Total Pageviews

Wednesday, February 8, 2012

ဗန်းမော်ဆရာတော်ကြီး လက်မှတ်နဲ့ ရေးသားထုတ်ပြန်လိုက်တဲ့ ရွှေညဝါဆရာတော်အား ပြန်လည် တရားဟောပြောခွင့် ပြုသည့် အမိန့်ထုတ်ပြန်ချက်..

ဗန်းမော်ဆရာတော်ကြီး လက်မှတ်နဲ့ ရေးသားထုတ်ပြန်လိုက်တဲ့ ရွှေညဝါဆရာတော်အား ပြန်လည် တရားဟောပြောခွင့် ပြုသည့် အမိန့်ထုတ်ပြန်ချက်..
http://www.demowaiyan.co.cc/2012/02/blog-post_5317.html


နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ (ဗန်းမော်ဆရာတော်ဘုရားကြီး)မှ ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အကျိုးတော်ဆောင်ချုပ် ဦးပညာသီဟ (ရွှေညဝါဆရာတော်ကြီး)အား ၁၁.၂.၂၀၁၂နေ့မှစပြီး တရားဟောပြောနိုင်ပြီ ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါတယ်..။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ(၂၈)ရက်နေ့နေ့က ဗန်းမော်ဆရာတော်ဘုရားကြီး သိရှိလိုက်ခြင်း မရှိတဲ့ မဟန(၄၇)ပါးစုံညီ အစည်းအဝေးမှ ရွှေညဝါဆရာတော်ကြီးအား ကျောင်းတိုက်မှ ထွက်ခါရန် ဖိအားပေး ထုတ်ပြန်ခဲ့ပါတယ်..။ ထို့သို့ဖိအားပေး ဆုံးဖြတ်ချက်အား ရွှေညဝါဆရာတော်ကြီးမှ အသနားခံစာ တင်သွင်းခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ ဇန္နဝါရီလ (၁၃)ရက်နေ့က တိုင်းသံယနာယက အဖွဲ့အကျိုးတော်ဆောင်ချုပ် လက်မှတ်နဲ့ အသနားခံစာအား ငြင်းပယ်ခဲ့ပြီး ဖိအားပေး ဆင့်ခေါ်ကာ တလအတွင်း ကျောင်းတိုက်မှ ထွက်ခွါရန် ရွှေညဝါဆရာတော်ကြီးအား လက်မှတ်ရေးထိုး စေခဲ့ပြီး နောက်ဆုံး သတ်မှတ် ရက်ကတော့ လာမည့် ၁၉ရက်နေ့မှာ ဖြစ်ပါတယ်...။

ရွှေညဝါ ဆရာတော်ကြီးအတွက် ကြည်ညိုသူ ပြည်တွင်း၊ ပြည်ပတပည့်ဒါယိကာ၊ ဒါယိကာမ အပေါင်းတို့မှလည်း သမ္မတကြီးဦးသိန်းစိန်ထံ လက်မှတ်ရေးထိုး တောင်းဆိုခဲ့ပါတယ်..။ ယနေ့ ဗန်းမော်ဆရာတော်ကြီး လက်မှတ်နဲ့ ထုတ်ပြန်လိုက်တဲ့ ရွှေညဝါဆရာတော်အား ပြန်လည်တရားဟောခွင့် ပြုသည့် အမိန့်ထုတ်ပြန်ချက်ကြောင့် အများပြည်သူမှ မကြာမှီ ကောင်းမွန်တဲ့ ရလာဒ်ကောင်းများ ပေါ်ထွက်လာနိုင်မည်ဟု မျှော်လင့်နေကြကြောင်း သိရှိရပါတယ်...။ အမျိုးဘာသာ၊ သာသနာအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့ ရွှေညဝါ ဆရာတော်ကြီးဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက မန္တလေးတိုင်းအဖွဲ့ချုပ်ရုံးမှာ ပင်ဝါးရုံဆိုတဲ့ ညီညွတ်ရေး တရားဟောကြားသည် ဟူသော အကြောင်းပြချက်ဖြင့် မဟန(၄၇)ပါးစုံညီ အစည်းအဝေးမှ အချက်(၃)ချက်နဲ့ အရေးယူခဲ့ပါတယ်..။ အချို့သော သတင်းများအရ အဆိုပါ(၄၇)ပါးစုံညီ အစည်းအဝေးဟု ထုတ်ပြန်ခဲ့ပေမယ့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော် (၁၀)ပါးသာ သိရှိခဲ့သည်ဟု ဆိုပါတယ်..။ နိုင်ငံတော် သံဃမဟာနာယက ဥက္ကဋ္ဌဖြစ်တဲ့ ဗန်းမော်ဆရာတော် ဘုရားကြီးကိုယ်တိုင် အဆိုပါထုတ်ပြန်ချက်အား သိရှိခဲ့ခြင်း မရှိဟု ဆိုပါတယ်..။ အဆိုပါ ယနေ့နိုင်ငံရေး အခင်းအကျင်းများနဲ့ အချိန်ကိုက် ထိုကဲ့သို့ အရေးယူခြင်းအား နောက်ကွယ်မှ တစုံတခုသော ဖိအားများ၊ ကြိုးကိုင်မှုများ ရှိနိုင်ကြောင်း အများပြည်သူမှ သုံးသပ် ပြောဆိုနေကြပါတယ်..။

သတင်း.... ဒီမိုဝေယံ

No comments:

Post a Comment