Total Pageviews

Saturday, February 4, 2012

"ဂျစ်ပစီရွက်ကြွေ"


ဦးတည်ရာမဲ့ ခြေထောက်တွေနဲ့
လမ်းပေါင်းများစွာကို လျှောက်ခဲ့ဖူး
ပေတေလေလွင့် နေတာတော့မဟုတ်
အဖြေတွေ ငါသိချင်ခဲ့တာ . . .

အခုတော့ မိုးလဲမကောင်း
နေလဲမပူ
နှင်းမထူတဲ့ ရာသီဥတု နဲ့
ငါ့ အပင်မှာ ရွက်သစ်တို့မဲ့တယ် . . .


တထပ်ခင်း ကွာကျနေတဲ့ မာယာ
တလွှာခြင်း ဖုန်းလာနေတဲ့မာန
ပိုင်ဆိုင်သမျှ ချပြစရာလဲ မရှိ
လက်ညိုးထိုးပြမရတဲ့ အသိညဏ်တွေ ပဲ မြူးကြွ
ဒါဟာ ဘ၀ပါလို့ကြွေးကျော်ရင်း
မျှော်လင့်ချက် ရွက်ဝါတို့ တဖြုတ်ဖြုတ်ကြွေ . . .

အရင်းအမြတ် တွက်စစ်လိုက်ရင်
ရင်းနှီးခဲ့သမျှ အမြတ်မကျန်
ဒီလမ်း ဒီစခန်းမှာ တထောက်နားမလား
အမှန် အမှားပြတ်သားလာအောင် ခရီးဆက်မလား
ဘသ သစ်ပင်ရိုးတံကျဲ တဲ့အထိ အသက်ရှင်
ငါသည်သာ ရွက်ကြွေ ဖြစ်သင့် ရဲ့ . . ."



**မာဃလုလင်**

No comments:

Post a Comment