မဂ္ဂင်ကျောင်းမှ သံဃာများ အထုပ်လေးပိုက်၍ ကျောင်းမှ ထွက်ခွာပေးရ
 |
ဒီနေ့ မဂ္ဂင်ကျောင်းက ဆရာတော်တွေ အထုပ်ကလေး ကိုယ်စီဆွဲပြီး ကျောင်းပေါ်ကဆင်းသွားကြတာကို မြင်လိုက်ရတဲ့ မြင်ကွင်းဟာ စိတ်အထိခိုက်ရဆုံးပဲ။ သိပ်ရင်နာဖို့ကောင်းတယ်။ သာသနာကို စော်ကားလိုက်ပြန်ပြီ။ သံဃာတွေကို စော်ကား လိုက်ပြန်ပြီ။ သံဃာတွေကို ကျောင်းက မောင်းထုတ်လိုက်ကြပြီ။ သူတို့မှာ ဘာအပြစ်ရှိလို့လဲ။ |
 |
ဒီကနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့မှ ဆရာတော်များ၏ ဆုံးဖြတ်ချက်ဖြင့် သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ ရောက်ရှိလာပြီး မဂ္ဂင်ကျောင်းကို လာရောက်ချိပ်ပိတ်ခဲ့သည့်အတွက် မဂ္ဂင်ကျောင်းတွင် သီတင်းသုံး နေထိုင်နေသော သံဃာတော်များမှာ ချိပ်ပိတ်ထားသော မဂ္ဂင်ကျောင်းအတွင်းမှ ထွက်ခွာပေးခဲ့ရပုံ ဖြစ်ပါသည်။ |
No comments:
Post a Comment