Total Pageviews

Sunday, February 19, 2012

ကြက်ဆူ တွေမင်းမူတဲ့ နိုင်ငံ

ကြက်ဆူ တွေမင်းမူတဲ့ နိုင်ငံ

အရာအားလုံးဟာ
စီစဉ်ပြီးသားလို့ ပြောကြတယ်
ဘယ် တော မှာမှ
ကြက်ဆူပင်တွေ မင်းမူတာမတွေ့ခဲ့ဖူးဘူး . . .

မျှော်လင့်ချက်တွေ ပိလွန်းလို့လဲ
လျှာထွက်နေပါပြီ
အခုတော့ လည်း
လက်တကမ်းအကွာကိုပဲ ကြည့်ကြည့် မိ . . .

ကိုယ့်ဘက်သူ့ဘက်မျှကြည့်ရင်တောင်
လွန်နေတာသိသာနေပါပြီ
အားမတန်လို့ မာန်လျှော့နေရင်း
မာန်တောင်ရှိသေးရဲ့လား မသေချာတော့ . . .

ပြောခဲ့ပြီးပါပြီ
ဘယ်တောမှာမှ ကြက်ဆူပင်တွေမင်းမူတာ
မတွေ့ခဲ့ဖူးဘူး
ကျနော်တို့ နေတဲ့ မြို့ကြီးပြကြီးမှာတော့
ကြက်ဆူပင်တွေမင်းမူရုံတင်မက
အပြိုင်းအရိုင်း နဲ့ တောထ . . .

တကိုယ်လုံးကို အနှစ်ရှိမရှိ
ဘယ်လို ခွဲခြမ်းရမလဲ
တပြည်လုံးကို အနှစ်ရှိမရှိ
ဘယ်လို ခွဲခြမ်းမလဲ
အခုတော့
တကိုယ်လုံးသာမက
တပြည်လုံး မှာပါ
နုနာဝဲစွဲ . . .

No comments:

Post a Comment