Total Pageviews

Saturday, February 4, 2012

" Chatting "

Monday, August 29, 2011

" Chatting "




ဖန်သားပြင်
အင်တာနက်ကွန်ရက်
မမြင်ရသော သူနဲ့
ငွေ ကုန်ခံ ချက် . . .

တဖက်သော လူ
အထီး အမ မသိ
ပို့လိုက်တဲ့စာသားတွေ
ရင်ဘတ်ထဲ ထိ
မရိုးမရွ နဲ့ ငြိ . . .

ပြောချင်ရာ ပြော
ဆိုချင်ရာ ဆို
ဂုဏ်တွေ သိက္ခာတွေမလို
ဦးဦးဒေါ်ဒေါ် ဖိုးဖိုးဖွားဖွား
အွန်လိုင်းပေါ်မှာ ကလေးကလား . . .

သံယောဇဉ်ကြီး ယုံလွယ်သူများ
နှလုံးသား နဲ့ ခံစား
မျက်ရည်နဲ့ နှစ်ပါးသွား
ချစ်မိ တဲ့အမှား . . .

လက်တွေ လဲ မအား
မျက်လုံးတွေလဲ ၀ါး
အထိုင်လွန်တော့ အညောင်းမိ
ငွေကုန်ပါ၏ . . .





**မာဃလုလင်**

No comments:

Post a Comment