Total Pageviews

Friday, February 3, 2012


MONDAY, JUNE 6, 2011

တရုတ်ထီးရိပ် ၊ အာဆီယံဝေါယဉ် ၊ အမေရိကန်ဖိအား နှင့် မြန်မာပြည်သစ်


မကြာသေးမှီ ရက်သတ္တပါတ်အနည်းငယ်က အယ်ကိုင်ဒါ အကြမ်းဖက် အဖွဲ့ခေါင်းဆောင်ကြီး အိုစမာဘင်လာဒင်ကို အမေရိကန်နေဗီဆီး အထူးတပ်ဖွဲ့မှ ပါကစ္စတန်နိုင်ငံ

အတွင်းတွင် အသေပစ်ခတ်ပြီးဝင်ရောက်ဖမ်းဆီးသည်။ ထိုနောက်ပိုင်းရက်များတွင်အမေရိကန် ၊ ပါကစ္စတန် မဟာမိတ်ဆက်ဆံရေးသည် ရာစုသစ်အတွင်းမကြုံစဖူးတင်းမာလာ

ကြသည်။ အချိန်တိုအတွင်း တွင် ပါကစ္စတန်သမ္မတ သည် တရုတ်သမ္မတ နှင့် တွေ့ဆုံပြီး ယခင်က ရှိခဲ့ဖူးသော တိုက်ဂျက်လေယဉ် စာချူပ်မှ လေယာဉ်များကို အလျှင်အမြန်ပေး

အပ် ရန်ဆွေးနွေးကြသည် ။ တရုတ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆယ်စုနှစ်များစွာအတွင်း ထူးထူးခြားခြားပင် အမေရိကန်ပြည်ထောင်စုကို ရာဇသံပေးလိုက်သည် ။

" အမေရိကန်က နောက်တစ်ကြိမ်တွင်ပါကစ္စတန်နိုင်ငံ ၏ အချူပ်အခြာအာဏာကိုထိခိုက်စော်ကားလျှင် တရုတ်နိုင်ငံမှ သည်းခံမည်မဟုတ်ပါ " ..။ အတိအကျ မဟုတ်သော်ငြား

ထိုသဘောပင်တည်း ။ ထိုအချိန်တွင်ပင် ၂၀၁၁ တရုတ်ပြည်၏ အစွယ်ကို လေ့လာသူရော ၊မလေ့လာသူရော ၊သုတေသီရော ၊ လူပိန်းရော ဘွားခနဲ့ မြင်လိုက်ကြရသည်။

လက်ရှိတွင် တရုတ်ပြည်ကား ဒုတိယ ဆိုဗီယက် ၊ ငွေကြေး ပိုတောင့်တင်းသည်၊ လက်နက် လဲ ပုခုန်းခြင်း ယှဉ်လုနီးပါး ၊ လူဦးရေတွင် ကမ္ဘာ အင်အားအကြီးဆုံး . . .။ထိုတိုင်း

ပြည်ကြီး၏ အောက်ခြေဘက်တွင် မြန်မာ့ကျွန်းဆွယ် ၊ ၂၁ ရာစုတွင် မြန်မာ့နိုင်ငံရေးသည်တရုတ်၊အာဆီယံနှင့်ပတ်သက်ပြီး ပိုအနုစိတ်သောဒီပလိုမေစီ ဖြစ်လာလေသည်။

ဆယ်စုနှစ်တခုစာမျှ ပါဝါ တက်နေခဲ့သောအရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံသည် ၂၀၁၁ ခုနှစ်တွင်အနည်းငယ်မျှ ပါဝါ ပြန်ကျသွားသည်။ အာဆီယံအဖွဲ့ဝင်

ကမ္ဘောဒီးယား နှင့် ထိုင်းတိုက်ပွဲများ ၊ မြန်မာ့ အစိုးရသစ်ကိစ္စ ၊ အာဆီယံစီပွားရေးစီမံကိန်းများကို ပြီးဆုံးသည့်အထိ အကောင်အထည်မဖော်နိုင်မှူ့ ၊ အာဆီယံ အလှည့်ကျ

ဥက္ကဌ ပြသနာ စသည့် လိပ်ခဲတင်းတင်း အခြေအနေတို့က အာဆီယံ ၏ အာဆီယံ + နိုင်ငံ အများအပြား နှင့် လေးစားခြင်း ရရှိခဲ့ခြင်းအပေါ်တွင် အရောင်မှိန်စေသည်။

သို့သော် အာရှ နှင့် ဥရောပသည် ယခင်ကထက် အာဆီယံ အပေါ်တွင် ပိုပြီး အာရုံစိုက်ခဲ့ကြသည် ။အမှန်စင်စစ် အာဆီယံသည် အမေရိကန် ယိမ်းသည့် သဘောထားရှိခဲ့ရာမှ

ဒေသတွင်း အင်အားကြီးတရုတ်နိုင်ငံ ဘက်သို့ ယခုနှစ်များအတွင်းအလေးသာလာခဲ့သည် ။ မည်သို့ပင်ဆိုစေကာမူ အာဆီယံသည် တရုတ်အင်အားလွမ်းလာမူ့ နှင့်

အမေရိကန်ပြည်ထောင်စု ၏ သြဇာကိုလည်း ရှောင်ဖယ်ချင်သည့် သဘောထားများကို မကြာခဏပြသတတ်သည်။ အာဆီယံတွင် မြန်မာနိုင်ငံ ၏ အခန်းဂဏ္ဍမှာလည်း

တဖြည်းဖြည်း ကျယ်ပြန့်လာမည့် အနေအထား ကိုရောက်ရှိလာခဲ့သည်။ မြန်မာနိုင်ငံကို တတ်နိုင်သမျှ ကူညီမည်ဆိုသည့် အာဆီယံ သဘောထားမှာ မြန်မာ့မိတ်ဖက်

နိုင်ငံကြီးနှင့် မြန်မာ့ဆန့်ကျင်ဘက် နိုင်ငံကြီးတို့၏ အင်အားအလွဲ အပြောင်း၊ အနေအထားပေါ်တွင်လဲ မူတည်နေမှာကတော့ သေချာလှပေသည် ။

မြန်မာပြည်တွင် လူဦးရေ သန်း၆၀ နီးပါးခန့်ရှိသည် ။ တရုတ်နိုင်ငံ ၏ လူဦးရေမှာသန်း ၁၃၀၀ ခန့်ရှိသည် ။မြန်မာနိုင်ငံသည် တရုတ်ပြည်၏လူဦးရေ ကိုမမှီ သို့သော်

တရုတ်တပြည်လုံး၏ သယံဇာတ ကိုမူကား မှီလေသည်။ လွန်ခဲ့သော ရာစုနှစ်များစွာကပင် တရုတ်တို့သည် မြန်မာနိုင်ငံကို စီးပွားရေးခြေဆန့်ခဲကြသည်၊ တရုတ်နီပြည်

ထူထောင်ခါစ က ကွန်မြူနစ်သဘောတရားခြေလှမ်းတို့ကိုလည်း ဗကပ နှင့်ချိတ်ဆက်ပြီး လှမ်းကြည့်ခဲ့ကြဖူးသည်။ အပေါင်ဆိုင် ၊ စားသောက်ဆိုင် ၊ဇိမ်ခန်း စသည့် စီးပွားရေး

လုပ်ငန်းရှင် တရုတ်တို့ မြန်မာစကား မပီတပီ ပြောသည်ကို မြန်မာတို့ရယ်ခဲ့ကြဖူးသည် ။ ယခု မြန်မာများ တရုတ်စကားမပီကလာ ၊ ပီကလာနှင့် တရုတ်ပြည် ၊တရုတ်လုပ်ငန်း

ရှင်များထံ တွင် အလုပ်လုပ်နေကြရသည် ။ အံ့သြောစရာ မရှိ ။ လက်ရှိ အနေအထားတွင် တရုတ်တို့သည် ယခင်ကလို မိမိကိုယ်မိမိ နှိမ့်ချ ဆက်ဆံနေစရာမလို ။ မြန်မာစကား

သင်စရာမလို ၊ မြန်မာနိုင်ငံတွင် တရုတ်စကားတတ်သော မြန်မာလူမျိုးစကားပြန်က တရုတ်ကြီး စီးပွားရေးကောင်းကောင်းလုပ်နိုင်အောင် အခငွေကြေးယူပြီးလမ်းညွန်ပေးလိမ့်မည် ။ ရာစုသစ်တရုတ်တို့သည် သူတို့ ယခင်က ကြွေးကျော်ခဲ့ကြသော ပြည်ကြီးသားစစ်စစ်များဖြစ်လာကြသည် ။ ယခင် က တရုတ်နှင့်မြန်မာသည် ဆွေမျိုးပေါက်ဖော်

ဆက်ဆံရေးဖြစ်သည် ။ ယခု ညီ နှင့် အကို ဆက်ဆံရေး ဖြစ်လာသည် ။ ဆက်ပြီး ဆရာတပည့် ဆက်ဆံရေးကိုဦးတည်နေသည် ။ ရှေ့လျှောက် မည်သို့ဖြစ်လာမည်ဆိုသည်

မှာ မြန်မာအစိုးရသစ်၏ ပေါ်လစီ ၊ ဒီပလိုမေစီ များနှင့် မြန်မာ နိုင်ငံတကာဆက်ဆံရေး ကောင်းသည် ၊ ဆိုးသည် ဆိုသည့်အလျှောက် သက်ရောက်မူ့ရှိနိုင်သည် ။



မေလ ၂၆ ရက်နေ့တွင် မြန်မာအစိုးရသစ် ၏ သမ္မတဦးသိန်းစိန် တရုတ်ပြည်ကို အစိုးရသစ်တရပ်၏ သမ္မတအဖြစ် ပထမဦးဆုံးအကြိမ် ချစ်ကြည်ရေးခရီးသွားသည်။

နောက် ရက်အနည်းငယ်အတွင်း အမေရိကန် ရီပတ်ပလင်ကန် အထက်လွတ်တော်အမတ် ဂျွန်မက်ကိန်းမြန်မာနိုင်ငံ ကိုချစ်ကြည်ရေးလာရောက်သည် ။သမ္မတဦးသိန်းစိန်

တရုတ်ပြည်ကိုသွားသည် နှင့် အမေရိကန်အမတ် မြန်မာနိုင်ငံလာသည်မှာ ရုတ်တရက်ကြည့်လျှင် ပတ်သက်ဆက်စပ်ဖွယ်ရာမရှိ ။သို့သော် ယနေ့ကမ္ဘာတွင်အရာအားလုံးမှာ

ချိတ် ၊ ချိတ်ခြင်း ချိတ်နေကြသည် ၊ အကြောင်းရှိသဖြင့် အကျိုးဖြစ်လာရသည် ။ အမေရိကန်ပြည်ထောင်စု သည် မြန်မာနိုင်ငံပြုပြင်ပြောင်းလဲ မူ့ဖြစ်လာစေရန် ၊ဒီမိုကရေစီ

ထွန်းကားစေရန် ရည်ရွယ်ချက်ဖြင့် စီးပွားရေးပိတ်ဆို့ထားသည်မှာ ဆယ်စုနှစ် နှစ်ခု နီးပါးရှိနေလေပြီ ။ မြန်မာနိုင်ငံသည် မြောက်ကိုရီးယားမဟုတ် ၊ ဆူဒန်မဟုတ် ၊ကျူဘား

မဟုတ် ။ သံယံဇာတ နှင့် ၀မ်းစာပြည့်ဝသော စိုက်ပျိုးရေးနိုင်ငံဖြစ်လေသည်၊ ပင်လယ်ထွက်ပေါက်ရှိသည် ။ ယူရို နှင့် အမေရိကန်၏ စီးပွားရေး ပိတ်ဆိုမူ့ကြောင့် ငတ်ပြတ်ပြီး

လူထုအုံကြွမူ့ ဖြစ်လာနိုင်ဖွယ်မရှိ ။ သို့သော် ခေတ်နောက်ကျကုန်သည်၊အသိပညာနောက်ကျကုန်သည် ၊ လူမူ့ပတ်ဝန်းကျင် အဆင့်ကျကုန်သည် ။ ထိုပြင် အမေရိကန်ကြောင့်

တရုတ်ပြည်နှင့် ပိုပြီးနီးကပ်သွားသည် ။ တနည်းအားဖြင့် တရုတ်မြန်မာ ရွှေလမ်း ငွေလမ်း ပေါက်ကုန်သည် ။ အမေရိကန် ၏ မြန်မာပြည်အပေါ်တွင် ကယ်တင်ရန်ဟူပြီး

ကမ်းလှင့်သောလက်သည် ၊ မြန်မာပြည်ကို ချောက်ကမ်းပါးထံ တွန်းပို့သောလက်ဖြစ်နေပြန်သည်။ ရေနစ်သူသည်ကောက်ရိုးတမျှင်ကိုပင် အသက်ရှင်ရန်လှမ်းဆွဲမိရိုးမှန်လျှင်

နိုင်ငံအတော်များများက ပိတ်ဆို့ထားသော မြန်မာနိုင်ငံအဖို့ တရုတ်ပြည်ကြီးသည် အသက်ကယ်ဗောကြီးပင်ဖြစ်လေတော့သည် ။၂၀၁၀/၁၁ တွင် အမေရိကန်နှင့် ယူရိုသည်

ထိုအချက်ကို သိသာထင်ရှားစွာ သဘောပေါက်လာသည် ။ သို့သော် မြန်မာပြည်သည် ဆေးလွန်နေလေပြီ ။လက်ရှိ မြန်မာပြည်သည် ပင်ကူအိမ်တွင် မိသော ပိုးဖလံ ကဲ့သို့

ဖြစ်နေလေပြီ ။ ရေနံ ၊ဓါတ်ငွေ့ ၊ကျောက်စိမ်း ၊ သစ်တောစည့် မြန်မာသယံဇာတ အားလုံးနှီးပါးကို ဘေဂျင်း က စာချူပ် နှင့်တကွ အုပ်စီးမိနေပြီဖြစ်သည် ။ ကျန်သော

သယံဇာတ များကိုလည်း ယူရို နှင့် အမေရိကန်က မြန်မာနိုင်ငံကို စီးပွားရေး မဖွင့်သမျှ ရယူရန် အချိန်ရှိသည်။

မြန်မာနိုင်ငံသည် နိုင်ငံခြားဝင်ငွေ ရရှိစေရန် သယံဇာတ များကိုရောင်းချသောနည်းလမ်းဖြင့် အများဆုံးဖြေရှင်းနေရသည်။ ယူရိုနှင့် အမေရိကန်က မြန်မာနိုင်ငံ ကို

စီးပွားရေး ပိတ်ဆို့ထားသည့် ဆယ်စုနှစ်များအတွင်း မြန်မာပြည်၏လိုအပ်ချက်များကို တရုတ်ကုပ္ပဏီများမှ တစတစ ၀င်ရောက်ဖြည့်စွက်ပေးခဲ့ကြသည်။တရုတ်ပြည်တခု

ထဲ ကိုမှ မဟုတ် ၊လာလာသမျှကုပ္ပဏီတို့ကို အလျှော့ပေးလက်ခံနေရသော အခြေအနေဖြစ်လေသည်။စီးပွားရေးပိတ်ဆို့ထားခြင်းခံရသော မြန်မာပြည်အဖို့ လာရောက်ရင်း

နှီးမြုပ်နှံသော နိုင်ငံခြားကုပ္ပဏီများကို အထက်စီးမှ နေပြီး စာချုပ်များချူပ်ဆိုရန် အခွင့်အလမ်းအလွန်နည်းပါးလေသည်။ များသော အားဖြင့် ရောင်းဝယ်တူးဖော်ရေးစာချုပ်

များချူပ်ဆိုသည့်အခါ မြန်မာနိုင်ငံ အဖို့ နစ်နာလှစွာ ၊ အကျိုးအမြတ်နည်းပါးစွာ ချူပ် ဆိုကြရသည်။ ယခု အချိန်တွင် တရုတ်ပြည်ရော ၊ အမေရိကန်ပြည်ထောင်စုရော

ယုံကြည်လို့မရ ။ ထိုနိုင်ငံကြီးများသည် သူတို့၏နိုင်ငံထက် မြန်မာနိုင်ငံကို ပိုပြီးစေတနာထားမည်မဟုတ် ။လတ်တလောတွင် ကျွနုပ် တို့၏ မိတ်ဆွေ တရုတ်တို့သည်

အိုးခွက်ပုဂံမှ စပြီး ရေနံ ၊သဘာဝဓါတ်ငွေ့ ၊သစ်တော့ ၊ ကျွန်းများ အထိ အပေါင်ခံ စာချုပ်များချူပ် နေသော်လည်း ၊ထိုအရာများကုန်သွားသည့်အခါတွင် မြန်မာပြည်ကို

ဆက်လက်ကူညီမည် ဟု ယူဆရန်မှာမူ ဖြစ်နိုင်ခြေနည်းလှသည် ။ ထိုကြောင့် နိုင်ငံ၏လိုအပ်ချက်များကိုသယံဇာတများအား ရောင်းချဖြည့်ဆည်းနေသည်ထက် လူ့စွမ်းအား

အရင်းအမြစ်ကို အသုံးချနိုင်ရန် မြန်မာတို့ ကျိုးစားရလိမ့်မည်ဖြစ်သည် ။ အဆင့်အတန်းရှိသော ပညာရေး ၊လူမူ့ရေး အင်စတီကျူ့များ ကို မြှင့်တင်ကြရလိမ့်မည် ။နိုင်ငံတကာ

နှင့် ယခုထက်ပိုမိုကောင်းမွန်သော ရလေးရှင်းရှစ်များကို တည်ထောင်ကြရမည်ဖြစ်သည် ။

၂၀၁၁ တွင် တရုတ်ပြည်သည် ယခင်ကလို နိုင်ငံရေးခြေလှမ်း စီးပွားရေးခြေလှမ်းတို့ ကို ပုန်းလျိုးကွယ်လျိုးမလှမ်းတော့ ပဲ ပြောင်ပြောင်ထင်ထင်ပင် လှမ်းလာသည်။

ယခင် က ဆိုဗီယက် အုပ်စုနှင့် ယူရို အမေရိကန် အုပ်စုတို့၏ စစ်အေးတိုက်ပွဲကာလကို ပြန်ပြီး အမှတ်ရစရာဖြစ်လာသည်။ ယခုတရုတ်ပြည်သည် ယခင်လိုတကောင်ကြွက်

မဟုတ်တော့ ၊ အပေါင်းအသင်းတပည့်လက်သားများ နှင့် သိုင်းဝိုင်းထားသောတရုတ်ပြည် ။ သမိုင်းရန်ကြွေးရှိသော ဂျပန် နှင့် တောင် ကိုရီးယားတို့ အမေရိကန်ကို ပိုပြီး

အလေးထားလာကြသည်။ အခြားတဖက်တွင်မူ မြန်မာ အစိုးရသစ်သည် တရုတ်ပြည်ထီးရိပ် နှင့် အာဆီယံ ဝေါယဉ်ကိုစီြး့ပီး ရှေ့ဆက်ရန် အသင့်ဖြစ်နေပေပြီ။ ယခင်က မေ့

ထားခဲ့ကြသော မြန်မာပြည်ကို ကမ္ဘာက သတိတရ ပြန်လှည့်ကြည့်လာကြသည် ။သို့သော် မြန်မာတို့အဖို့တွင်ကား မာန်တက်ရန်မသင့် ။အန္တရယ်ဟူသည် မြင်တတ်လျှင်

အလွန်နီးကပ် နေပြီဖြစ်သည် ။

ယခုနှစ်ပိုင်းတွင် တရုတ်စီးပွားရေးအင်ဂျင်သည် မိုင်ကုန်နှင် နေရသည်နှင့်အမျှ နွေးရာမှ ပူလာသည် ။ အမေရိကန် မှာလည်း တစတစအကျဖက်ရောက်

လာသည်။ တရုတ်ပြည်သည် စစ်အင်အား ၊စီးပွားရေးအင်အားတို့ဖြင့် နိုင်ငံတကာနှင့် ဒေသတွင်းကို သြဇာလွမ်းမိုးရန်ဦးတည်လာသကဲ့သို့ ၊အမေရိကန်သည်လည်းယခင်ကလို

ဓနဂုဏ် ၊ လက်နက်အင်အားဂုဏ်တို့ဖြင့်အရာရာကို ၀င်ရောက်စွက်ဖက်ရန်မစွမ်းတော့ ။ မကြာမှီ ကာလာအတွင်း စူပါပါဝါထွန်းသစ်စ နိုင်ငံနှင့် စူပါ ပါဝါ ယုတ်လျှော့စ

နှစ်နိုင်ငံ ၏ စီးပွားရေးအားပြိုင်ပွဲ ၊ စစ်ရေးအားပြိုင်ပွဲများတွင် မြန်မာ နှင့်တကွ ရေမြေအနေအထား မဟာဗျူဟာမြောက် နိုင်ငံများဝင်ရောက်ဆင်နွဲရန် အချိန်နီးကပ်လာပြီ

ဖြစ်လေတော့သည် ။

**မာဃလုလင် **
၎ . ၆ . ၂၀၁၁

1 comment:

  1. ကိုမာဃလုလင် ဆိုက်ကို ဒီတစ်ရက်နှစ်ရက်အတွင်းမှ သိရပါတယ် ဒါပေမယ့် အကို့ ဆိုက်က အရမ်းကောင်းတယ်ဗျ အကို့ရဲ့ အတွေးအမြင်တွေက အရမ်းကောင်းတယ် ဒီမို အကြောင်းရေးထားတာတွေဆို ပြင်သင့်တဲ့ကိစ္စတွေ ပုဂွိုလ်ရေး ဦးစားပေးတာတွေ ရေးထားတာ အ၇မ်းကောင်းတယ်ဗျ အခုလည်း မြန်မာပြည်ကို အရာရာ ပညာရေး အစစအရာရာ ကြိုးစားသင့်ကြောင်းကို ယှဉ်ပြရေးထားတာ အရမ်းကောင်းတာပဲဗျ ကျေးဇူးအများကြီးတင်ပါတယ်

    ReplyDelete