Total Pageviews

Friday, February 3, 2012

ယန်စီ ဂင်္ဂါ နှင့်ဆရာဟိန်းလတ် ( အပိုင်း ၃)


5/16/11
                                                                                                    ယန်စီ  ဂင်္ဂါ နှင့်ဆရာဟိန်းလတ်  ( အပိုင်း ၃) 


မြန်မာ ပြည်ရဲ့ လက်ရှိ အုပ်ချူပ်ရေး စနစ်သစ်ဟာ  တရုတ်နိုင်ငံရဲ့ အုပ်ချူပ်ရေး စနစ်နဲ့အတော်လေးကိုဆင်တူ နေတာကိုလည်း တွေ့ရပါတယ်။ ဒါကလဲ ထူးဆန်းတဲ့အရာတော့မဟုတ်ပါဘူး ခင်ဗျ။ ကြံ့ဖွံ့အသင်းကနေ
ကြံ့ဖွံ့ ပါတီ ဖြစ်လာရတာဟာလည်း  ပါကစ္စတန် သမ္မတ မူရှာယက်  ရဲ့ ပြည်သှု့ ပါတီ ဖြစ်စဉ်နဲ့ အတော်လေးကို ဆင်တူနေတာကို လေ့လာတွေ့ရှိရပါတယ်။ဒါပေမယ့် မတူ ညီနိုင်တဲ့ အချက်တွေ ကတော့ မူရှာယက်က
စစ်ဗိုလ်ချုပ် ဘ၀က နေ သမ္မတ တစ်ယောက်ရဲ့ ဘ၀ ကို လုံးဝ ချိန်းပလိုက်တယ်။ ဒါပေမယ့် ဦးသိန်းစိန်က တော့အနည်းငယ်ပြောင်းလဲ နိုင်ဖို့တောင် အတော်ကြိုးစားနေရတာ တွေ့ရပါတယ်။ သူ့ အနောက် ကလာကါ 

က ထိန်းချုပ်ထားတဲ့ ကြိုးဆွဲ ရာအတိုင်းလေးပဲ လက်လေး မြှောက်လိုက် ၊ခြေလေး မြောက်လိုက် သာလုပ် နိုင်တာ တွေ့ရပါတယ်။ပြီးတော့ တရုတ်နဲ့ မြန်မာဟာ အုပ်ချူပ်ရေး စနစ်ခြင်း ပုံစံဆင်တယ်ဆိုတာကို တချို့တွေ က စောဒက တက်ကြပါလိမ့်မယ်။ ဘာဆိုင်လို့လဲကွာ ဟိုမှာက တစ်ပါတီင်္ စနစ် ၊ ငါတို့က ပါလီမန် ဒီမိုကရေစီ စနစ်  ဘာမှမဆိုင်ဘူး ဆိုပြီး အငြင်းပွားရင် ကျွန်တော် ပြန်ဖြေရှင်းပြချင်ပါတယ်။ တိုင်းရင်းသား မျိုးနွယ်စု
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတွေ ၊ ပြည်နယ်အစိုးရတွေ ။ အစိုးရ ပေါ်လစီနဲ့ စာပေလွတ်လပ် ခွင့်ကို ထိန်းချူပ်ထားတာတွေ ၊ တစုံတခု ဖြစ်ရင် တပ်နဲ့ နှိမ်နင်းတာတွေ ။ ဟုတ်ကဲ့ ဆက်ပြောရရင် တပုံကြီးပါ။
ကျွန်တော်တို့ ရဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကြီးရဲ့ ဒီမိုကရေစီပုံစံဟာဘယ် ဒီမိုကရေစီ နိုင်ငံ နဲ့မှ မတူ နိုင်ပါဘူး။ ဒါပေမယ့်  ကွန်မြူနစ်နိုင်ငံကြီးနဲ့သွားတူနေတာကတော့ အလွန်တရာ ရယ်ဖွယ်ရာကောင်းပါတယ်။
ပြောခဲ့သလိုပါပဲ တချို့သောနေရာတွေမှာ  ယန်စီကြီးကတောင် မြန်မာနိုင်ငံထက် စာပေလွတ်လပ်ခွင့်တွေရှိပါသေးတယ်။ ဆရာဟိန်းလတ်က ဟာသလေးတခုပြောပြပါတယ်။ သူ တရုတ်ပြည်ကြီး ကိုရောက်တုန်းက 
သတင်းစာတစောင်မှာ ဟာသလေးတခုဖတ်မိပါသတဲ့။ဟာသလေးကတော့  တရုတ်ပြည်ရဲ့တောရွာတရွာမှာ မစ္စတာ ယူ ဆိုတဲ့ ကွန်မြူနစ်ပါတီ ၀င် တရုတ်ကြီးရှိပါတယ် တဲ့။အဲ့ဒီမစ္စတာယူ ဟာ ပါတီအတွက်ကြိုးစားတော့ 

မြို့ မှာ ဥက္ကဌ အဖြစ် ဆောင်ရွက်ဖို့ တာဝန်ပေးခြင်းခံရတယ်။ အဲ့တော့ သူလဲ သူ့ရွာက မိတ်ဆွေ အပေါင်းအသင်းတွေ ကို လိပ်စာပေးခဲ့တာပေါ့ ။ ကဲ ငါတော့မြို့ကိုသွားတော့မယ်.. မင်းတို့တွေ မြို့ရောက်ရင် ငါဆီကိုလာ
လည်ကြဆိုပြီးတော့...မစ္စတာယူဟာ မြို့ကိုတက်သွားခဲ့တယ်။ဒါနဲ့ တရက်ကြတော့ မစ္စတာယူ ရဲ့ မိတ်ဆွေတစ်ယောက်ဟာ မြို့ကို ကိစ္စတခုနဲ့လာရင်း  မစ္စတာ ယူရဲ့လိပ်စာ အတိုင်းလိုက်ချလာတယ်။လိပ်စာ ထဲ က နေရာ
ကိုရောက်သွားတော့ ၀င်းတံခါးအကြီးကြီးနဲ့ အိမ်တစ်အိမ်ကို တွေ့ရပါသတဲ့ ။ဒါနဲ့ သူလဲ စဉ်းစားတယ် ၊ မစ္စတာ ယူ ဟာ မြို့မှာအခု တော့ ဥက္ကဌဖြစ်နေတယ်၊ ဒီတော့ ငါ သူ့ကို ရိုရိုသေသေခေါ်မှဖြစ်မယ်ဆိုပြီးတော့
ဥက္ကဌကြီးယူ၊ ဥက္ကဌကြီးယူ လို့အော်ခေါ်ပါသတဲ့ ။ ဒီတော့ တခါးမကြီးရဲ့ ချောင်းကြည့်ပေါက်က မျက်လုံးတစုံက ချောင်းကြည့်တယ် ပြီးတော့ ချောင်းကြည့်ပေါက်ပြန်ပိတ်သွားတယ်၊တခါးတော့ဖွင့်မပေးဘူး ဆိုပဲ။
သူလဲ တော်တော် စိတ်တိုသွားတယ် ဒါနဲ့ စိတ်ပေါက်ပေါက်နဲ့  မစ္စတာယူ မစ္စတာယူလို့ ခေါ်ပြန်သတဲ့ ။ဒီတခါလဲ အရင်ကလိုပဲ ချောင်းကြည့်ပြီးတော့ ပြန်ပိတ်သွားပြန်တယ်။နောက်ဆုံးတော့ ဒေါသထွက်ထွက်နဲ့ 
ခွေးမသားယူ  ခွေးမသားယူ လို့အော်လိုက်ပါတယ်။ ဒီတော့မှ တခါးကြီးက ၀ုန်းခနဲ ပွင့်လာပါတယ်။ဒီတော့ အထဲ ကိုဝင်ပြီး တခါးဖွင့်တဲ့ကောင်လေးကိုမေးတော့တာပေါ့။ မင်းမစ္စတာယူရဲ့ သားမဟုတ်ဘူးလား၊ 
ဥက္ကဌကြီးယူ၊ ဥက္ကဌကြီးယူ လို့ငါခေါ်တာကြားဘူးလားဆိုတော့ ... ကြားပါတယ်ခင်ဗျတဲ့....... ဟ ဒါဆို မင်းကြားရဲ့သားနဲ့ ဘာလို့ မဖွင့်ပေးတာလဲကွ ဆိုတော့..... အဖေက ပြောထားပါတယ်ဥက္ကဌကြီးယူ၊ ဥက္ကဌကြီးယူ လို့
ခေါ်ရင် ဖွင့်မပေးပါနဲ့     အဲ့လို ငါ့ကိုမြှောက်ပင့်ပြီးခေါ်ပြီးရင် ငါ့ဆီ က အခွင့်အရေး တောင်းတဲ့ ကောင်တွေ များတယ်လို့ မှာထားလို့ပါ  လို့ပြန်ဖြေပါတယ်၊   ဒါနဲ့ ဧည့်သည်က     မစ္စတာယူလို့ခေါ်တုန်းကလဲ မင်း
ကြားတယ်မဟုတ်လားလို့မေးတော့ ....  ဟုတ်ကဲ့ကြားပါတယ် ခင်ဗျာ  ဒါပေမယ့် အဖေက ပြောထားပါသေးတယ် မစ္စတာယူလို့ခေါ်ရင်လဲ ငါ့လုပ်ဖော်ကိုင်ဖက်တွေ ဧည့်သည်တွေ များတယ် အလုပ်ရှုပ်တယ် ဖွင့်မပေးနဲ့
လို့မှာထားပါတယ်ခင်ဗျ   လို့ ပြန်ဖြေပါတယ်၊  ဟ ဒါဆိုရင် ခွေးမသားယူလို့ခေါ်တော့ မင်းက ဘာလို့ဖွင့်ပေးတာတုန်းလို့မေးတော့   .....  ဟုတ်ကဲ့  အဖေ က မှာထားပါတယ်ခင်ဗျ  ခွေးမသားယူ ဆိုရင်  ငါ့အထက်က 
ပေါ်လစ်ဗျူရိုတွေ ဖြစ်မယ် ၊ ငါ့အထက်အရာရှိတွေဖြစ်မယ် အမြန်သာဖွင့်ပေးလို့မှာထားပါတယ် လို့ပြန်ဖြေပါတယ်။ ဒါနဲ့ မင်းဘာလို့ချောင်းကြည့်ပေါက်က ချောင်းချောင်းကြည့်တာတုန်းဆိုတော့
အထုပ်ကြီးကြီးကိုင်လာတဲ့ လူဆိုရင် ဘယ်သူဖြစ်ဖြစ် အမြန်သာ ဖွင့် ပေးလိုက်ဆိုပြီးတော့ အမေက   မှာထားလို့ပါ ဆိုပြီး ပြန်ဖြေပါသတဲ့ ။ 


တရုတ်သတင်းစာတစ်စောင်မှာ  အုပ်ချုပ်နေတဲ့ ကွန်မြူနစ်ပါတီ ကြီးကို အဲ့လို ကလိခွင့်၊  လှောင်ခွင့်၊ ဟာသလုပ်ခွင့်ရှိတယ်ဆိုရင်  တရုတ်နိုင်ငံ ရဲ့လူအခွင့်ရေးဟာ ၅၀ ရာခိုင်နုန်းလောက် ရှိနေသေးတယ်ဆိုတာ သေချာ
ပါတယ် ခင်ဗျာ။မြန်မာနိုင်ငံ က ဘယ်ဂျာနယ် ၊ ဘယ်သတင်းစာမှာ အဲ့လို ဖတ်ခဲ့ကြဖူးပါသလဲ ...  ဟုတ်ကဲ့ ကျွန်တော်တော့ တခါမှမဖတ်ခဲ့ရဖုးပါဘူးခင်ဗျာ။ဒါကြောင့်လဲ တရုတ်ကွန်မြူနစ်ပါတီ က ကြွေးကျော်ရဲခဲ့ပါတယ်။
ဥပဒေ ရဲ့ အထက်မှာ ဘယ်သူမှ မရှိပါတဲ့ခင်ဗျ။ မြန်မာနိုင်ငံမှာတော့ ဥပဒေရဲ့ အထက်မှာ ဘယ်သူရှိလဲ ဆိုတာ အားလုံးသိကြတဲ့ အတွက် ကျွန်တော်မပြောတော့ပါဘူး။ဒါကြောင့် ၂၁ ရာစု ယန်စီတွေဟာ တာဝန်ယူမူ့ ရှိ
သလို တာဝန်ခံနိုင်မူ့လည်းရှိပါတယ်လို့ ဆရာဟိန်းလတ်က ဟောပြောသွားခဲ့ပါတယ်။တရုတ်နိုင်ငံ ဟာ ၈.၈.၂၀၀၈ မှာ ဘေဂျင်းအိုလံပစ်ကြီးကို ကျင်းပနိုင်ခဲ့ပါတယ်.. အဲ့ဒီအချိန်တုန်းက တရုတ်ဝန်ကြီးချုပ် ၀မ်ကြားပေါင်က   " တကမ္ဘာ အိမ်မက်တခုထဲ "ဆိုပြီး လေကျယ်ခဲ့တာကို အားလုံးမှတ်မိကြမှာပါ....    ၀မ်ကြားပေါင် လေကျယ်မယ်ဆိုလဲ ကျယ်လောက်ပါတယ် တရုတ်ပြည်ဟာ တကမ္ဘာလုံးက အံ့သြောသွားအောင်
လုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ခမ်းနားတဲ့ ဖွင့်ပွဲ   ကောင်းမွန်တဲ့ အားကစားရုံတွေ   လမ်းဘေး ကားအိမ်သာတွေ နဲ့ တရုတ်ဟာ သူ့ရဲ့ ကြွယ်ဝမူ့ ကို ကမ္ဘာကို ချပြခဲ့ပါတယ်..


ဟုတ်ကဲ့  စာကလဲ အတော်ရှည်နေပါပြီ...  နောက်ဆုံး အကျဉ်းချူပ်အနေနဲ့ ဆရာဟိန်းလတ်ရဲ့ ယန်စီ ဂင်္ဂါ ဟောပြောပွဲ မှာ ယန်စီအကြောင်းတော့ တော်တော်သိခွင့်ရခဲ့ပေမယ့် ဂင်္ဂါအကြောင်းတော့ သိပ် မရခဲ့ပါဘူး။
ဆရာဟိန်းလတ်ဟာ တရုတ်အကြောင်း ကို အတော်နိုက်နိုက်ချွတ်ချွတ်သိပေမယ့်  အိန္ဒိယ အကြောင်းကတော့ အိမ်စာသိပ်ကြေပုံ မရပါဘူး ... မသိဘူးလို့ပြောတာမဟုတ်ရပါ ခင်ဗျာ  တရုတ်အကြောင်းလောက်မသိဘူး
ကြိုမမြင်နိုင်ဘူးလို့ ဆိုလိုတာပါ၊ တရုတ်အကြောင်းကတော့ အတော်စိတ်ဝင်စားအောင်ပြောနိုင်ပါတယ်၊ ပြီးတော့ ဆရာဟာ တရုတ်ကိုပိုတွက်နေပါတယ်... တရုတ်ရဲ့လုပ်နိုင်စွမ်းထက် ပိုထင်နေပါတယ်..ဒါဟာဆရာမှ
မဟုတ်ရပါဘူး  ...  သူတေသီ တော်တော်များများ အဲ့လို တွက်နေကြပါတယ်... ကျွန်တော်အမြင်မှားရင်လဲ မှားပါလိမ့်မယ်  ဒါပေမယ့်  ကျွန်တော်ကတော့ တရုတ်ဟာ စူပါပါဝါဘယ်လောက်ပဲ ဖြစ်လာဖြစ်လာ အမေရိကန်ကို  နောက်မှာချန်ခဲ့နိုင်ဖို့ဆိုတာ အနည်းဆုံး ဆယ်စုနှစ် ၅ခုလောက်ထက်မနည်း အချိန်ယူရပါလိမ့်မယ်. လို့ထင်ပါတယ်.. တရုတ်က အခုမှ လေယဉ်တင်သဘောင်္ကို ကိုယ့်ဟာကိုယ်ဆောက်နေတုန်းမှာ အမေရိကန်မှာ လေယဉ်တင်သဘောင်္ဆိုတာ ရိုးနေပြီဆိုတဲ့ အဆင့်ကိုရောက်ခဲ့ပြီးပါပြီ... ဒါပေမယ့် ဆရာဟာ တရုတ်ရန်ကို ကြိုမြင်ထားပါတယ်... တရုတ်ရဲ့ အကျိုးကျေးဇူးတွေ ကိုလဲ ကြိုတင် သိထားပါတယ်...

လေယဉ်တင်သဘောင်္ဆိုတာ ရိုးနေပြီဆိုတဲ့အဆင့်ရောက်ခဲ့ပါပြီ... ဆရာ ဦးကိုကိုလှိုင် တို့ နေဇင်လတ်တို့ သမ္မတ အကြံပေးအဖွဲ့ ထဲ ကိုရောက်ခဲ့ကြသလို ဆရာဟိန်းလတ်လဲ တရုတ်ရေးရာကျွမ်းကျင်သူ အနေ နဲ့ အကြံ
ပေးအဖွဲထဲ ရောက်သွားရင် အခုလိုတရုတ်လုပ်သမျှ ခံနေရတဲ့အခြေအနေထက်တော့ ကောင်းလာနိုင်စရာရှိပါကြောင်း  ပြောကြားရင်းနဲ့ ယန်စီ နဲံ ဂင်္ဂါ ကို နိဂုံးချူပ်အပ်ပါတယ်...။


ကျွန်တော် ဆောင်းပါးမှာ အမှားအယွင်းများ ပါ ခဲ့လို့ ရှိရင်  နားလည်ပေးပါ ဆရာဟိန်းလတ် ခင်ဗျားလို့ တောင်းပန်ရင်း ဒီစာနဲ့ ပဲ ဆရာကိုဂါဝရ ပြု အပ်ပါတယ်။.. ကျေးဇူးတင်ပါတယ် ခင်ဗျားး 


    မာဃလုလင်   ၁၆.၅.၂၀၁၁

1 comment:

  1. အရင်က ရေးခဲ့သမျှလေးတွေကို စုစည်းထားတဲ့သဘောပါဗျာ ။ ဘဏ်တိုက်လေးသဘောပါပဲ ။ ဘလောဂ့်ကြီးရယ်လို့မဟုတ်ပါဘူး ။

    ReplyDelete