Total Pageviews

Saturday, February 11, 2012

ဖေဖော်ဝါရီ ၁၄

ဖေဖော်ဝါရီ ၁၄

ဖေဖော်ဝါရီ ၁၄ ရက်တဲ့
အချိန်သံသရာတစ်ပါတ်မှာ
သူထပ်ရောက်လာပြန်ပြီ . . .

မနှင်းဆီရေ
တချိန်က မင်းအပြုံးကို
မြင်ယောင်လား မြင်ယောင်ရဲ့
တမ်းတလား တမ်းတရဲ့
လွမ်းဆွတ်လား လွမ်းဆွတ်ရဲ့
ဒါပေမယ့် သိတဲ့အတိုင်း
အတွင်းလူတွေအကြားရိုင်းစေမဲ့
အိမ်ထောင်ရှင်တစ်ယောက်ရဲ့
တဒင်္ဂ အလွမ်းမှိုင်းတွေပါကွယ် . . .

သူများတကာတွေလို
ဘာချောကလက်
ဘာပန်းစီးမှ မပေးခဲ့ဖူးပေမယ့်
ဘယ်တော့မှ မငြိုငြင်ခဲ့တဲ့ မနှင်းဆီရေ
ကုသိုလ်ကံ မပါလို့မညား
တယောက်နဲ့တယောက်မဆုံနိုင်အားကြပေမယ့်
လွန်ခဲ့တဲ့ နှစ်အနည်းငယ်က
ဗာလင်တိုင်းအလွမ်းဟာ
အခုထိ အရှိန်မသေပဲ
ဖွဲမီးလို
တစတစ အငွေ့ပျံပြီး နေဆဲပဲ . . .

ဘာလိုလိုနဲ့ မနှင်းဆီရေ
ဖေဖော်ဝါရီ ၁၄ ရက်တဲ့
အချိန်သံသရာတစ်ပါတ်မှာ
သူထပ်ရောက်လာပြန်ပြီ
. . .

 မာဃလုလင်

No comments:

Post a Comment