Total Pageviews

Friday, February 3, 2012

"ယန်စီ   ဂင်္ဂါ နှင့်ဆရာဟိန်းလတ်"  (အပိုင်း-၂) 

အပိုင်းနှစ်ကို ဆက်ပါဦးမယ်ခင်ဗျာ။  ၁၉၇၅ မတိုင်မှီက တရုတ်ပြည်ဟာ အင်မတန်ဆင်းရဲပါတယ်။ တရုတ်ပြည်ဘယ်လောက်ဆင်းရဲလဲ ဆိုရင် မြန်မာလူမျိုးတော်တော်များများ အံ့သြောသွားပါလိမ့်မယ်။၁၉၇၅ မတိုင်မှီ
မော်စီတုန်း ရဲ့ တရုတ်ပြည်သူ ပြည်သားသန်း ၆၀၀မှာ ၅၉၀သန်းလောက်ဟာ တနှစ်ပတ်လုံးလောက်မှာမှ တခါ  နှစ်ခါလောက်မျှသာ အသားစားနိုင်ကြပါတယ် ။ အသားစားနိုင်တဲ့ အချိန်ကလည်း တရုတ်နှစ်သစ်ကူး ပွဲတော်အချိန်ဖြစ်ပါသတဲ့။
ကျန်တဲ့အချိန်မှာတော့ အသီးအရွက်ပေါက်စီတွေ ၊ဂျုံခေါက်ဆွဲတွေစားနေကြခဲ့ရတာပါ။မော်စီတုန်းကိုယ်တိုင်တောင် မှ တနှစ်ပတ်လုံးမှာ အသားတခါပဲ စားပါသတဲ့ ။ ပိုက်ဆံ မရှိလို့တော့ဟုတ်ပုံမရပါဘူး။သူ့ပြည်သားတွေ 
ငတ်နေတဲ့အချိန်မှာသူလဲ မစားချင်လို့နေပါလိမ့်မယ်။ဒါကြောင့်လဲ ဥက္ကဌကြီးမော်လို့ တရုတ်နီတွေ လေးစားနေကြတုန်းကိုးလို့ မှတ်ချက်ချမိပါတယ်။ဒါကြောင့် မော်စီတုန်းရဲ့ စကားဟာသမိုင်းဝင်ခဲ့ပါတယ်။မော်စီတုန်းက 
အဲ့ဒီအချိန်က ဘာပြောခဲ့လဲဆိုရင် တရုတ်ပြည်ရဲ့ ပန်းတိုင်ဆိုတာ "တရုတ်ပြည်သူများအသားစားချင်စိတ်ရှိတဲ့အခါ အသားစားနိုင်ကြတဲ့နေ့ ဟာ တရုတ်ပြည်ရဲ့ ပန်းတိုင်ရောက်ပြီ" လို့ပြောခဲ့ပါတယ်။အခုခေတ် တရုတ်တွေများ အသားစားရုံတင်မကပါဘူး ကောင်းပေ့ ဆိုတဲ့ ဇိမ်ခံပစ္စည်းတွေ ။ညွန့်ပေ့ ဆိုတဲ့ အစားအစာတွေ ကို ကိုယ့်နိုင်ငံမှာသာ မက သူများနိုင်ငံမှာပါ ပိုက်ဆံပစ်ပေးပြီး ပါးရိုက်စားနိုင်တဲ့အဆင့်ရောက်နေပါပြီ။
ဆက်စပ်မိလို့ပြောရပါဦးမယ်။ ကျွန်တော် ရခိုင်ကို ၂၀၀၉ခုနှစ်မှာရောက်ခဲ့ပါတယ်။ နေရာတိုင်းမှာ တရုတ်နဲ့ ကိုရီးယားတွေ တွေ့ရပါတယ်။များသောအားဖြင့်တော့ တရုတ်တွေ ပေါ့ ။ တကယ့်ပညာတတ် တရုတ်တွေ ကနေ
အလုပ်သမားခေါင်းအဆင့်တရုတ်တွေ အထိ တွေ့ခဲ့ပါတယ်။သူတို့ကတော့သူုတို့ကိုသူတို့  တက်စ်ကနေရှင် လို့ခေါ်တာပေါ့လေ။ကျွန်တော်မြင်တာကတော့ ဈေးကြီးတဲ့အလုပ်သမားခေါင်းပေါ့။သူတို့ဟာ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအတွက်ရောက်နေခဲ့ကြတာပါ။ ကျောက်ဖြူ မြိုနယ်နဲ့ ရမ်းဗြဲ မြို့နယ်ပိုင် ကျွန်းတွေကိုလဲ ယန်စီတွေ က ဂရန် ခံပြီး ၀ယ်ယူထားပါတယ်။ ရေနက်ဆိပ်ကမ်းကိုလဲ သူတှို ဦးစီးပြီးဆောက်ပါတယ်။အောက်ခြေ အလုပ်သမားတွေ ကတော့ ထုံးစံ အတိုင်း  ရွှေမြန်မာတွေ ပေါ့ဗျာ။ရခိုင် နဲ့ဗမာတွေ ၊မွန်တွေ ၊ကရင်တွေဟာ နေရာအမျိုးမျိုးမှာ တရက်၃၀၀၀ ငွေကြေးအတွက် ပင်ပန်းဆင်းရဲစွာလုပ်ကိုင်ကြရပါတယ်။ ကိုယ့်နိုင်ငံမှာကိုယ်နေပြီး  ကိုယ့် ရေမြေက သယံဇာတတွေ ကိုထုတ်ယူနေတဲ့နေရာမှာလည်း  တိုင်းရင်းသားတွေ ဟာ နည်းအမျိုးမျိုး နဲ့ ၂၁ ရာစု ကျွန်အသစ်တွေ ဖြစ်နေတာတွေ့ခဲ့ရပါတယ်။ပတ်ဝန်းကျင်လဲ ပျက်စီးနေပါပြီ။ ရေနက်ဆိပ်ကမ်းက အလုပ်ဖြစ်လားမဖြစ်လားတော့မသိဘူး။ အဲ့ဒီ တ၀ိုက်မှာ ဘာငါးမှ မရှိတော့ပါဘူး။ ဘယ်ရှိတော့မလဲခင်ဗျာ ယန်စီတွေက သဘောင်္အဆန်းတွေ နဲ့  ရေအောက် အနက်ကို တူးဖော်
နေကြတယ်လို့ဆိုပါတယ်။ ဘာတွေ တူးဖော်နေလဲ ဆိုတာတော့ မသိခဲ့ရပါဘူး။ မနက်ဈေးမှာလည်း  တရုတ်လုပ်ငန်းရှင် အမျိုးမျိုးဟာ ခြင်းတောင်းကြီးငယ်နဲ့ရောက်ချလာပြီး  တွေ့သမျှလက်ညိုးထိုးဝယ်ပါတယ်။ဝယ်နိုင်
မှာပေါ့ တရုတ်ယွမ်ငွေ နဲ့မြန်မာကျပ်ငွေ က ဖောင်းပွမူ့ နုန်း ကွာဟနေတာကိုး။ တရုတ်ငွေ နည်းနည်းကို မြန်မာငွေ နဲ့သာလဲလိုက်  ပီနံအိတ်နဲ့ထုတ်ယူရတယ်လို့ ငါးနဲ့ ပုဇွန်ဒိုင်ဖွင့်ထားတဲ့  မစ္စတာ ရှောင်ကီချွမ်း ခေါ် 
ပေါက်ဖော်ကြီး ကပြောပြပါတယ်။ သူက ယူနန်ကလာပြီး ကျောက်ဖြူ မှာစီးပွားရေးလာလုပ်နေတာပါ။ ရခိုင်တိုင်းရင်းသူ မြသန္တာ ကို ယူထားတာပါ။ မမြသန္တာ ဟာ အတော်ချောတဲ့ ညိုချော တိုင်းရင်းသူပါ။
ကျွန်တော်တို့ မြန်မာနိုင်ငံသူ ဘယ်နှစ်ယောက်များ  တရုတ်မယား ၊ကုလား မယားတွေ ဖြစ်ကုန်ပြီလဲ လို့တွေးမိပါတယ်။ကျောက်ဖြူ မှာ အခု ခေတ်စားနေပါသေးတယ်။ ဘာတဲ့အဌားမယား တဲ့ခင်ဗျာ ။ ဆင်းရဲ တဲ့ လိပ်ခမော် ဂုံးချိန်ရွာဘက်က တောသူလေးတွေ ဟာ တလကို၂ သိန်းကျပ်နဲ့ ယန်စီကြီးတွေ ဆီမှာ အဌားမယားလုပ်ကြရတယ်လို့ဆိုပါတယ်။ များသော အားဖြင့် တော့ မြို့ပေါ်မှာပဲ တရုတ်ကြီးတွေက အိမ်ခန်းဌားပေးထားပါတယ်။ ဒါကတော့ အင်ဂျင်နီယာ ယန်စီကြီးတွေပါ။ အလုပ်သမားခေါင်းယန်စီတွေ ကတော့ မြို့စွန်က  ဟိုဟာလုပ်စားတဲ့အိမ်မှာ တန်းစီနေကြတာလဲ တွေ့ခဲံရပါတယ်။တကယ်မျိုးချစ်စိတ် ရှိပါ
တယ်၊မျိုးရိုးကို စောင့်ထိန်းပါတယ် ဆိုတဲ့ ရခိုင်လူမျိုးတောင် နောက်ဆုံးတော့ ဆင်းရဲတဲ့ဒဏ်၊ကျပ်တည်းတဲ့ဒဏ်တွေ မခံနိုင်ပဲ ဒီလို အဖြစ်မျိုးတွေ ကြုံတွေ့ခဲံရပါတယ်။
တရုတ်တွေ ဟာ မြန်မာနိုင်ငံမှာ အဲ့လို မင်းမူနေတဲ့ အဆင့်ကိုရောက်နေကြပါပြီ။ ဒါဟာ မော်စီတုန်းကြောင့်တော့ မဟုတ်ပါဘူး။ နိုင်ငံရေးသုခမိန် တိန်ရှောင်ဖိန် လို့ခေါ်တဲ့ တရုတ်ကွန်မြူ နစ်ပါတီခေါင်းဆောင်နဲ့ နောက်ဆက်ခံတဲ့ တရုတ်သွေးသစ်ခေါင်းဆောင်တွေ ကြောင့် ယန်စီတွေ အခုလို 
မော်ကြွားနိုင်တဲ့အဆင့်ကိုရောက်ခဲ့ကြတာပါ။ တိန်ရှောင်ဖိန်ဟာ ငတ်ပြတ်နေတဲ့နိုင်ငံကို ခုန်ပျံကျော်လွှားပေါ်လစီတွေ ။ အခြားလမ်းစဉ်တွေ ချမတ်ပြီး ပြောင်းလဲ ရေးကို စတင်လုပ်ဆောင်ခဲတယ်လို့ ဆရာဟိန်းလတ်က ဆိုပါတယ်။တိန်ရှောင်ဖိန်က ဒီလိုကြွေးကျော်ခဲ့ပါသတဲ့ " ကြောင် ဆိုတာ ဖြူဖြူ မဲမဲ ကြွက်ခုတ်ဖို့သာ အဓိကပဲ "။ ဆိုလိုရင်းကတော့ အရင်းရှင် ဒီမိုကရေစီစနစ်ဖြစ်ဖြစ်၊ ကွန်မြူနစ် စနစ်ဖြစ်ဖြစ်နိုင်ငံကြီးထွားချမ်းသာ
ဖို့အဓိကပဲ လို့ဆိုလိုချင်ခဲ့တာပါ။တိန်ရှောင်ဖိန်ဟာတခါးပိတ်ဝါဒကျင့်သုံးတဲ့ တရုတ်ပြည်ကိုတံခါးဖွင့်ခဲ့တာပါ။ တခါးဖွင့်လိုက်ရင်တော့ အလင်းရောင်ကောင်းကောင်းရမှာပဲ ၊ လေကောင်းလေသန့်ကောင်းကောင်းရမှာပဲ။ 
ထို့အတူ ဖုန်တွေ ၀င်လာနိုင်တာပဲ၊ ယင်တွေ ခြင်တွေ ၀င်လာနိုင်တာပဲ ။ ဖုန်ဝင်လာရင် သန့်ရှင်းရေးလုပ်ပေါ့ ၊ ယင်ဝင်လာရင် အုပ်ဆောင်းတို့ ၊ဇကာတို့ သုံးပေါ့လို့ ပြောခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာတော့ ဖုန်ဝင်
လာရင်သန့်ရှင်းရေးလုပ်ရမဲ့ အစိုးရက အင်မတန်အလုပ်များနေတဲ့ အတွက်မအားပါဘူး။ယင်ဝင်လာရင်အုပ်ဆောင်းအုပ်ရမဲ့ လ၀က တို့ ကပ်စတန်တို့က အုပ်ဆောင်းကို အခကြေးငွေ နဲ့ဖွင့်ပေးနေပါတယ်။ကောင်းတယ်
မဟုတ်လား ရွှေမြန်မာတို့ရေ။သမိုင်းအစဉ်အလာရှိခဲ့တဲ့ မြန်မာတွေ ဟာ အခုတော့ အနိုင်ကျင့်ချင်စရာလူမျိုး အဖြစ်သို့ရောက်နေပါပြီ။ အားကိုးစရာ မဲ့နေတဲ့ မိဘမဲ့ကလေးလိုဖြစ်နေပါပြီ။ဦးနုလက်ထက်ကလည်း တရုတ်နီတွေ ကို မြို့သုံးမြို့ပေးခဲ့ရပါသေးတယ် ။နယ်နိမိတ်ကိစ္စ အချင်းများတဲ့ကိစ္စနဲ့ပေါ့။ ဒါတောင် ကျွန်တော်တို့ရဲ့ အစိုးရဆိုတဲ့ ပုဂ္ဂိုလ်တွေ က မျိုးချစ်စိတ်ဓါတ်ရှင်သန်ထွန်းကားရေး တွေဘာတွေ အသံကောင်းဟစ်နေပါသေးတယ်။ အခုထိ အလောင်းမင်းတရားတို့ရဲ့ အမွေ ကိုဆက်ခံသောတပ်မတော်တို့ ဘာလို့လုပ်နေပါသေးတယ်။ထိုင်းကိုနိုင်ခဲ့တာကို ဂုဏ်ယူနေတုန်းပါ။ လက်ရှိအခြေအနေမှာတော့ ထိုင်း
လုပ်သမျှခံနေရတာကို လူကြားအောင် မအော်ရဲပါဘူး။ အင်္ဂလိပ်တွေ မြန်မာကိုသိမ်းတာကျတော့ အင်္ဂလိပ်နယ်ချဲ့လေးဘာလေးနဲ့၊ မြန်မာတွေ ထိုင်းကို သိမ်းတာကျတော့ မြန်မာနယ်ချဲံလို့မပြောပါဘူး။ဘုန်းလက်
ရုံးဆန့်တန်းပါသတဲ့။ ရယ်ပဲ ရယ်ရသေးတော့။ဆရာဟိန်းလတ်ထောက်ပြမှ ကျွန်တော်လဲ သတိထားမိပါတော့တယ်။တကယ်တော့ နယ်ချဲ့တွေ၊ ကြားနေထား ၊နိုင်ငံတနိုင်ငံဟာ သူ့အင်အားပြည့်အောင် အမြဲ အရံသင့်ရှိနေရမှာပါ။ စီးပွားရေးရော စစ်ရေးရောပေါ့။ ပြည်သူတွေ ကိုတုတ်နဲ့ ရိုက်သတ်ဖို့ ၊ ဂျီသရီး သေနတ်နဲ့ နားထင်ကို အနီးကပ် ပစ်သတ်တဲ့ စစ်တပ် ကိုပြောတာမဟုတ်ရပါဘူးခင်ဗျာ။ နိုင်ငံ ကြီးတွေ က ကျူကျော် မူ့ မပြုရအောင် ထိန်းသိမ်းစောင့်ရှောက်နိုင်တဲ့    တပ်မတော်အစစ်ကိုပြောတာပါ။  အခု အခြေ အနေက ကျွန်တော်တို့ အတွက်တော်တော်သတိထားရမဲ့အခြေအနေပါ။ ဘေးနှစ်နိုင်ငံ ဟာ အရှိန်အဟုန် နဲ့
တိုးတက်နေပါပြီ။ ကျွန်တော်တို့ အတွက် အကောင်းတွေ ရောအဆိုးတွေ ရော ကြုံတွေ့နိုင်ပါတယ်။တရုတ်ဟာ ၂၀၁၀ ခုနှစ်မှာ တနှစ်ပျှပ်းမျှ တရုတ်နိုင်ငံသားတစ်ယောက်ရဲ့ဝင်ငွေဟာ 2010 ဒေါ်လာရှိပါသတဲ့၊ အိန္ဒိယ
နိုင်ငံသားတယောက်ရဲ့ ၀င်ငွေကတော့800 ဒေါ်လာရှိပါသတဲ့။ ဒါက ပျဉ်းမျှ ကိုပြောတာနော်။ 2010 ဒေါ်လာဆိုတော့ တလကို အနည်းဆူံတော့၂ သိန်းလောက်တော့ရှိမှာပါ။အိန္ဒိယဟာလည်းတသိန်းလောက်ရှိပါတယ်။
ဒါတောင် အိန္ဒိယ ဟာ အခုမှ ကြီးထွားခါစပဲ ရှိပါတယ်။တရုတ်ဟာ ၂၀၂၀ မှာ တနှစ်ပျဉ်းမျှငွေ ၁၃၀၀၀ ဒေါ်လာလောက်ဝင်မှာပါ။ ဒါကြောင့် ဆရာဟိန်းလတ်က နောက်ဆယ်စုနှစ် သုံးခု အတွင်းတရုတ်ဟာ ကမ္ဘာကို အုပ်
စိုးမယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။ဆရာ ဟိန်းလတ်ရဲ့ အာဘော်အတိုင်း ဆိုရင်တော့ သိပ်မဝေးလှသော အနာဂါတ်ပေါ့ ခင်ဗျာ။

တရုတ်ဘာ့ကြောင့်ကြီးထွားလာရသလဲ။ အဲ့နောက်ကွယ်မှာ မြန်မာ ဘယ်လို အကျိုးဆက်တွေ ရနိုင်လဲ  ဆိုတာ ကျွန်တော်တို့ အင်မတန်လေ့လာဖို့ကောင်းပါတယ်။ ကျွန်တော်တို့ မျိုးဆက်ဖြေရှင်းရမဲ့ ပြသနာတွေ ပါ။ ပထမဆုံးမေးခွန်းက ကွန်မြူနစ်နိုင်ငံ တရုတ်ဟာ ဘာ့ကြောင့် အရင်းရှင် အမေရိကန်ထက် ပိုပြီး ချမ်းသာ လာရမှာလဲ ။တရုတ်ဟာ အခုလက်ရှိအခြေအနေအရ နိုင်ငံရေး ဟာ ကွန်မြူနစ်ပါ ၊ စီးပွားရေးကတော့ အရင်းရှင်ပါ။တရုတ်နီပြည် စတင်ထူထောင်စဉ်က လူုတရာမှာ ၂ ယောက်လောက်ရှိတဲ့ တရုတ်လူချမ်းသာတွေ ကို  ဖောက်ပြန်ရေးသမား ဓနရှင်လူတန်းစားလို့ တံဆိပ်ကပ် ။ ပစ္စည်းတွေကို ပြည်သူပိုင်သိမ်း၊လူကိုလဲ 
သတ်တန်သတ်လုပ်ခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီဟာ ... တိန်ရှောင်ဖိန်လက်ထက်မှာတော့ အရင်းရှင်တိုင်းရင်းသားတရုတ်တွေ ကို ကူညီစောင့်ရှောက့် ၊ စီးပွားရေးကောင်းမွန်စွာလုပ်နိုင်အောင် အစိုးရက ကူညီ၊တရုတ် 
ပစ္စည်းသွင်းနိုင်အောင် နိုင်ငံတကာနဲ့ ရလေးရှင်းရှစ်တွေ ထူထောင်ငွေတွေ ချေး၊ လုပ်လာခဲ့ပါတယ်။ပြီးတော့ အခုလက်ရှိအနေအထားမှာ တရုတ်နိုင်ငံ ရဲ့ ကွန်မြူ နစ် ပုံစံ ဟာ ဗဟိုက ချုပ်ကိုင်မူ့ အားနည်းတဲ့ ပုံစံပါ။
ပြည်နယ်အစိုးရတွေ ဖွဲ့ထားပါတယ်၊ ဟဲဟဲ တို့နဲ့လာတူနေသလိုပဲနော်...  တရုတ်တွေ ကခိုးချထားတာဖြစ်ရမယ်။ ကိုယ်ပိုင်အုပ်ချူုပ်ခွင့်ရ ဒေသတွေ ထူထောင် ပြီး စီးပွားရေးကို လွတ်လပ်စွာ လုပ်နိုင်ခွင့်ပေးထားပါ
တယ်။ ပြီးတော့  တရုတ်အစိုးရဟာ မြန်မာထက်စာရင် စာပေလွတ်လပ်မူ့ ရှိပါတယ်၊ ဝေဖန်တာလဲ ခံနိုင်ပါသတဲ့၊ စက်ရုံအလုပ်ရုံတွေ မှာ ၀ိုက်ဘုတ်တွေ ထောင်ပေးထားပါသတဲ့၊ ဆော့ပင်ပါတွဲပေးထားပြီး တကယ်လို့
အလုပ်သမားတယောက်ဟာ မကျေနပ်ရင် အဲ့ဒီမှာ မကျေနပ်ချက်ကို ရေးသားပိုင်ခွင့်ရှိပါတယ်တဲ့ဗျာ။ ( မြန်မာနိုင်ငံမှာဆိုရင်တော့ လုံထိန်းက ဒုတ်နဲ့ ၀င်ရိုက်ပါလိမ့်မယ်)၊အဲ့ဒါကို စက်ရုံ လူကြီးတွေ က ဖြေရှင်းပေးရပါ
သတဲ့။ ဟုတ်ကဲ့ပါခင်ဗျာ တကမ္ဘာလုံးက သတင်းလွတ်လပ်ခွင့်မရှိဘူး ၊လူ့ အခွင့်အရေး မရှိဘူးလို့ လက်ညိုးငေါက်ငေါက်ထိုးဝေဖန်ခံနေရတဲ့   ယန်စီကြီးတောင် မြန်မာထက် ပိုဖရီးဆန်နေတော့လဲ ... သူတို့ တိုးတက်
တာ အံ့သြောစရာမဟုတ်ပါကြောင်း.....၊


      အပိုင်း-၃ ကို ဆက်လက်ပေးပို့ ပါမည်။    ( မာဃလုလင်)

No comments:

Post a Comment