Total Pageviews

Friday, February 3, 2012

တံငါ


"တံ ငါ "


**ပျော်ရွင်ချမ်းမြေ့သော ဘ၀လား
ငါ အခု အဲ့ဒါ မျှားနေတယ် . . .

**လောကပင်လယ်မှာ
ပျော်ရွင်ချမ်းမြေ့မူ့ ငါး
မျိုးတုန်း ပျောက်ကွယ်လုနီးပါး
ကြိုးစားအားထုတ်မူ့ လှေကလေးကိုလှော်ခတ်
လောကဓံ လှိုင်းကိုလဲ ကြံ့ကြံ့ခံရသေးတယ် . . .

**ငွေကြေး ငါးစာကို တပ်လိုက်
အပေါင်းအသင်း ငါးစာကိုတပ်လိုက်
ပညာ ငါးစာကိုတပ်လိုက်
ဂုဏ် ငါးစာကိုတပ်လိုက်
ဘ၀ ငါးမျှားတံက
ကျဆုံးခြင်း ရေပြင်ထက်
ငိုက်သထက် ငိုက်လာလေရဲ့ . . .

**ပျော်ရွင်ချမ်းမြေ့သောဘ၀ကို
ငါက မျှားနေတာလား
ပျော်ရွင်ချမ်းမြေ့သောဘ၀ က
ငါ့ကို မျှားနေတာလား
လောကပင်လယ်ထဲ ၀င်နေဆဲ
အရွယ်ပိုင်းခြား နေ၀န်းနီကို ကြည့်ပြီးေ၀၀ါးး . . . "


***မာဃလုလင် ***

No comments:

Post a Comment