနိုင်ငံတွေ နီပေါတို့ ဘင်္ဂလာဒေ(ခ်ျ)တို့ နိုင်ငံတွေ
အခွန်တပြားမှဆောင်စရာမလိုဘူး ဆိုပြီ သံမှူးကြီးနှင့်အတိုက်ခံလုပ်
ပြောမိလို့ ထိုးကြိတ်ခံ ခဲ့ရတာဖြစ်တယ်။
ကျနော်တို့အရှေ့မှာ ဒီလို
မျိုးမင်းမဲ့စရိုက်ဆံဆံ သံရုံးဝန်းထမ်း၂ယောက်က ဒီလို့လုပ်တာ
မဖြစ်သင့်ဘူးလို့ထင်တယ်ဗျာ၊ ကောင်လေးအနေနဲ ဘယ်လိုပဲ အမှားတွေ
ပြောမိသည်ဖြစ်စေ ပါးစပ်နှင့်သာ ဆုံး မသင့်ပါတယ် ၊ နောက်နောင်
ကိုယ့်လူမျိုးအချင်းချင်း ဒီမျိုးမဖြစ်ပါစေနဲလို့ ဆုတောင်းရင်း
ကိုသစ်ထူးလွင်မှတဆင့်ဝေငှ ပါရစေ ခင်ဗျား၊၊
ဒီဓါတ်ပုံကတော့ ပါတ်စပို့ စ်ထုတ်ဖို့စောင့်နေတဲ့ လူတွေပါ
No comments:
Post a Comment