Total Pageviews

Friday, March 2, 2012

တန်ဖိုး ကျပ် ၂သိန်းအောက် GSM ဖုန်းများ မတ်လ ၅ ရက်နေ့တွင် စတင်ရောင်းချမည်

တန်ဖိုး ကျပ် ၂သိန်းအောက် GSM ဖုန်းများ မတ်လ ၅ ရက်နေ့တွင် စတင်ရောင်းချမည်


 မတ်လ၅ရက်နေ့မှစတင်ကာတန်ဖိုးနည်းGSMဖုန်းများကို ရောင်းချပေးသွားမှာ ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ သိရသည်။
“လာမယ့် မတ်လ ၅ ရက်နေ့ကစပြီး စတင်ချပေးသွားမှာပါ။ အရေအတွက် ကတော့ကျွန်တော်တို့လည်းအတိအကျမပြောနိုင်သေးပါဘူး”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါဖုန်းများအားကျပ်ငွေတစ်သိန်းရှစ်သောင်းဖြင့် ရောင်းချပေးသွားမည်ဟု သိရသည်။ ထို့ပြင် မြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ဖြူးရောင်းချ ဖြစ်ကြောင်းနှင့် ဦးစွာ နေပြည်တော်နှင့် ရန်ကုန်တို့တွင် ၅ ရက်နေ့မှ စတင်ကာရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တန်ဖိုးနည်းဖုန်းများကိုOne stopservice ဖြင့်ရောင်းချပေး သွားမည်ဖြစ်ကြောင်းနှင့် တစ်ဆင့်ပြန်လည် ရောင်းချလိုသော ဆိုင်များအနေဖြင့် မြန်မာ့ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ထားသော ပုဂ္ဂလိကကုမ္မဏီ ၂၃ ခုတွင် ချိန်ဆက်ဝယ်ယူနိုင်ကြောင်း သိရသည်။
“သုံးသိန်းတန်းဖုန်းတွေကို ပြည်သူအများစုက မျှော်နေကြတာကြာပါပြီ။ အခုလို နှစ်သိန်းဝန်းကျင်နဲ့ ချပေးမယ်ဆိုတော့လည်း ဝမ်းသာရပါတယ်။ ဒါပေမယ့် အခြားပုဂ္ဂလိက ကုမ္ပဏီတစ်ခု ကျပ် ၅ ထောင်တည်းနဲ့ ရောင်းချပေးမယ်ဆိုတော့ ပြည်သူတွေမှာ ဇဝေဇဝါနဲ့ ဝယ်ရမလို၊မဝယ်ဘဲထပ်စောင့်ရမလိုဖြစ်နေကြပါတယ်”ဟု အသေးစားစက်မှုလုပ်ငန်း ပိုင်ရှင်တစ်ဦးဖြစ်သူ ဦးသိန်းထိုက်က ပြောသည်။
အဆိုပါ ဂျီအက်စ်အမ်ဖုန်းများ၏ နံပါတ်ကို၀၉-၄၂နံပါတ်မျာဖြင့်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဖုန်းများကို စတင်ရောင်းချပေးသည့်အချိန်မှ ခြောက်လအတွင်း MMS (Multiamedia Serfvice) စနစ်ကိုအသုံးပြုနိုင်အောင်စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
GSM ဖုန်းပြောဆိုခမှာ ယခင်နှုန်းထား အတိုင်း တစ်မိနစ် ကျပ် ၅၀ နှုန်း ဖြစ်ပြီး အင်တာနက် ချိတ်ဆက်နိုင်မည့် ဧရိယာအတွင်း အဆိုပါ GSM ဖုန်းနှင့် တွဲဖက်၍ အင်တာနက် ဝင်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း၊ အင်တာနက် အသုံးပြုရန်အတွက် ထပ်မံ လျှောက်ထားပါက ကျပ် ၁၀၀၀၀ ကျသင့်မည်ဖြစ်ပြီး အသုံးပြုခမှာ တစ်မိနစ်လျှင် လေးကျပ်နှုန်းဖြစ်ကြောင်း သိရသည်။
ဥာဏ်ဥာဏ် (မြစ်မခ)

2.3.2012 နေ့ဖတ်ရန်သတင်းများ

2.03.2012 နေ့ဖတ်ရန်သတင်းများ

[By Myanmar Journal ]
လှိုင်သာယာအလုပ်သမားများအတွက် အမိန့်ချ

ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုံ (၃)ရှိ တိုင်ရီ ဖိနပ်ချုပ် စက်ရုံ အလုပ်သမား တွေဟာ လစာငွေ တိုးရဖို့ မရမ်းကုန်း မြို့နယ်ရှိ ဝါနိစ္စ ပဋိပက္ခ ခုံရုံးကို တိုင်ကြားခဲ့ရာမှာ ခုံရုံးက ကြာသ ပတေးနေ့မှာ အမိန့်ချလိုက်ပါပြီ။
အဲဒီ ဆုံးဖြတ်ချက် အမိန့်မှာ အလုပ်သမား တွေအတွက် လစာ ၅ သောင်း တထောင်ပေးဖို့ ဆုံးဖြတ် ပေးခဲ့တယ်လို့ အလုပ်သမား ကိုယ်စား လှယ်တစ်ဦးက ပြောပါတယ်။
ဒါပေမယ့် ဒီလစာဟာ အရင်ရရှိခဲ့တဲ့ လစာနဲ့ သိပ်မကွာသလို အလုပ်သမားတွေ နှစ်ဆ တိုးတောင်းထားတဲ့ လုပ်ခလစာ ၈ သောင်းနဲ့စာရင် အများကြီး ကွာဟနေတယ်လို့ အလုပ်သမား တွေက ပြောပါတယ်။
ဒါကြောင့် အလုပ်သမားတွေက ကျေနပ်မှု မရှိလို့ ဥပဒေအရ ဆက်လက် တောင်းဆို ဆောင်ရွက် သွားမယ်လို့ အလုပ်သမား တွေရဲ့ ဥပဒေ အတိုင်ပင်ခံ ရှေ့နေ ကိုဖိုးဖြူက ဘီဘီစီကို ပြောပါတယ်။
တိုင်ရီ ဖိနပ်စက်ရုံဟာ အလုပ်ပိတ်ရက် တွေအတွက် အလုပ်သမားတွေဆီက ငွေဖြတ် တောက်တဲ့ အတွက် အလုပ်သမားတွေက ဖေဖော်ဝါရီ ၆ ရက် နေ့က စတင်ပြီး သတင်း ၂ ပတ် ကျော်ကြာ ဆန္ဒပြခဲ့ကြပါတယ်။
နာရီကြေး(၇၅) ကျပ်ကို (၁၅၀) တိုးပေဖို့ ရက်မှန်ကြေး (၆၀၀၀) ကို (၈၀၀၀) ပေးဖို့ တောင်းဆို ခဲ့ကြ ပါတယ်။
အလုပ်ရှင်ဘက်က နာရီကြေးကို (၁၀၀) ပေးပြီး ရက်မှန်ကြေးကို (၁၀၀၀) တိုးပေးခဲ့ တာကြောင့် တချို့ အလုပ်သမား တွေကတော့ အလုပ် ပြန်ဆင်းနေကြ ပေမယ့် အလုပ်သမား (၁၈၀၀) နီးပါးကတော့ သူတို့ရဲ့ တောင်းဆိုမှုတွေ မရမချင်း အလုပ်မဆင်းပဲ ဆက်လက် တောင်းဆိုသွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။

NLD အမတ်လောင်း တိုင်းကော်မရှင် ပယ်ချ

၁၉၉၀ ရွေးကောက်ပွဲနိုင် NLD အမတ်ကို ကော်မရှင်ပယ်ချ
ကသာခရိုင် မဲဆန္ဒနယ် အမှတ် ၇မှာ အမျိုးသား လွှတ်တော် အမတ်နေရာ အတွက် NLD က ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်း ဦးစောလှိုင်ကို တိုင်း ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချ လိုက်တယ်လို့ သိရပါတယ်။
ဦးစောလှိုင်ဟာ အသည်းရောဂါ ကုသဖို့ အိန္ဒိယနိုင်ငံ နယူးဒေလီကို ရောက်နေ တာကြောင့် ဦးစောလှိုင်ရဲ့ ကိုယ်စားလှယ် ဦးမြင့်ကြည်ကို ခရိုင်ကော်မရှင် ဥက္ကဋ္ဌက ခေါ်ပြီး ဦးစောလှိုင်ဟာ ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းနဲ့ မညီတဲ့ အတွက် ပယ်ချကြောင်း ပြောဆိုခဲ့တယ်လို့ ဦးမြင့်ကြည်က ပြောပါတယ်။
ဘာကြောင့် ပယ်ချတယ်ဆိုတာ ကော်မရှင်က မကြာခင် စာနဲ့ တရားဝင် အကြောင်း ကြားမယ်လို့ သိရပါတယ်။
ဦးစောလှိုင်ဟာ ၁၉၉၀ ရွေးကောက်ပွဲတုန်းက အင်းတော် မြို့နယ် NLD အမတ်အဖြစ် အနိုင်ရပြီး ဖြစ်လို့ ခု ပယ်ချခံရတဲ့ ကိစ္စကို ဥပဒေကြောင်း အရ ဆက်လက် ဆောင်ရွက် သွားမယ်လို့ သိရပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကတော့ ကြာသပတေး နေ့မနက်မှာ ရန်ကုန်ကနေ ဟဲဟိုးကို လေယာဉ်နဲ့ ရောက်လာပြီး အောင်ပန်းမှာ ထောင်သောင်းချီတဲ့ ပရိသတ်ကို ဟောပြောခဲ့သလို ကလောနဲ့ ဟဲဟိုးမှာလည်း မဲဆွယ် စည်းရုံး ခဲ့ပါတယ်။

နိုင်ငံခြားလှုပ်ရှားသူတွေ အီဂျစ်ကခွာ

ဒီမိုကရေစီရေး လှုပ်ရှားသူ ၁၇ ယောက် ကိုင်ရိုက ထွက်ခွာ
အမေရိကန် နိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသား ဒီမိုကရေစီရေး လှုပ်ရှားသူ ၁၇ ယောက်ကို အီဂျစ် အစိုးရက ကိုင်ရို လေဆိပ်က ထွက်ခွာခွင့် ပေးလိုက်လို့ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
သူတို့ ကိစ္စနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ အီဂျစ် အစိုးရတွေကြား အချင်းများ ခဲ့ကြရပါတယ်။
သူတို့ကို ပြည်ပက တရားမဝင် ငွေကြေး ရန်ပုံငွေ လက်ခံမှုနဲ့ တရားစွဲပြီး ဆူပူ မငြိမ် မသက် ဖြစ်အောင် လှုံ့ဆော်မှုနဲ့ စွပ်စွဲ ထားတာပါ။ တိုင်းပြည်ထဲက ထွက်လို့ မရအောင်လည်း ပိတ်ပင် ထားခဲ့ပါတယ်။
ဒီ ကိစ္စကြောင့် ၂ နိုင်ငံ ဆက်ဆံရေး အတော် အကျပ်ရိုက် သွားခဲ့ပြီး အမေရိကန်က အီဂျစ်ကို အကူအညီ ဖြတ်တောက်မယ်လို့ကို ခြိမ်းခြောက် ခဲ့တာပါ။ဒီလို ထွက်ခွာခွင့် ပေးလိုက်ပေမယ့် ဥပဒေ ကြောင်းအရတော့ ဆက်လက် ရင်ဆိုင် နေရ ဦးမှာပါ။သူတို့ကို မျက်ကွယ် တရားစီရင်ပြီး ပြစ်ဒဏ်ချမှတ် ခံရနိုင်ပါတယ်။ ပါဝင် ပတ်သက်နေတဲ့ အီဂျစ် နိုင်ငံသားတွေ ကတော့ ဆက်လက် အမှုဆိုင်ရ ဦးမှာပါ။

ကြက်ခြေနီ ဟုမ်းစ် ဝင်မည်

ဆီးရီးယား အတိုက်အခံ တပ်သားတွေ ဆုတ်သွားပြီးနောက် နာရီပိုင်း အတွင်း မှာပဲ အစိုးရ အဝိုင်းခံ နေရတဲ့ ဘာဘာ အမာ ရပ်ကွက်ထဲ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ကို ကနေ့ သောကြာနေ့မှာ ဝင်ခွင့် ပေးမယ်လို့ သိရပါတယ်။
သူတို့ကို အစားအစာ နဲ့ ဆေးဝါး ကယ်ဆယ် ရေး ပစ္စည်းတွေ သယ်ခွင့် ပေးပြီး ဒဏ်ရာရ နေသူတွေကို ကယ်ထုတ်ခွင့် ပေးတယ်လို့ ကြက်ခြေနီ အဖွဲ့က ဆိုပါတယ်။
အစိုးရတပ်တွေ ဒီနယ်မြေမှာ အင်အား အပြင်းအထန်သုံးပြီး ဝင်လာနေတယ်လို့ ဆီးရီးယား အတိုက်အခံ တွေက ဆိုပါတယ်။ဆီးရီးယားကို လူမှု ကယ်ဆယ်ရေး အကူအညီတွေ ဝင်ခွင့်ပေးဖို့ ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီက အားလုံး သဘောတူ တောင်းဆို လိုက်ကြပါတယ်။ဟုမ်းစ်မြို့လို နေရာတွေမှာ အရပ်သားတွေ ရင်ဆိုင် နေရတဲ့ အခြေအနေဟာ အင်မတန် ဆိုးရွား ယိုယွင်း နေတဲ့အတွက် ပူပန်မိကြောင်း လည်း ဖော်ပြ ထားပါတယ်။
ဒီ ကြေညာချက်ကို တရုတ်နဲ့ ရုရှကလည်း ထောက်ခံ ထားပါတယ်။ ဒါပေမယ့် ဆီးရီးယားကို ရှုတ်ချ အရေးယူဖို့ကိုတော့ ဒီနိုင်ငံတွေက ကန့်ကွက် နေဆဲ ဖြစ်ပါတယ်။ကုလသမဂ္ဂ လူမှု ကူညီရေး အကြီးအကဲ ဗယ်လာရီ အေးမို့စ်က ဝင်ခွင့် အကြိမ်ကြိမ် တောင်းပေမယ့် ဆီးရီးယား အစိုးရက နိုင်ငံထဲ ဝင်ခွင့် မပြုတာနဲ့ ပတ်သက်ပြီး တော့လည်း လုံခြုံရေး ကောင်စီက အင်မတန် စိတ်ပျက်မိကြောင်း ပြောဆိုပါတယ်။

နောက်ပြန် မလှည့်ဘူး လို့ သမ္မတ ပြော

အစိုးရ သက်တမ်းကာလ တနှစ် ပြည့်လာတဲ့ ကာလမှာ မြန်မာ သမ္မတ က နိုင်ငံ ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှု တွေ လုပ်ဆောင် နေတဲ့ လမ်းကြောင်း ကနေ နောက်ပြန် လှည့် သွားမှာ မဟုတ် ကြောင်း မတ်လ ၁ ရက် နေ့ က ထပ်မံ ပြောကြား လိုက် ပါတယ်။ပြည်ထောင်စုလွှတ်တော် တွင်း တနာရီ နီးပါး ပြောကြားသွားတဲ့ သမ္မတ ဦးသိန်းစိန် မိန့်ခွန်းထဲမှာ အားလုံးပါဝင် နိုင်တဲ့ နိုင်ငံရေး ဖြစ်စဉ် တခု ကို ဖော်ဆောင်နေတာ အပြင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ တွေ နဲ့ ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ အစိုးရ က ကြိုးစား နေတာ၊ နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးအောင် ကြိုးစားတဲ့ နေရာမှာ လည်း နိုင်ငံသား အားလုံး လူသား ဂုဏ်သိက္ခာ နဲ့ အညီ နေနိုင် စားနိုင် တဲ့ အားလုံးအတွက် တိုးတက်မှု ဖြစ်အောင် ကြိုးစားတဲ့ အခြေခံမူ ကို အစိုးရ က ချမှတ်ထား တာ စတာ တွေ ပါဝင်ပါတယ်။
တရားဥပဒေ စိုးမိုးရေး နဲ့ အကျင့်ပျက် လာဘ်စားမှု ပပျောက်ရေး ကို လည်း လုပ်ဆောင်သွားမယ့် အကြောင်း သမ္မတ က မိန့်ခွန်းထဲမှာ အာမခံထား ပါတယ်။သမ္မတရဲ့ အခု မိန့်ခွန်း က ဘက်ပေါင်းစုံ ကနေ အစိုးရ က အကောင်း တွေ လုပ်နေကြောင်း ပြလိုတဲ့ အနေနဲ့ အသေအချာ ရေးသား ပြင်ဆင် ခဲ့တာ လို့ အများ က သုံးသပ်ကြ ပါတယ်။ထာဝရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး နဲ့ ပတ်သက်လို့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်း တွေ နဲ့ အစိုးရ က ဆွေးနွေး လုပ်ဆောင် နေတဲ့ နေရာမှာ အဆင့် ၃ ဆင့်ထား ပြီး လုပ်ဆောင် နေကြောင်း နဲ့ ပြည်နယ် အဆင့် မှာ အပစ်အခတ် ရပ်စဲရေး လုပ်ဆောင် ပြီးရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတိုင်း နိုင်ငံ မှာ စစ်တပ် တခုတည်း ရှိရေး နဲ့ အခြေခံ ဥပဒေ ကို ပြင်ဆင်ချင်ရင် လွှတ်တော် က တဆင့် ပြင်ဆင်တဲ့ လမ်းကြောင်း ကို လုပ် ကြဖို့ သမ္မတ က လမ်းညွှန်ထား ပါတယ်။
ဒါမှ ဒုတိယ အဆင့် ပြည်ထောင်စု အစိုးရ အဆင့် နဲ့ နောက်ဆုံး လွှတ်တော် အဆင့် မှာ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက် နိုင်မှာ ဖြစ်ကြောင်း သူ ပြောသွား ပါတယ်။ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ က ပြောခွင့်ရ ပုဂ္ဂိုလ် ခွန်ဥက္ကာ က သူတို့ အနေနဲ့ လွှတ်တော် တွင်း ပြည်ထောင်စု အရေး ပြောဆိုနိုင် ဖို့ ပထမ အဆင့် အနေ နဲ့ ကြိုးပမ်းသွား နိုင်မယ် လို့ မျှော်လင့် ထား ကြောင်း နဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ က စစ်မှန်တဲ့ ပြည်ထောင်စု ပေါ်ထွန်းရေး အတွက် အကန့်အသတ် ဖြစ်နေတာ ကြောင့် ပြင်ဆင်သွား ဖို့ လိုအပ် တယ် လို့ တုန့်ပြန် ပါတယ်။အစိုးရ အတွင်း ခေါင်းမာဂိုဏ်း အပြော့ ဂိုဏ်း ဆိုတဲ့ ကွဲပြားမှု တွေ မရှိကြောင်း နဲ့ စစ်တပ် အပါအဝင် သူတို့အားလုံး က ကြီးလေး တဲ့ အသွင်ကူးပြောင်းရေး တာဝန် ကို ထမ်းရွက် နေကြကြောင်း သမ္မတ က အခု မိန့်ခွန်း ထဲမှာ ပြောကြား ခဲ့ပေမယ့် ဒီ ကွဲပြားမှုတွေ မရှိပါဘူး ဆိုတဲ့ အချက်အပေါ် မယုံကြည် ကြသူ အများအပြား ရှိနေ ပါတယ်။
လွှတ်တော်တွင်း သဘောထား
သမ္မတ မိန့်ခွန်းထဲမှာ ပင်လုံစိတ်ဓာတ်နဲ့အတူ ငြိမ်းချမ်းရေးစကားတွေ ပြောတဲ့အပေါ် လွှတ်တော် အမတ်တွေကတော့ ကျေနပ်မှု ဖြစ်ကြပေမယ့် သမ္မတရဲ့ လွှတ်တော်တွင်း ပြောတဲ့ မိန့်ခွန်းမှာ လွှတ်တော်ဘက်က တင်ပြဆွေးနွေးထားတဲ့ အချက်တွေ သိပ်မပါတာကိုတော့ အားမရကြဘူးလို့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က ပြောပါတယ်။ဘတ်ဂျက် ကိစ္စလိုမျိုးမှာ အစိုးရရဲ့ လုပ်ဆောင်မှုတွေက အရင်အစိုးရပုံစံနဲ့ သိပ်မကွာတဲ့ သဘောတွေ တွေ့နေရတယ်လို့ သူက ပြောပါတယ်။

ဆီးရီးယား တိုက်ပွဲ ပြင်းထန်

ဆီးရီးယား အစိုးရတပ်တွေဟာ ဟုမ်းစ်မြို့က ဘာဘာအမာ ရပ်ကွက်ကို အပြင်းအထန် ဗုံးကြဲပြီး ချီတက် နေတယ်လို့ သတင်းရရှိ ပါတယ်။နာရီပိုင်း အတွင်း အတိုက်အခံ တပ်သားတွေကို ချေမှုန်း ပစ်နိုင်မယ်လို့ အစိုးရ အရာရှိ တွေက ဆိုပါတယ်။အတိုက်အခံ တွေကတော့ ဆီးရီးယား လွတ်မြောက်ရေး တပ်သားတွေက အစိုးရ ထိုးစစ်ကို တွန်းလှန် နိုင်ခဲ့တယ် လို့ ဆိုပါတယ်။ဟုမ်းစ် မြို့ ဒေသခံ တွေက ကယ်ဆယ်ရေး အင်တာနက် စာမျက်နှာ တွေကို အကြိမ်ကြိမ် ဆက်သွယ်ပြီး အကူအညီပေးဖို့ တောင်းခံနေကြပါတယ်။
ကုလ သမဂ္ဂ လူမှု ကူညီရေး အကြီးအကဲ ဗယ်လာရီ အေမို့စ်ကို ပြည်ဝင်ခွင့် ပေးဖို့ ငြင်းပယ် လိုက်ပြီးနောက် ဆီးရီးယား တပ်တွေ ထိုးစစ် ဆင်လာတာ ဖြစ်ပါတယ်။

ALD နဲ့ SNLD မှတ်ပုံတင်ရေး စတင်ပြီ

By မသိင်္ဂီထိုက်
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က တနင်္လာနေ့မှာ နိုင်ငံရေးပါတီအဖြစ်နဲ့ မှတ်ပုံတင်ခွင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံကို တင်လိုက်ပါတယ်။ ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ် အဖွဲ့ဝင် တခြား နိုင်ငံရေး ပါတီတွေလည်း ပါတီအဖြစ် မှတ်ပုံတင်ဖို့ ပြင်ဆင်နေကြတာပါ။ နိုင်ငံရေးလုပ်ငန်းတွေ ဆက်ပြီးလုပ်ဖို့အတွက် တရားဝင်ပါတီအဖြစ်နဲ့ ဆက်ပြီး မှတ်ပုံတင်ဖို့ကလွဲလို့ တခြား နည်းလမ်းမရှိလို့ အခုလို မှတ်ပုံတင်ရတာလို့ ဖျက်သိမ်းခံထားရတဲ့ တိုင်းရင်းသား ပါတီတွေက ပြောကြပါတယ်။ ဒီအကြောင်းကိုတော့ မသိင်္ဂီထိုက်က တင်ပြထားပါတယ်။
ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ (UNA) အဖွဲ့ဝင်တစ်ခုဖြစ်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) က ၁၉၉၁ ခုနှစ်မှာ ဖျက်သိမ်းခံထားရတဲ့ နိုင်ငံရေးပါတီ ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံဘဲ ၂၀၁၀ ရွေးကောက်ပွဲကို ကျောခိုင်းခဲ့တဲ့ ပါတီတစ်ခုအနေနဲ့ အခုမှ ပြန်ပြီး မှတ်ပုံတင် စာရင်းပေးသွင်းတာနဲ့ ပတ်သက်လို့တော့ ပါတီရဲ့ ယာယီဥက္ကဋ္ဌ ဦးသာဘန်းက အခုလို ပြောပါတယ်။
“ကျနော်တို့ပါတီက ၁၉၉၁ ခုနှစ်မှာ အဖျက်ခံရတယ်။ ဒါပေမဲ့ ကျနော်တို့က ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ဆက်လက် လှုပ်ရှားကြတယ်ပေါ့ဗျာ။ မှတ်ပုံတင်တော့ မရှိဘူးပေါ့။ NLD ကလည်း ပြန်လည် မှတ်ပုံတင်တယ် ဆိုတော့ ကျနော်တို့လည်း ပြန်လည် မှတ်ပုံတင်ပါတယ်။ ကျနော်တို့မူက တိုင်းရင်းသား ခေါင်းဆောင်တွေ မလွတ်သ၍ ၈၈ ကျောင်းသားများ အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ၊ သံဃာတော်များ မလွတ်သ၍ ကျနော်တို့ မှတ်ပုံမတင်ဘူးဆိုတာ ဆုံးဖြတ်ပါတယ်။ အဲဒီ ဆုံးဖြတ်ချက်အတိုင်း ကျနော်တို့ နေခဲ့ပြီးတော့ အခုတော့ အကျဉ်းသားပုဂ္ဂိုလ်တွေ လွတ်လာတော့ ကျနော်တို့ မှတ်ပုံတင်တော့ဖို့ လုပ်ပါတယ်။ ဒါကြောင့်မိုလို့ နေပြည်တော်ကို မနေ့ကသွားပြီးတော့ ကျနော်တို့ဘက်က ရဲဘော်နှစ်ဦးဖြစ်တဲ့ ဦးကျော်မြင့်နဲ့ ဦးမျိုးကျော်တို့ သွားရောက်ပြီးတော့ မှတ်ပုံတင်ခဲ့ပါတယ်။”ဖျက်သိမ်းခံထားရတဲ့ ပါတီရဲ့ နံမည် တံဆိပ် အလံတို့ကို ပြန်ပြီး သုံးစွဲထားတဲ့ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်က ပါတီ မှတ်ပုံတင်ခွင့် ရလာရင် ပါတီရဲ့ ဖွဲ့စည်းပုံကို ပြန်လည် စည်းဝေးဆုံးဖြတ်မယ်လို့လည်း ဆိုပါတယ်။တချိန်တည်းမှာပဲ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကလည်း ပါတီခေါင်းဆောင်တွေ အကျဉ်းထောင်က ပြန်လည် လွတ်မြောက်လာပြီးတဲ့နောက်မှာ ပြန်လည် မှတ်ပုံတင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ လာမယ့် သီတင်းပတ်ထဲမှာ မှတ်ပုံတင်မှာ ဖြစ်တယ်လို့ ပါတီရဲ့ ပြောခွင့်ရ ဦးစိုင်းလိတ်က ပြောပါတယ်။“ရွေးကောက်ပွဲ ကာလတုန်းက ကျနော်တို့ မှတ်ပုံမတင်ဘူး ဆိုတာက ကျနော်တို့ တစ်အချက် ကျနော်တို့ရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ ဥက္ကဋ္ဌ ခွန်ထွန်းဦး၊ အတွင်းရေးမှူး စိုင်းညွန့်လွင် ထောင်ထဲမှာ ရောက်နေတယ်။ အဲဒီအချိန်တုန်းက ပါတီ မှတ်ပုံတင်ခြင်း နည်းဥပဒေမှာလည်း ထောင်ကျနေတဲ့ ပုဂ္ဂိုလ်တွေကို ပါတီထဲ ၀င်ခွင့်မပြုဘူးဆိုတာတွေလည်း ရှိတယ်လေ။ ဒီအချက်တွေကြောင့် မိုလို့ ကျနော်တို့ မှတ်ပုံတင်ဖို့ ငြင်းပယ်ခဲ့တယ်။ ပြီးတော့ တခါ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျနော်တို့ လက်မခံလို့၊ အဲဒီရဲ့ အရင်းခံ အမျိုးသားညီလာခံကို ဆန့်ကျင်တဲ့ အတွက်ကြောင့်မိုလို့ ကျနော်တို့ ခေါင်းဆောင်တွေက ဖမ်းဆီးခံရတယ်လေ။ အဲဒီကိစ္စတွေကြောင့်မိုလို့ ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း ကျနော်တို့ လက်မခံဘူး။ referendum ကိုလည်း ကျနော်တို့ ကန့်ကွက်တယ်။ ဆန့်ကျင်တယ်။ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ကျောပေးခဲ့တယ်ပေါ့ဗျာ။ အခု အခြေအနေမှာတော့ ဘာဖြစ်လို့ ကျနော်တို့ အဲဒီလို လုပ်ရလဲဆိုတော့ နိုင်ငံရေး လုပ်မယ်ဆိုလို့ရှိရင် လွှတ်တော် နိုင်ငံရေး လမ်းကြောင်းကလွဲပြီးတော့မှ၊ ပါတီ မှတ်ပုံတင်ပြီး လုပ်ဖို့ကလွဲလို့ တခြား လုပ်စရာ နည်းလမ်းမရှိဘူး။ ပြည်သူလူထု အကျိုးရှိရာရှိကြောင်း နိုင်ငံရေးလုပ်မယ်ဆိုရင် မှတ်ပုံတင်မှသာလျှင် လုပ်ခွင့်ရတော့မယ့် အနေအထားရောက်လို့ မှတ်ပုံတင်ရခြင်း ဖြစ်ပါတယ်။”ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ် အဖွဲ့ဝင် တိုင်းရင်းသားပါတီတွေ ဖေဖော်ဝါရီလ တတိယပတ်အတွင်းက တရားဝင် ပါတီအဖြစ် မှတ်ပုံတင်ကြရေး ဆွေးနွေးခဲ့ကြပြီး နောက်ထပ် ဆက်ပြီး မှတ်ပုံတင် စာရင်းပေးသွင်းမယ့် ပါတီတွေလည်း ရှိနေတယ်လို့ ဦးစိုင်းလိတ်က ပြောပါတယ်။“အသီးသီးသော ပါတီတွေက အဆင်ပြေတဲ့အချိန်မှာ မှတ်ပုံတင်ကြဖို့ကို အဆိုပြုကြတယ်။ အခု အနေအထား အရဆိုရင် ဇိုမီး တင်မယ်၊ ALD ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်က တင်မယ်ပေါ့ဗျာ။ တခါ ကျနော်တို့ ရှမ်း တင်မယ်၊ နောက် မွန်ကလည်းပဲ တင်နေပြီ။ ဆိုတော့ အနည်းဆုံး လေးပါတီကတော့ ဆက်လက် တင်ကြဖို့ကို အားလုံး ဆန္ဒပြုနေကြပါပြီ။”
အခု ပြန်ပြီး မှတ်ပုံတင် လျှောက်ထားကြမယ့် တိုင်းရင်းသားပါတီတွေဟာ ၁၉၉၁ ခုနှစ် စစ်အစိုးရ လက်ထက်က ဖျက်သိမ်းခံထားရပြီး ဆယ်စုနှစ် နှစ်ခုကျော် တရားမ၀င် နိုင်ငံရေးပါတီတွေအဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့အတူ ရပ်တည်ခဲ့ကြတဲ့ ပါတီတွေ ဖြစ်ပါတယ်။ အခုလို ဖျက်သိမ်းခံ တိုင်းရင်းသားပါတီတွေ အနေနဲ့ မှတ်ပုံတင် ပြန်လည် လုပ်ဆောင်ရတာကလည်း တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ၈၈ ကျောင်းသား ခေါင်းဆောင်တွေကို အစိုးရက ပြန်ပြီး လွှတ်ပေးတာအပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က နိင်ငံရေးပါတီအဖြစ် ပြန်ပြီး မှတ်ပုံတင်တာကြောင့်လည်း ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။
 
မြောက်ကိုရီးယား ကန့်ကွက်တဲ့ စစ်ရေးလေ့ကျင့်မှု ကန်နဲ့ တောင်ကိုရီးယား စတင်
By ဗွီအိုအေ (မြန်မာဌာန)
တောင်ကိုးရီးယားနဲ့ အမေရိကန် နိုင်ငံတို့ရဲ့  နှစ်နိုင်ငံ နှစ်စဉ် ပူးတွဲစစ်ရေး လေ့ကျင့်မှုကို တနင်္လာနေ့မှာ စတင်လိုက်ပါတယ်။ ဒီလေ့ကျင့်မှုကနေ သူ့ရေပိုင်နက်ကို ထိပါးလာရင် စစ်ပွဲတစ်ခု ဆင်နွှဲရလိမ့်မယ်လို့ မြောက်ကိုရီးယားနိုင်ငံက ရာဇသံပေးထားတဲ့ ကြားက အခု စစ်ရေးလေ့ကျင့်မှုကို စတင်လိုက်တာပါ။
တောင်ကိုးရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောခွင့်ရသူ ကတော့ ဒီလေ့ကျင့်မှုဟာ ပုံမှန်ဖြစ်ပြီး မနှစ်က လေ့ကျင့်မှုနဲ့ အင်အားအရွယ်အစားရော၊ အနေအထားပါ တူညီတယ်လို့  ရှင်းလင်း ပြောဆိုပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင်သစ်ဖြစ်တဲ့ ထိပ်တန်း စစ်ဦးချုပ် ကင်မ်ဂျုံအွန် (Kim Jong Un) က စစ်ပွဲအတွက် ပြင်ဆင်ထားဖို့ ရှေ့တန်း တပ်ဖွဲ့တွေကို ကိုယ်တိုင် ညွှန်ကြား ထားတယ်လို့ မြောက်ကိုရီးယား အစိုးရ သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။
ဒါပေမဲ့ မြောက်ကိုရီးယားမှာ ပုံမှန်မဟုတ်တဲ့ စစ်ရေးလှုပ်ရှားမှု နဲ့ ပတ်သက်တဲ့ အခြေအနေ တစ်စုံတစ်ခုမှ ခုထိ မတွေ့ရသေးဘူးလို့ သုံးသပ်ကြပါတယ်။

ယူနန် မိုးခေါင်မှု လူ သုံးသန်းကျော် သောက်ရေပြတ်
By ဗွီအိုအေ (မြန်မာဌာန)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်နယ်ထဲက စိုက်ပျိုးမွေးမြူရေးကို အားထားနေရတဲ့ ဒေသခံ သုံးသန်းကျော်ဟာ သုံးနှစ်ဆက်တိုက် မိုးခေါင်ရေရှားတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတာမို့ သောက်သုံးရေ ရဖို့တောင်အခက်တွေ့နေရတယ်လို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။
ယူနန်နယ်ထဲက သစ်တောမြေ ဟက်တာ တစ်သိန်းသုံးသောင်း ကျော်ဟာ အခုလောလောဆယ်မှာ တောမီး လောင်ကျွမ်းမှုနဲ့ ရင်ဆိုင်နေရသလို  တောမီး အန္တရာယ် အခြေအနေ ပိုပြီး ဆိုးရွားလာနိုင်တာ တွေ့နေရတဲ့ အပြင် ကောက်ပဲသီးနှံ ဟက်တာ သိန်းကျော်ဟာလည်း ရေကောင်းကောင်း မရတဲ့အတွက် ညှိုးခြောက် လာနေတယ်လို့  ယူနန်အာဏာပိုင်တွေရဲ့ ပြောကြားချက်တွေကို ကိုးကားပြီး တရုတ်အစိုးရ သတင်းတွေမှာ ဖော်ပြကြပါတယ်။
Weishan ပြည်နယ်ထဲက Xihe မြစ်ပြင် ခြောက်သွေ့နေတာကို တရုတ်နိုင်ငံက ရုပ်မြင်သံကြားတွေမှာ ပြနေပါတယ်။ ဒေသတွင်းက ရွာတစ်ရွာမှာရှိတဲ့ မွေးမြူရေး တောင်သူ သုံးပုံတစ်ပုံလောက်ဟာ သူတို့ မွေးမြူထားတဲ့ ကြက် ဘဲ ၀က်တွေကို ရေကောင်းကောင်း မတိုက်နိုင်တဲ့အတွက် ရောင်းပစ်ခဲ့ရတယ် လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်းက ရေလှောင်ကန် အသေး ၄၀၀ ကျော်လောက်မှာ ရေခန်းနေသလို မြစ်ချောင်းငယ်လေးပေါင်း ၂၄၀ လောက်ဟာလည်း ရေမရှိကြဘူးလို့ မိုးခေါင်ရေရှားမှု ဆိုင်ရာ ကယ်ဆယ်ကူညီရေး အရာရှိတွေက ပြောပါတယ်။

ရန်ကုန် ရွှေဂက်စ် လှုပ်ရှားသူများ ခံဝန် လက်မှတ်ထိုးရ

ခင်ဦးသာ on March 1, 2012
နိုင်ငံတကာ ရွှေဂက်စ် လှုပ်ရှားမှုနေ့ အနေနှင့် ယနေ့၌ ရခိုင်ပြည်နယ်တွင် တည်ဆောက်နေသော ရွှေဂက်စ် စီမံကိန်းရပ်ဆိုင်း ရေး လှုပ်ရှားမှုကိုရန်ကုန်မြို့တိုင်းရင်းသား ကျေးရွာ၌ပြုလုပ်ရာ ဒေသဆိုင်ရာ အာဏာပိုင်များက ခေါ်ယူစစ်ဆေးမေးမြန်း၍ ခံဝန်ကတိ လက်မှတ်ထိုးခိုင်းကြောင်း သိရသည်။
“နိုင်ငံတကာ ရွှေဂက်စ်နေ့ အထိမ်းအမှတ်အဖြစ် လုပ်မယ်ဆိုရင်လည်းပဲ မှတ်ပုံတင်ဖို့၊ မှတ်ပုံမတင်ဘူးဆိုရင် ဥပဒေအရ အရေး ယူနိုင်တယ်ဆိုတဲ့ သဘောမျိုး ရှင်းပြတယ်၊ အဖွဲ့ထဲက ၉ ယောက် လက်မှတ်ထိုးပေးခဲ့ရတယ်”ဟု လှုပ်ရှားမှု၌ ပါဝင်သူ မမာမာ က ဆိုသည်။ရန်ကုန်မြို့ရှိ အဖွဲ့အစည်းတချို့မှ တိုင်းရင်းသားပေါင်းစုံ လူငယ်များစုပေါင်း၍ ရွှေဂက်စ်လှုပ်ရှားမှု စာတန်းပါ တီရှပ်များ၊ ရွှေ ဂက်စ်မှ ထုတ်ပြန်ထားသည့် စာရွက် စာတမ်းများ၊ လက်ကမ်းစာစောင်များကို ဖြန့်ဝေသည့်အတွက် တိုင်းရင်းသားကျေးရွာအုပ်ချုပ်ရေးမှူး၊ သာကေတမြို့နယ် ရဲ စခန်းမှ စခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်၂၀ ၀န်းကျင်တို့က အုပ်ချုပ်ရေးရုံးသို့ ခေါ်ယူစစ်ဆေး မေး မြန်း၍ နောက် တကြိမ်ပြုလုပ်မည်ဆိုပါက ကြိုတင်မှတ်ပုံပြီး ခွင့်ပြု ချက်ယူပါမည့်အကြောင်း လက်မှတ်ထိုးခိုင်းခြင်း ဖြစ်သည် ဟု မမာမာက ပြောပြသည်။ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ တည်ဆောက်နေသော ရွှေဂက်စ် စီမံကိန်း ရပ်တန့်ပေးရေး ဆန္ဒပြလှုပ်ရှားမှုကို ပြည်ပတွင် လည်း ပြုလုပ်သည်။ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် ချင်းမိုင်မြို့ အပါအ၀င် ဖိလစ်ပိုင်၊ ကိုရီးယား၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ် စသည့် နိုင်ငံပေါင်း၂၀ တွင် ဆန္ဒပြလှုပ်ရှားမှုများ ပြုလုပ်ကြမည်ဖြစ်ပြီး အဖွဲ့အစည်းပေါင်း ၁၃၀ ကလည်း ရွှေဂက်စ် စီမံကိန်း ရပ်ဆိုင်းပေးရေးနှင့် ပတ်သက်သည့် အိတ်ဖွင့်ပေးစာ တစောင်ကို သမ္မတ ဦးသိန်းစိန် ထံသို့ ပေးပို့ခဲ့သည်ဟု ရွှေဂက်စ် လှုပ်ရှားမှု အဖွဲ့တာဝန်ခံ ကိုဝင်းအောင် က ပြောသည်။“သမ္မတက ဧရာဝတီ မြစ်ဆုံ စီမံကိန်း၊ ထားဝယ်ဒေသက ကျောက်မီးသွေး စက်ရုံတို့ကို ပြည်သူတွေတောင်းဆိုတဲ့အတိုင်း ရပ် တန့်ပေးခဲ့တဲ့အတွက် ရွှေဂက်စ် စီမံကိန်းကိုလည်း ဆိုင်းငံ့ ထားပေးဖို့ တောင်းဆိုရတာပါ”ဟု ကိုဝင်းအောင် က ဆိုသည်။ဘန်ကောက်မြို့၌ ရခိုင် အဖွဲ့အစည်းများ ဦးဆောင်၍ ယနေ့ နံနက်ပိုင်းက မြန်မာသံရုံးရှေ့တွင် လူအင်အား ၁၅၀ ခန့် ဆန္ဒပြ ခဲ့ကြပြီး ချင်းမိုင်မြို့တွင်လည်း တရုတ် ကောင်စစ်ဝန်ရုံးရှေ့သို့ သွားရောက်၍ ရွှေဂက်စ် လှုပ်ရှားမှုအဖွဲ့က ဆန္ဒပြကြသည်။ ရွှေဂက်စ် လှုပ်ရှားမှု အဖွဲ့က တရုတ် အစိုးရသို့ ရွေဂက်စ် စီမံကိန်း ရပ်ဆိုင်းရေးနှင့် ပတ်သက်သည့် စာတစောင်ကိုလည်း ချင်းမိုင် ကောင်စစ်ဝန်ရုံးမှတဆင့် ပေးပို့လိုက်သည်။“ရခိုင်ကနေ မြန်မာပြည် အလယ်ပိုင်းနဲ့ ရှမ်းပြည်ကို ဖြတ်ပြီး တရုတ်ပြည်အရောက် ဖောက်လုပ်နေတဲ့ ပိုက်လိုင်းကလည်း လမ်း တလျှေက်က ပြည်သူတွေရဲ့ ဘ၀တွေကို ထိခိုက်စေပါတယ်။ ဒါကြောင့် ရပ်တန့်ပစ်ဖို့ ကျနော်တို့ လာရောက် ကန့်ကွက် ဆန္ဒပြကြ တာ ဖြစ်ပါတယ်”ဟု ဘန်ကောက် မြန်မာသံရုံးရှေ့ဆန္ဒပြ ဦးဆောင်သူတဦးဖြစ်သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ထိုင်းဌာနခွဲ) ဥက္ကဌ ကိုအံ့မောင်ကလည်း ပြောသည်။ရွှေဂက်စ် လှုပ်ရှားမှုကို မြန်မာပြည်တွင်း၌ ရခိုင်ပြည်နယ် ကျောက်ဖြူ၊ စစ်တွေ နှင့် ရန်ကုန်မြို့တို့တွင် ပြုလုပ်ကြကြောင်း သိရ သည်။ကျောက်ဖြူမြို့၌ လူငယ် ၈၀ ၀န်းကျင်သည် ရွှေဂက်စ် ဆန့်ကျင်ရေးလှုပ်ရှားမှု စာတန်းပါ တီရှပ် အင်္ကျီများဝတ်ဆင်၍ မြို့ပေါ်မှ ဂက်စ် ပိုက်လိုင်း စီမံကိန်းများ တည်ဆောက်ရာ နေရာများသို့ ချီတက်ခဲ့ကြကြောင်း လှုပ်ရှားမှုတွင်ပါဝင်သူတဦးက ပြောသည်။
ကျောက်ဖြူမြို့ခံ နိုင်ငံရေးပါတီများ ဖြစ်သော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)တို့ မှ လူငယ်များ ပါဝင်ကြောင်း သိရသည်။ရွှေဂက်စ်ပိုက်လိုင်း ဖြတ်သန်းရာလမ်းကြောင်းတွင် ပါဝင်သည့် ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာအများ အပြားနှင့် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်များရှိ ဒေသခံများ၏ လယ်ယာမြေများ ဆုံးရှုံးမှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု၊ သဘာဝ ပတ်ဝန်း ကျင် ထိခိုက်မှုများကြောင့် စီမံကိန်းရပ်တန့်ပေးသင့်ကြောင်း ရွှေဂက်စ်၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ရွှေဂက်စ်စီမံကိန်းနှင့်ဆက်စပ်နေသည့် လုပ်ငန်းတချို့သည် ၈၀ ရာခိုင်နှုန်းနီးပါးပြီးစီးနေသည်ဟုသိရပြီး ဂက်စ် ပိုက်လိုင်းသွယ် တန်းရာတွင်ပါဝင်သည့် ပင်လယ်ပြင်ရှိ သဘာဝ သန္တာ ကျောက်တန်းကြီးများအား မိုင်းခွဲဖျက်ဆီးလိုက်ပြီဖြစ်ကြောင်း ကျောက် ဖြူ ဒေသခံများက ပြောသည်။
ရွှေဂက်စ် စီမံကိန်းမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို၂၀၁၃ ခုနှစ်တွင် စတင်၍ ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ယူနန်ပြည် နယ် သို့ ပို့လွှတ်တော့မည် ဖြစ်ကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံ သဘောတူစာချုပ်အရ မြန်မာအစိုးရသည် ရွှေဂက်စ် စီမံကိန်း မှ နှစ်ပေါင်း ၃၀ အတွင်း အမေရိကန် ဒေါ်လာ ၂၉ ဘီလီယံ ရရှိမည်ဖြစ်ကြောင်း သိရသည်။
ဘစောတင် ပူးပေါင်း ရေးသားသည်။

ကြိုတင်မဲကိစ္စ ရှင်းလင်းသော ထုတ်ပြန်ချက် မရှိသေး

ဧရာဝတီ on March 1, 2012
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြိုတင်မဲနှင့် ပတ်သက်ပြီး ရှင်းလင်းတိကျသော ထုတ်ပြန်ချက်များမရှိသေးကြောင်း ရန်ကုန် တိုင်း လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ စောနိုင်က ပြောသည်။
လာမည့် ဧပြီ ၁ ရက်နေ့ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင်၂၀၁၀ ရွေးကောက်ပွဲကဲ့သို့ ကြိုတင်မဲများ ကောက်ခံ အနိုင်ယူ သည့် နည်းလမ်းအသုံးပြုမည့် အရိပ်အရောင်များ တွေ့မြင်နေရကြောင်း ၄င်းက ဆိုသည်။
“ကြိုတင်မဲနဲ့ပတ်သက်လို့ ရွေးကောက်ပွဲဆိုင်ရာဥပဒေမှာ ပြဋ္ဌာန်းချက်တွေက ရှင်းလင်းမှုမရှိဘူး။ ကြိုတင်မဲပေးနိုင်တဲ့ အမျိုးအစား ခုနစ်မျိုး ရှိတယ်ဆိုတာရယ်၊ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ကျင်းပမယ့်ရက် မတိုင်မီကြိုတင်မဲ ကောက်ခံနိုင်တယ်ဆိုတဲ့ ပြဋ္ဌာန်းချက်လောက်ပဲ ပါတယ်။ ကြိုတင်မဲ ကောက်ခံတဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ တိတိ ကျကျ ပြဋ္ဌာန်းချက်မရှိဘူး”ဟု ဒေါက်တာစောနိုင်က ရှင်းပြသည်။

၂၀၁၀ ရွေးကောက်ပွဲ၌ နေပြည်တော်မဲဆန္ဒနယ် တခုတွင် မဲပေးနေစဉ်(ဓာတ်ပုံ - အောင်သက်ဝိုင်း)
ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများတွင် ကြိုတင်မဲပေးနိုင်သည်များမှာ နာမကျန်းဖြစ်နေသူများ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများ၊မဲဆန္ဒနယ်ပြင်ပ၌ တာဝန်ထမ်းနေသော နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော်သားများ၊ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် ခရီးသွားမည့် သူများ အပါအ၀င် အမျိုးအစားခုနစ်မျိုး အကျုံးဝင်သည်ဟု ဥပဒေတွင် တရားဝင် ပြဋ္ဌာန်းထားသည်။
၂၀၁၀ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့ရာ နိုဝင်ဘာ ၆ ရက်နေ့ ညပိုင်း ၉ နာရီကျော်သည်အထိ တောင် ဥက္ကလာ ပ ရပ်ကွက် ကော်မရှင်ရုံးများတွင် ကြိုတင်မဲများ ကောက်ခံခဲ့ကြောင်း၊ တချို့ရပ်ကွက်များတွင် ကြိုတင်မဲ အရေအတွက်သည် မဲပေးနိုင်သောလူဦးရေ၏၂၀ ရာခိုင်နှုန်းထက် ကျော်သွားသည်ကို တွေ့ရှိရကြောင်း၊ ကြိုတင်မဲများ မှန်မှန်ကန်ကန် ဖြစ်စေရေး သည် ရွေးကောက်ပွဲ တရားမျှတရေး အတွက် အလွန်အရေးကြီးကြောင်း ဒေါက်တာစောနိုင်က ဆိုသည်။
“ကြိုတင်မဲကို ဘယ်နေ့ကနေ ဘယ်နေ့ ဘယ်အချိန်အထိ နောက်ဆုံးပေးနိုင်မလဲ ဆိုတာ တရားဝင်ထုတ် ပြန်ရမယ်။ ကြိုတင်မဲ အများဆုံးပေးနိုင်မယ့် ရာခိုင်နှုန်းကိုသတ်မှတ်ပေးရမယ်။ ၇ ရက်နေ့ လုပ်မယ့် ရွေးကောက်ပွဲအတွက် ၆ ရက်နေ့ည သန်းခေါင်ယံ အထိ ကြိုတင်မဲလက်ခံတယ်ဆိုတာက ဘယ်လိုမှ လက်ခံလို့မရဘူး”ဟု ၎င်းက ပြောသည်။
ဒေါက်တာ စောနိုင်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် တောင်ဥက္ကလာပ မြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မြေမှ တသီးပုဂ္ဂလ ကိုယ်စားလှယ်အနေနှင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူ ဖြစ်သည်။
ရွေးကောက်ပွဲအပြီး မဲရေတွက်စဉ်က ဒေါက်တာ စောနိုင် အနိုင်ရရှိသော်လည်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်က အနိုင်၊ အရှုံး ရလဒ်ကြေညာချိန်၌ ရှုံးနိမ့်ကြောင်းကြေညာခဲ့ရာ ပြိုင်ဘက် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေးပါတီ)မှ ကိုယ်စားလှယ်လောင်း  ဦးအောင်ကျော်မိုးက အနိုင်ရရှိခဲ့သည့် အငြင်းပွားဖွယ်ဖြစ်ရပ် ရှိခဲ့သည်။
ထိုအငြင်းပွားဖွယ် ဖြစ်ရပ်ကို မဲလိမ်မှု၊ မဲမသမာမှု အနေနှင့် ဒေါက်တာ စောနိုင်က ပြည်ပ မီဒီယာများမှတဆင့် အများပြည်သူ သိရှိနိုင်ရန် ထုတ်ဖော် ပြောဆိုခဲ့သည်။
ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုကမူ ကြိုတင်မဲများကို ရွေးကောက်ပွဲကျင်းပမည့် အချိန် နှစ်ရက်အလို အထိကောက်ခံမည်ဖြစ်ပြီး ကြိုတင်မဲကောက်ခံသည့်လုပ်ငန်းများကို နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် လွှတ်တော်ကိုယ်စားလှယ် လောင်းများ စောင့်ကြည့်ခွင့် မရှိကြောင်း ဖေဖော်ဝါရီ၂၄ ရက်ထုတ် ဂလိုဘယ်ပို့စ် သတင်းဂျာနယ်နှင့်တွေ့ဆုံခန်းတွင် ပြောဆို ထားသည်။ယင်းတွေ့ဆုံခန်းတွင်ပင် ဦးကိုကိုက၂၀၁၀ ရွေးကောက်ပွဲ၌ မဲမသမာမှုရှိသည်ဆိုသော တိုင်ကြားချက်များသည် သတင်းမှားများအပေါ် အခြေခံထားကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် လောင်းများသည် မဲရုံကိုယ်စားလှယ်ခန့်အပ်ရာတွင် နားလည်တတ်ကျွမ်း သူများကို ခန့်ထားသင့်ကြောင်း ပြောသည်။
“မဲရုံ ကိုယ်စားလှယ်တွေရဲ့ သတင်းအချက်အလက် မှားတဲ့အပေါ်မှာ သူတို့ကစောဒကတက်တဲ့အခါ အခုလိုလွဲတဲ့ အမှားတွေ ဖြစ် လာတာပေါ့။ မှန်တယ်၊ မမှန်ဘူး ဆိုတာ ပြည်သူ လူထု က မသိဘူး။ မီဒီယာမှာ သူတို့ ပြောလိုက်တာတွေက ပြန်ဖျက်လို့မရတော့ဘူး”ဟုလည်း ဦးကိုကို က ဆိုသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ရှုံးနိမ်ခဲ့သူ နိုင်ငံရေးပါတီတခုမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတဦးကမူ မဲရုံတွင် မဲရေတွက်ပြီးသည်နှင့် အများပြည်သူကို ထုတ်ပြန်ပြောဆိုပြီး ရလဒ်ကို သက်ဆိုင်ရာမဲရုံတွင် တရားဝင်ကပ်ထားသင့်သည်ဟု အကြံပြုပြော ဆို သည်။
“၂၀၁၀ တုန်းက ရပ်ကွက်မဲရုံတွေမှာ ရေတွက်ပြီး မဲတွေကိုမြို့နယ်မှာ ပြန်ရေတယ်၊ ပြန်ပြင်တယ်။ နိုင်တဲ့သူက ရှုံး၊ ရှုံးတဲ့သူက နိုင်။ ဘယ်ကမှန်း မသိတဲ့ ကြိုတင်မဲတွေ ရောက်လာတာတွေ ဖြစ်ကုန် တယ်”ဟုလည်း ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီက မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်။ မဲလိမ်မှု၊ မဲမသမာမှုများရှိပြီး ကြိုတင်မဲများနှင့် အနိုင်ယူခဲ့သော ရွေးကောက်ပွဲ ဖြစ်သည်ဟု ပြည်တွင်း နိုင်ငံရေး ပါတီများနှင့် ရှုံးနိမ်ခဲ့ရသော လွှတ်တော် ကိုယ်စားလှယ်လောင်း အများစုက ထုတ်ဖော် ပြောဆိုခဲ့ကြသည်။

အစိုးရအတွင်း ဂိုဏ်းမကွဲဟု သမ္မတဦးသိန်းစိန် ပြော

 ရန်ပိုင် on March 1, 2012
သမ္မတ ဦးသိန်းစိန်က မိမိတို့ အစိုးရအဖွဲ့အတွင်း သဘောထားတင်းမာသူများနှင့် ပျော့ပျောင်းသူများဟူ၍ အုပ်စုနှစ်စု ကွဲပြားနေကြောင်း ပြောဆိုနေမှုများ မဟုတ်မှန်ဟု လွှတ်တော်မှတဆင့် ယနေ့တိုင်းပြည်သို့ ပြောကြားသည့် အစိုးရတနှစ်ပြည့် မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုလိုက်သည်။
“ဒီကနေ့ ကျနော်တို့ အစိုးရကို နေရာအနှံ့က အမျိုးမျိုးအဖုံဖုံ ဝေဖန်ပြောကြားနေတာတွေကို သိရှိထားပါတယ်။ အပြုသဘောမဆောင်တဲ့ ကောလာဟလတွေလည်း ကြားသိနေရပါတယ်။ ကျနော်တို့အစိုးရဟာ ဒီကနေ့ အများပြောနေကြသလို ခေါင်းမာဂိုဏ်းနဲ့ အပျော့ဂိုဏ်းဆိုပြီး ကွဲပြားနေတာ မရှိပါဘူး” ဟု သမ္မတ ဦးသိန်းစိန်က ပြောသည်။
X02594
၂၀၁၂ မတ်လ ၁ ရက်နေ့က နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်တွင် သမ္မတသက်တမ်းတနှစ်ပြည့် မိန့်ခွန်းပြောကြားနေသည့် သမ္မတ ဦးသိန်းစိန်

၅ထောင်တန်ဖုန်းအပေါ် ဘလော့ဂါတစ်ယောက်ရဲ့ခံစားချက်

ဒေါက်တာ စာရေးဆရာဘလော့ဂါသက်တန့်ချိုက "ငါးထောင်တန်ဖုန်းအပေါ် ဘလော့ဂါတို့ရဲ့အမြင်"ကို ရေးပါဦးတဲ့။ ကျွန်မကို သူတက်(tag)ထားတယ်လို့ပြောတယ်။ ဟိုးတလောက 8yarဆိုတဲ့ ဘလော့ဂါတက်ထားတဲ့ "ဒီဇင်ဘာပိတ်ရက်မှာ ဘာလုပ်လဲ"ဆိုတာကိုတောင် ကျွန်မ မရေးခဲ့ရသေးဘူး။ (ဆောရီး8yar.. ပိတ်ရက်မရှိတော့ ရေးစရာလဲမရှိခဲ့လို့ပါ)။ အဲဒီလိုပဲ ဖုန်းအကြောင်း မသိနားမလည်သူကျွန်မကို သက်တန့်ချိုက လာတက်ပြန်တယ်။

မြန်မာပြည်က ၅ထောင်တန်ဖုန်းအကြောင်းကို အင်တာနက်စာမျက်နှာပေါ်မှာ ဖတ်ရဖူးပါတယ်။ ၅ထောင်တန်ဖုန်းသတင်း မထွက်ခင်တုန်းက မြန်မာပြည်ဟမ်းဖုန်းအကြောင်းကို ကျွန်မနည်းနည်းပဲသိထားပါတယ်။ တကယ်နည်းနည်းဆိုမှ နည်းနည်းလေးပါ။ GSM, ကမ်းရိုးတန်းဖုန်း၊ လက်ဆွဲခြင်းဖုန်းဆိုတဲ့ အခေါ်လေးတွေကိုပါပဲ။ ကျွန်မကိုယ်တိုင်ကလည်း မြန်မာပြည်မှာသိပ်မရှိလို့ နောက်ပြီး ကိုယ့်မိသားစုထဲကလည်း ဝယ်မသုံးနိုင်လို့ မသိပါဘူး။ ဘယ်လိုဟမ်းဖုန်းပဲပြောပြော တအားအော်ပြောရပြီး၊ ဟလို ကြားလား..ဟလို ကြားလားဆိုတာလောက်ပဲ သုံးဖူးပါတယ်။ ဒါပေမယ့် ဘယ်ဖုန်းမျိုးဖြစ်ဖြစ် ဈေးနှုန်းကတော့ မသေးကြပါဘူး။ ဆင့်ကဒ်တစ်ကဒ်ကို သိန်းဆယ်ဂဏန်းလောက် ပေးရတယ်လို့ဆိုပါတယ်။ ဒါကြောင့် မြန်မာပြည်မှာ ချမ်းသာတဲ့လူတွေလောက်ပဲ ဟမ်းဖုန်း ကောင်းကောင်းသုံးနိုင်ပါတယ်။ ဒါက ကျွန်မသိတဲ့ မြန်မာဟမ်းဖုန်းပါ။

သက်တန့်ချိုက အခုလို မေးခွန်းထုတ်ပြီး မေးထားပါတယ်..

(၁)ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား?

သိန်းဆယ်ဂဏန်းကျော်တန် ဖုန်းတွေ ဝယ်သုံးနေသူတွေအဖို့တော့ နှစ်သိန်းဝန်းကျင်တန်ဖုန်းက တန်ဖိုးနည်းတယ်လို့ ဆိုကြမှာပါ။ ဒါပေမယ့် သာမန်လက်လုပ်လက်စားတစ်ယောက်အတွက် နှစ်သိန်းဆိုတာ အင်မတန်များတဲ့ဈေးပါ။ ဒါပေမယ့် နှစ်သိန်းဈေးပဲ၊ ဈေးလုံးဝမလျော့နိုင်ဘူးဆိုရင်တော့ ဖုန်းလိုင်းကိုကောင်းအောင်၊ ကြည်အောင်လုပ်ပေးဖို့ တောင်းဆိုပါတယ်။ အဓိကဖြစ်တဲ့ ဖုန်းလိုင်းကောင်းတယ်၊ ကြည်တယ်ဆိုရင် တကယ်လိုချင်သူတွေက မဖြစ်မနေ ငွေစုပြီးဝယ်ကြပါလိမ့်မယ်။

(၂) ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စတေကာကပ်ခြင်းနဲ့ တီရှပ်များပြုလုပ်ခြင်းအပေါ် သင်ဘယ်လိုမြင် မိပါသလဲ?

ပြည်သူတွေမှာ တောင်းဆိုပိုင်ခွင့်ရှိပါတယ်။ ဒါဟာ လူလူချင်း အလွယ်တကူပြောဆိုနိုင်တဲ့၊ ဆက်သွယ်ဆက်ဆံနိုင်တဲ့ ကိရိယာတစ်ခု၊ လူတိုင်းတတ်နိုင်တဲ့ ဈေးနှုန်းတစ်ခုပါ။ တောင်းဆိုခွင့်ရှိပါတယ်။

(၃) ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စုပေါင်းလက်မှတ်ထိုးပြီး လွှတ်တော်ကိုတင်ပြခြင်းအပေါ် သင်ဘယ်လိုမြင် မိပါသလဲ?

လိုချင်တာကို တောင်းဆိုဖို့က ကိုယ်ရဲ့တာဝန်ပါ။ ဒီတောင်းဆိုမှုအပေါ် သူတို့ဘယ်လိုသဘောထားလဲဆိုတာ သူတို့ရဲ့တာဝန်ပါ။ အဓိက,က ပြည်သူတွေကြားမှာဖြစ်နေတာကို လွှတ်တော်ထဲကလူတွေ သိသွားနိုင်ဖို့ပါပဲ။ အလေးထားပြီး စဉ်းစားဆုံးဖြတ်ပေးကြရင်တော့ အတိုင်းထက်အလွန်ပေါ့။ ဒါကြောင့်လည်း ပြည်သူ့လွှတ်တော်လို့ ခေါ်ဝေါ်ကြတာပေါ့။

(၄) ငါးထောင်တန်ဖုန်းများပေါ်ပေါက်လာစေဖို့ သင့်အနေနဲ့ ကြိုဆိုပါသလား?

လူတိုင်း ဝယ်နိုင်ပြီး၊ လူလူချင်း ဆက်သွယ်ရလွယ်ကူစေမယ့် အရာတစ်ခု၊ တကယ်ဖြစ်လာမယ်ဆိုရင် လူတိုင်းဝမ်းသာကြမှာပါ။ လိုင်းပါကြည်ပြီး ကောင်းနေရင်တော့ ပိုဝမ်းသာကြမှာပေါ့။ အရင်တုန်းက သိန်း၂ဝ၊ သိန်း ၃ဝတန်ဖုန်းတွေဆိုတာ ကျွန်မတို့လို ဆင်းရဲသားတွေအတွက် အိပ်မက်တောင် မမက်ခဲ့ဖူးတဲ့အရာပါ။ တခြားနိုင်ငံမှာတော့ အမှိုက်ကျုံးသမားတွေတောင် ဟမ်းဖုန်းကိုယ်စီရှိပါတယ်။

ကျွန်မကြုံဖူးသလောက် အင်္ဂလန်က ဆင့်ကဒ်တစ်ခု စတာလင် ၅ပေါင် (မြန်မာငွေ ၅ထောင်ဝန်းကျင်)
ယိုးဒယားဆင့်ကဒ်တစ်ခု ဘတ် ၅ဝ (မြန်မာငွေ ၂ထောင်ဝန်းကျင်)
ဒီလိုဆင့်ကဒ်က ကိုယ်ငွေထည့်ရင် ထည့်သလောက်ပဲ ကုန်ပါတယ်။ အထွက်call ပဲ ပိုက်ဆံကုန်တယ်။ အဝင်call ပိုက်ဆံမနုတ်ပါဘူး။ ကဒ်ထဲမှာ ပိုက်ဆံမရှိလည်း အဝင်callလက်ခံပါတယ်။ တာချီလိတ်မှာ လူတိုင်းနီးနီး ဟမ်းဖုန်းကိုင်ကြပါတယ်။ ယိုးဒယားဟမ်းဖုန်းပါ။ ဟမ်းဆက်ပဲ ဈေးနည်းနည်းကြီးပါတယ်။ ဈေးပေါတဲ့ ဟမ်းဆက်အဟောင်းနဲ့လည်း ဆင့်ကဒ်တွေထည့်သုံးနိုင်တာမို့ လူတိုင်းနီးနီး ဟမ်းဖုန်းကိုင်နိုင်ကြပါတယ်။ ဒီလိုပိုက်ဆံထည့်သုံးရတဲ့ ကဒ်မှာ ဒိတ်လွန်ရက်စွဲရှိပါတယ်။ အနည်းဆုံး ၂နှစ်သုံးခွင့်ရှိပါတယ်။ ၂နှစ်ကျော်လို့ ဒီနံပါတ်ကိုပဲ ဆက်သုံးချင်သေးရင် ဖုန်းကုမ္ပဏီကိုမက်ဆေ့ပို့ပြီး ငွေသွင်းရုံပါပဲ။ သိပ်များများ မသွင်းရပါဘူး။ ကျွန်မ မှတ်မိသလောက် ယိုးဒယားဆင့်ကဒ်ဆိုရင် မြန်မာငွေ ထောင်ဂဏန်းလောက်ပါပဲ။ ငွေသွင်းတာကလဲ ကိုယ့်ဖုန်းထဲ ပိုက်ဆံထည့်ပြီး သူတို့ကိုဖြတ်ခိုင်းတာပါပဲ။ ဖုန်းရုံးအထိသွားပြီး သွားတန်းစီနေစရာ၊ စောင့်နေစရာမလိုပါဘူး။


(၅) ငါးထောင်တန်ဖုန်းအပေါ် သင့်အမြင်လေး ချရေးပေးပါ။

ဖုန်းတွေ ဈေးကြီးကြီးပေးဝယ်၊ ကားတွေ ဈေးကြီးကြီးပေးဝယ်ရတဲ့ခေတ် ပျောက်သင့်ပြီလို့ထင်ပါတယ်။ လူတိုင်းတတ်နိုင်၊ ရနိုင်တဲ့အခွင့်အရေးရှိမှ ပြည်သူနဲ့တစ်သားထဲ၊ ပြည်သူနဲ့တစ်တန်းထဲဆိုတဲ့ စကားက ပိုအဓိပ္ပာယ်ရှိမယ်လေ။ ငါးထောင်တန်ဖုန်းသာ တကယ်ဖြစ်လာခဲ့ရင် ဝေးကွာနေတဲ့မိသားစုကြားမှာ နွေးထွေးမှုတွေ ပိုပိုလာမယ်။ ဆက်သွယ်ရလွယ်လာမယ်၊ လုပ်စရာတွေ မြန်မြန်ဆန်ဆန် လုပ်နိုင်၊ ပြီးလာနိုင်မယ်။ အချိန်လင့်သွားတာမျိုး၊ စောင့်နေရတာမျိုး နည်းလာမယ်.... ဒါမှလည်း ခေတ်မီဖွံ့ဖြိုး တိုးတက်တယ်ဆိုတဲ့ နိုင်ငံရဲ့ဆောင်ပုဒ်ကို ပိုအသက်ဝင်လာစေမယ်လို့ မြင်မိပါတယ်။

ငါးထောင်တန်ဖုန်းအပေါ် ကျွန်မအမြင် ကျွန်မသိသလောက်ကတော့ ဒီလောက်ပါပဲ။ အသိအမြင်၊ ဗဟုသုတလေးတွေကို ထပ်မံဖြည့်စွက်ပေးကြပါလို့.....

ရေးသားသူ....နိုင်းနိုင်းစနေ

Friday, February 24, 2012


 မြန်မာနိုင်ငံ သားများအနေဖြင့် ဒီမိုကရေစီနိုင်ငံပီသစေဖို့ရာ စွမ်းစွမ်းတမံ ကြိုးပမ်းကြရုံသာမက စွမ်းစွမ်းတမံ သင်ယူတတ်ရန်လည်း လိုအပ်သည် ။ အသေးအဖွဲ့မှအစ ကြီးကြီးမားမား
အထိ စည်းကမ်း ကျင့်ဝတ် စိတ်နေစိတ်ထားများကို ပြောင်းလဲပစ်ရန်လိုသည်။ မဆလ နှင့် နအဖ အစိုးရလက်အောက်၌ နှစ်လေးဆယ်ဝန်းကျင် အသိညဏ်မှိုင်းမိခဲ့သော မြန်မာနိုင်ငံသား
များအနေဖြင့် အတွေးအခေါ်အယူအဆနှင့် စိတ်သဘောထားပိုင်းဆိုင်ရာတွင် များစွာ အားနည်းချက်များရှိနေသည်မှာ အံ့သြောဖွယ်ရာ မဟုတ်လှပေ ။

အတွေးအခေါ်ကောင်းစေရန် စာများများဖတ်ပါဟူ၍ တိုက်တွန်းချက်မှာ အနည်းငယ် ကလေးကလား ဆန်ဖွယ်ရာရှိသော်လည်း အမှန်စင်စစ် မြန်မာနိုင်ငံသားအများစု မှာ ကျောင်းစာ
ရော အိမ်စာရော မကြေ ကြချေ ။ အတွေးအခေါ်မကောင်းခြင်းကြောင့်
ပင် လူများစုမှာ အမှန်တရားနှင့် ရင်ဆိုင်ရန် သတ္တိမရှိကြ ၊ ရုံးပြင်ကနားမသွားလိုကြ ၊ အာဏာပိုင်များကိုကြောက်ရွံ့
ကြနေရပေသည် ။ ထိုပြင် ထိုသူများကို တွေးခေါ်မှု့ မှားယွင်းနေသည်ဟု ဝေဖန်မိပါကလည်း လက်မခံနိုင်ကြနိုင်ကြ ရုံသာမက ဝေဖန်သူကိုပါ ဘယ်လောက်တောင်တော်နေလို့လဲဟု ပြန်လည်မေးခွန်းထုတ်တတ်ကြသည် ။ အမှန်စင်စစ် ဝေဖန်မှု့များမှ ရရှိသော အကျိုးကျေးဇူးသည် မြှောက်ပင့်ခြင်းမှ ရရှိသောအကျိုးကျေးဇူးထက် အဆပေါင်းများစွာသာပေသည် ။


ဒီမိုကရေစီခေတ်သည် တဦးနှင့်တဦး လွတ်လပ်ပွင့်လင်းစွာ ဝေဖန်ပိုင်ခွင့်ရှိသောခေတ်ဖြစ်သည် ။ လွတ်လပ်စွာဝေဖန်ခြင်းသည် လွတ်လွတ်လပ်လပ်ကြီး ဆဲရေးတိုင်းထွာခြင်းမဟုတ် ။
ဝေဖန်ခြင်းသည် အကျိုးကျေးဇူးတခုကို မျှော်ကိုးလျှက် ထောက်ပြခြင်းသာဖြစ်သည် . . . အကျိုးကျေးဇူးပျက်အောင် ကဖျက်ကရက် လုပ်ခြင်းကားမဟုတ်ပေ ။ ဒီမိုကရေစီနိုင်ငံသားများ
ပီသလိုလျှင် ဝေဖန်မှု့ ကို အပြုံးမပျက် ခံယူတတ်ရန်လိုသည် ။ ဝေဖန်မှု့ ကိုလက်မခံနိုင်သော စနစ်သည် အာဏာရှင်စနစ် သက်ဦးဆံပိုင်စနစ်ပင်ဖြစ်သည် ။ ဒီမိုကရေစီစနစ်မှာမူ သမ္မတ
ကအစ ကျိုးကြောင်းသင့်သော ဝေဖန်မှု့ကို လက်ခံနိုင်ရသည် ။

မိမိယုံကြည်သော ပါတီ ၊ မိမိကိုးစားသောအဖွဲ့အစည်း ၊ မိမိကြည်ညိုသော လူပုဂိုလ်တစ်ယောက် စသည်ဖြင့် ပါဆင်နယ်ရယ်ဒီကယ်အစွဲများကြောင့် မြန်မာနိုင်ငံသားတို့ ဒုက္ခရောက်
ပေါင်းများလှပေသည် ။ မယုံကြည် မကိုးစားနှင့်ဟူ၍ကား မဆိုလို . . . မျက်လုံးဖွင့်ပြီး ယုံကြည်နိုင်ပါသည် . . . ကိုးစားနိုင်ပါသည် ။ မြန်မာနိုင်ငံတိုးတက်ဖို့ရန်အတွက် ပထမဆုံးလုပ်ရန်
အလုပ်ကား ဝေဖန်ခံနိုင်ရန် ဟုသာ ထင်မြင်မိပါသည် ။


 မာဃလုလင်

Sunday, February 19, 2012

ဝန်ထမ်းများလစာတိုးလိမ့်မယ်မဟုတ်


7211
လတ်တလောတွင် နိုင်ငံ့ဝန်ထမ်းများ အားလုံးကို လစာတိုးမြှင့်ပေးဦး မည်မဟုတ်ဘဲ ဝေးလံခေါင်သီသော ဒေသများ၌ တာဝန်ထမ်းဆောင် နေကြသော ၀န်ထမ်း ၃ သောင်းကျော် ကိုသာ လစာတိုးမြှင့်ပေးမည်ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ရှင်းလင်းခဲ့ သည့်အပေါ် မီဒီယာနှင့် အများပြည်သူကြား ဝေဖန်မှုအမြင် အမျိုးမျိုးရှိနေကြောင်း သိရှိရသည်။
ဝေးလံခေါင်သီဒေသ ၈၅ မြို့နယ်၌ တာဝန် ထမ်းဆောင်နေကြသော ၀န်ထမ်း ၃၇၈၁၇ ဦး၏ ဒေသ စရိတ်နှုန်းထားများကိုသာ ၂၀၁၂- ၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် စတင်တိုးမြှင့်ပေးနိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေး သွားမည်ဖြစ်ပြီး နိုင်ငံဝန်ထမ်းများ လစာတိုးမြှင့်ရေးကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှသာ ဆောင်ရွက်သင့်ကြောင်း နိုင်ငံတော်သမ္မတ ကိုယ်စား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ဖေဖော် ၀ါရီလ ၁၆ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် တတိယပုံမှန် အစည်းအဝေး ၁၂ ရက် မြောက်နေ့အစီအစဉ်တွင် ပြောကြားခဲ့သည်။


အမျိုးသားစီမံကိန်းနှင့် ဘတ်ဂျက်ကို မူဘောင်သဘော ဆွေးနွေးဖို့ မိမိ လေ့လာတဲ့အခါ မသုံးသင့်တာတွေ လောလောဆယ် မလုပ်သင့်တဲ့ စီမံကိန်းတွေ ပါရှိနေကြောင်း တွေ့ရှိရပါတယ်။ အဲဒီလိုမလုပ်သင့်တဲ့ စီမံကိန်းတွေ ခဏဆိုင်းငံ့ ဆောင်ရွက်မယ်ဆိုရင် ဒီထဲကပေါ်ထွက်လာမယ့် ငွေများက မိမိတို့ အခက်အခဲဖြစ်နေတဲ့ ၀န်ထမ်းအသီးသီးအတွက် လစာကို ရာခိုင်နှုန်း တစ်ခုအထိ တိုးပေးနိုင်မယ်လို့ အကြမ်းဖျဉ်း သုံးသပ်တွေ့ရှိရပါတယ်  . . .
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်းဝေးတွင် နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ခ၊ လစာစရိတ်နှင့် ချီးမြှင့်ငွေများကို လာမည့်ဘတ်ဂျက် နှစ်အစတွင် မဖြစ်မနေ တိုးမြှင့်ပေးရေး အဆိုကိုတင်သွင်းခဲ့ရာ ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။ အဆိုပါ အဆိုတွင် “ယနေ့ တာဝန်ထမ်းဆောင်နေကြတဲ့ နိုင်ငံ့ဝန်ထမ်း များရဲ့လက်ရှိရနေသော လုပ်ခ၊ လစာ စရိတ်နှင့် ချီးမြှင့်ငွေများမှာ ယနေ့ ခေတ်ကာလနဲ့ လိုက်လျောညီထွေမှု မရှိပါ။ အဲဒါကြောင့် ယနေ့ဝန်ထမ်းများ၏ လုပ်ခလစာစရိတ်နှင့် ချီးမြှင့်ငွေများအား ထိုက်သင့်သလို အလျင် အမြန်တိုးပေးရန် လိုသည်ဆိုတဲ့အချက်ကို ထောက်ပြခြင်းဖြစ်ပါတယ်။ အူမတောင့်မှ သီလစောင့်နိုင်မှာ ဖြစ်သလို အူမတောင့်ပြီး သီလမစောင့်ရင်တော့ သူ့တာဝန်ပဲဖြစ်ပြီး သူတို့တရားကို သူတို့စီရင်မှာဖြစ်ပါတယ်။ တစ်ဖက်က အခွင့်အရေးနဲ့ သက်သာချောင်ချိရေး၊ တစ်ခြားတစ်ဖက်က စည်းကမ်းနဲ့ဥပဒေ အပြန်အလှန် ထိန်းကျောင်းခြင်းဖြင့် clean ဖြစ်လာမှာ ဖြစ်ပါတယ်။ clean ဖြစ်လာမှ Good Governance လုပ်လာနိုင်မှာ ဖြစ်ပါတယ်။ ထိုသို့ လစာ နှင့်စရိတ်များကို တိုးပေးလျှင် ကုန်ဈေးနှုန်းကြီးမြင့်လာနိုင်တယ်လို့ တချို့က ပြောကြပါတယ်။ ကုန်ဈေးနှုန်းကြီး မြင့်လာမှာ၊ ငွေကြေးဖောင်းပွမှုနှုန်းတွေ မြင့်လာမှာစိုးလို့ လုပ်ခလစာချီး မြှင့်ခြင်းနှင့်စရိတ်များ ဒီလိုပဲ ဆက်ထားရင် နိုင်ငံ့ဝန်ထမ်းများရဲ့ စိတ်ပိုင်းဘ၀၊ ရုပ်ပိုင်းဘ၀များထိခိုက်ကာ ယင်းတို့၏ လိုငွေကို နည်းလမ်းမျိုးစုံသုံးပြီး ရှာကြရဦးမှာ ဖြစ်ပါတယ်’’ဟု ဆွေးနွေးခဲ့သည်။
7211a ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ‘‘ပြည်ထောင်စုလွှတ်တော်မှ ပေးပို့သည့် ဆုံးဖြတ်ချက်မှာ ပါဝင်တဲ့ ‘နိုင်ငံသားဝန်ထမ်းများ၏ လုပ်ခ၊လစာနှင့် ချီးမြှင့်ငွေများကို လာမည့်ဘဏ္ဍာရေး နှစ်အစတွင် မဖြစ်မနေတိုးမြှင့်ပေးရေး’ အဆိုမှာ ပြည်ထောင်စုအစိုးရမှ အကောင်အထည်ဖော်ဖို့ စဉ်းစားနေတဲ့ ကိစ္စဖြစ်သလို နိုင်ငံ့ဝန်ထမ်းများ၏ အတွက်လည်း ဆောင်ရွက်ပေးသင့်တဲ့ ကိစ္စဖြစ်လို့ ကြိုဆိုကြောင်း ပြောကြားလိုပါတယ်။ နိုင်ငံတော်အနေနဲ့ ပုဂ္ဂလိကပိုင် အခန်းကဏ္ဍရဲ့ပါဝင်မှုအချိုးကို တိုးတက်အောင် ဆောင်ရွက်သွားဖို့ ရည်မှန်းထားတဲ့အတွက် နိုင်ငံ့ဝန်ထမ်းများရဲ့လစာ၊လုပ်ခ တိုးမြှင့်မှုဟာ ပုဂ္ဂလိကကဏ္ဍမှာ ရှိတဲ့ လုပ်ခ၊ လစာ အခြေအနေ အပြင် ပြည်သူလူထုတစ် ဦးချင်းရဲ့ ပျှမ်းမျှဝင်ငွေဟာ ဖြစ်ပေါ် လာမယ့်အခြေအနေနဲ့ လိုက်လျောညီထွေ ဖြစ်ရန်ကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံ့ ၀န်ထမ်းများ လစာများကို တိုးမြှင့် ဆောင်ရွက်မပေးနိုင်ခင် လွှတ်တော် ကိုယ်စားလှယ်ကြီးများ တိုက်တွန်း တောင်းဆိုထားတဲ့ ဝေးလံခေါင်သီ ဒေသမှာ တာဝန်ထမ်းဆောင်နေကြတဲ့ တိုင်းရင်းသား လုပ်သားပြည်သူများ ကို အလုပ်အကျွေး ပြုနေကြတဲ့ဝန်ထမ်း များရဲ့ ဒေသစရိတ်နှုန်းထားတွေကို ဦးစွာတိုးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။ ၀န်ထမ်းလစာတိုးပေးရေး ကိစ္စဆောင်ရွက်ရာမှာလည်း နိုင်ငံတော်ရဲ့စီမံခန့်ခွဲမှုစနစ် အကောင်းဆုံး အနေအထား ရောက်ရှိဖို့ အဓိကလိုအပ်ပါတယ်။ အဲဒီလိုရောက်ရှိနိုင်ရန်မှာ နိုင်ငံတကာမှ ဆောင်ရွက်တဲ့ နည်းလမ်းများကို စံနမူနာထားပြီး ပြည်တွင်းပြည်ပမှ ပညာရှင်များနှင့် အစိုးရဌာနမှ ပညာရှင်များ ပါဝင်တဲ့အဖွဲ့ကို ဖွဲ့စည်းရမှာဖြစ်ပါတယ်။ အဲဒီအဖွဲ့အနေနဲ့ အမျိုးသား စီမံကိန်း ရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်မှုကို အခြေခံပြီး နိုင်ငံ့ဝန်ထမ်းများရဲ့ လစာတိုးမြှင့်ရေး အစီအရင်ခံစာများ ရေးသားပြုစုသွားဖို့လည်း လိုအပ်ပါတယ်။ ဒီလိုရေးသားပြုစုတင်ပြတဲ့ အစီအရင်ခံစာများ အပေါ်သုံးသပ်ပြီး တော့နိုင်ငံဝန်ထမ်းများရဲ့လုပ်ခ၊ လစာ နှင့် ချီးမြှင့်ငွေများ တိုးမြှင့်ပေးရေးကို ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ လတ်တလော ဆောင်ရွက်မှုကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာဆောင်ရွက် မယ်ဆိုရင်တင်ပြပြီးဖြစ်တဲ့ ပိုမိုကုန်ကျ လာမယ့် လစာနဲ့အခြားအသုံးစရိတ်တွေ များပြားလာမှာဖြစ်လို့ နိုင်ငံတော် ရဲ့ဘတ်ဂျက်မှာ အခက်အခဲ တွေ့လာနိုင်မှာ ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ နိုင်ငံဝန်ထမ်းများရဲ့ လစာ၊ လုပ်ခများတိုး မြှင့်ပေးနိုင်ဖို့ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုများ ပြီးမြောက်အောင် ဆောင်ရွက်ပြီးနောက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာ ရေးနှစ်မှသာ နိုင်ငံ့ဝန်ထမ်းများရဲ့ လစာ၊လုပ်ခများတိုးမြှင့်ရေးကို ဆောင် ရွက်သင့်ပါကြောင်းနှင့် ဝေးလံခေါင်သီဒေသများမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ၀န်ထမ်းများကို ငဲ့ညှာတာ ထောက်ထားသော အားဖြင့် ၎င်းတို့ရဲ့ ဒေသစရိတ် နှုန်းထားများကို ၂၀၁၂-၂၀၁၃ခု၊ ဘဏ္ဍာရေးနှစ်တွင် စတင်တိုးမြှင့်ပေးနိုင်ရန် ညှိနှိုင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ကိုယ်စား ပြည်ထောင်စုလွှတ်တော်သို့ တင်ပြအပ်ပါတယ်’’ဟု ပြောကြားခဲ့သည်။

လစာတိုးပေးမယ်လို့ ကြားတော့ ပျော်တာပေါ့၊ မျှော်လည်း မျှော်လင့်ထားတာကိုး၊ လတ်တလော မတိုးသေးဘူးဆိုတော့ စိတ်မကောင်းဖြစ် သွားတာပေါ့
ဆက်လက်၍ ၎င်းက “နိုင်ငံ့ဝန်ထမ်းအားလုံးရဲ့ လုပ်ခ၊ လစာစရိတ်နဲ့ ချီးမြှင့်ငွေများကို ၁၉၅၉-၁၉၆၀ ပြည့် နှစ်က ရရှိတဲ့ စရိတ်များ၏ တန်ဖိုး အတိုင်းဆောင်ရွက်ပေးမယ်ဆိုရင်  အဲဒီတုန်းကစပါးတင်း ၁၀၀ ကို ၃၅၀ ကျပ်၊ ရွှေ ၁ကျပ်သားလျင် ၂၇၂ ကျပ်၊ အနိမ့်ဆုံးမြို့ပြ ၀န်ထမ်းတစ်ဦး၏ လစာမှာ ၈၂ ကျပ်ဖြစ်လို့ ရွှေ ၀.၃၀ ကျပ်သား ၀ယ်ယူနိုင်တာကို တွေ့ရပါ တယ်။ ဒီနေ့ခေတ် ရွှေဈေးနဲ့တွက်ရင် အဆပေါင်း ၂၅၀၀ ကျော်၊ လက်ရှိ စပါးဈေးနှုန်းနဲ့တွက်ရင် အဆပေါင်း ၁၀၀၀ကျော် တိုးပေးရမှာဖြစ်ပါတယ်။ ရွှေဈေးနှုန်းအရ တိုးတက်လာသည့် အဆပေါင်းမှာ ၂၅၀၀ ကျော်ရှိတဲ့ အတွက် ရွှေဈေးနှုန်းဖြင့် မတွက်ဘဲ စပါးဈေးနှုန်းနဲ့ တွက်ပါက အနိမ့်ဆုံး မြို့ပြ၀န်ထမ်းတစ်ဦး(သို့) တပ်မတော်သားတစ်ဦး၏ လစာမှာ ၈၂၀၀၀ကျပ်၊ အမြင့်ဆုံး ၀န်ထမ်းတစ်ဦး၏ လစာမှာ ၁၆သိန်းအထိ တိုးမြှင့်ပေးရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် လစာနဲ့စရိတ် စုစုပေါင်းကျပ် ၃၃၀၉.၂၈၆ ဘီလီယံ သုံးစွဲရမည်ဖြစ်ပြီး လက်ရှိလစာနှင့် စရိတ်စုစုပေါင်းကျပ် ၉၁၁.၃၈၅ ဘီလီ ယံထက် ကျပ် ၂၃၉၇.၉၀၁ ဘီလီယံပိုမို ကုန်ကျမှာ ဖြစ်ပါတယ်။ ပြီးတော့ လက်ရှိလစာ၏ ၁၀၀ ရာခိုင်နှုန်းတိုးမြှင့် တွက်ချက်မည်ဆိုလျင် အနိမ့်ဆုံးလစာ မှာ ကျပ် ၇ သောင်းနှင့် အမြင့်ဆုံးလ စာမှာ ၄ သိန်း ၂ သောင်း ဖြစ်သဖြင့် စုစုပေါင်းကျပ် ၁၈၂၂.၇၇၀ ဘီလီယံ သုံးစွဲရမှာဖြစ်လို့ လက်ရှိလစာနှင့် စရိတ်ထက် ၉၁၁.၃၈၅ ဘီလီယံပိုမို ကုန်ကျပါမယ်။ လက်ရှိဝန်ထမ်းများ ရဲ့လစာကို တိုးမြှင့်ပေးပါက ပင်စင်လစာများကိုပါ တိုးမြှင့်ပေးရမည်ဖြစ်၍ ကျပ်ဘီလီယံများစွာ လိုအပ်လာမှာ ဖြစ်ပါတယ်။ လက်ရှိနိုင်ငံတော်ရဲ့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်အား ရင်းနှီးမြှပ်နှံမှုနှင့် ဂျီဒီပီအချိုး ၃၁.၉၄ ရာခိုင်နှုန်း ရရှိရန်နှင့် ဂျီဒီပီ တိုးတက်နှုန်း ၇ ရာခိုင်နှုန်းရရှိဖို့ အတွက် ဘတ်ဂျက်လိုငွေနှင့် ဂျီဒီပီအချိုးကို ၄.၉ ရာခိုင်နှုန်းဖြင့် ရေးဆွဲထား၍ စုစုပေါင်းအသုံးစရိတ်တွင် သာမန်အသုံးစရိတ်နှင့်ငွေလုံးငွေရင်း အသုံးစရိတ်ပါဝင်မှု အချိုးအစားမှာ ၆၀း၄၀ ဖြစ်ပါတယ်။ ဘတ်ဂျက်လိုငွေ ကို ပြည်ပမှချေးယူ၍ ဖြည့်ဆည်းပါက ကြွေးမြီပိုမို ကြီးမားလာပါမယ်။ဘတ် ဂျက်လိုငွေကို ငွေစက္ကူများ ရိုက်နိပ်၍ ဖြည့်ဆည်းပါက ၂၀၁၂ ခုနှစ် ဇန်န၀ါရီလတွင် ပြည်တွင်း လှည့်လည် သုံးစွဲငွေပမာဏ ပိုမိုတိုးတက် များပြားလာပြီး ငွေကြေးဖောင်းပွမှု မြင့်မားလာ ပါမယ်။ နိုင်ငံတော်အနေနဲ့ ကမ်းလွန် သဘာဝဓာတ်ငွေ့စီမံကိန်းများတွင် ပြည်ပချေးငွေဖြင့်၎င်း၊ နိုင်ငံပိုင်နိုင်ငံ ခြားငွေဖြင့်၎င်း၊ ရင်းနှီးမြှပ်နှံလျက်ရှိ ပြီး ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် လုပ်ငန်းများ အားလုံးပြီးစီးမယ်လို့ မှန်းထားပါတယ်။ ၂၀၁၄ ခုနှစ် နှစ်စပိုင်း တွင် ၎င်းကမ်းလွန် သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ ၀င်ငွေများ တိုးတက် ရရှိလာမှာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ရင်းနှီးမြှပ်နှံမှုဖြစ်သော ငွေလုံးငွေရင်း အသုံးစရိတ်ကို လျော့ချရန် လက်ရှိ အခြေအနေတွင် မသင့်သေးကြောင်း တွေ့ရှိရပါတယ်’’ဟုပြောကြားခဲ့သည်။
7211b နိုင်ငံဝန်ထမ်းများလစာမတိုးမီ အစိုးရမှကျခံနေသည့် အသုံးစရိတ်များ မှ မလိုအပ်သည့် အသုံးစရိတ်များကို လျော့ချနိုင်မည့် နည်းလမ်းရှာဖွေရန် တိုးတက်ဖြစ်ပေါ်လာမည့် အသုံးစရိတ် များ ကျခံသုံးစွဲနိုင်ရန်၊ ၀င်ငွေရရှိနိုင်မည့် နည်းလမ်းများကို ကြိုတင်လျာထား စဉ်းစားရန်၊ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု တိုးတက်မြင့်မားစေရန်နှင့် နိုင်ငံခြား မှထောက်ပံ့ငွေ၊ အတိုးနှုန်းသက်သာ သည့်ချေးငွေများပါဝင်သည့် ပြည်ပ အကူအညီများတိုးတက်လာအောင် ဆောင်ရွက်ရန်၊ ပေးချေရန်ရှိသော ကြွေးမြီများအား ဦးစားပေး အစီအစဉ်အလိုက် လျားထားပေးဆပ်ရန်၊ အစိုးရငွေတိုက်စာချုပ်များ ထုတ်ဝေရောင်းချခြင်းကို အလေးထားဆောင်ရွက်ရန်နှင့် ငွေတိုက်စာချုပ်များ ရောင်းဝယ်သည့် ဈေးကွက်အား ဖွံ့ဖြိုးတိုးတက် စေသည့် ဆောင်ရွက်မှုများပြုလုပ်ရန် အစိုးရအသုံးစရိတ်များသည် ပွင့်လင်းမြင်သာမှု ရှိစေရန်နှင့် တာဝန်ယူ မှုရှိစေရန်တို့ ဖြစ်ကြောင်း သိရသည်။
7211c ၀န်ထမ်းလစာ တိုးမြှင့်ရေးနှင့် ပတ်သက်၍ အစိုးရအဖွဲ့မှ ထိုသို့ ပြန်လည်ရှင်းလင်းချက်အပေါ်ဝန်ထမ်း များ လစာတိုးမြှင့်ရေးအတွက် စတင် အဆိုပြုတင်ပြခဲ့သည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ‘‘အမျိုးသားစီမံကိန်းနှင့် ဘတ်ဂျက်ကို မူဘောင် သဘောဆွေးနွေးဖို့ မိမိလေ့လာတဲ့ အခါမသုံးသင့်တာတွေ လောလောဆယ် မလုပ်သင့်တဲ့ စီမံကိန်းတွေပါရှိနေကြောင်း တွေ့ရှိရပါတယ်။ အဲဒီလို မလုပ်သင့်တဲ့ စီမံကိန်းတွေ ခဏဆိုင်းငံ့ ဆောင်ရွက်မယ်ဆိုရင် ဒီထဲက ပေါ်ထွက်လာမယ့်ငွေများက မိမိတို့အခက် အခဲဖြစ်နေတဲ့ ၀န်ထမ်းအသီးသီး အတွက် လစာကို ရာခိုင်နှုန်းတစ်ခုအထိ တိုးပေးနိုင်မယ်လို့ အကြမ်းဖျဉ်း သုံးသပ်တွေ့ရှိရပါတယ်။ စီမံကိန်းအမှားများကြောင့် ဖြစ်လာနိုင်သော စက်ရုံသာရှိပြီး လျှပ်စစ်ဓာတ်အား မလုံလောက်၊ လျှပ်စစ်ဓာတ်အားမရ၊ Gas မလုံလောက်၊ Gas မရ၊ ကုန်ကြမ်းများ မလုံလောက် ကုန်ကြမ်းများမရ၊ ထွက်လာသော ထွက်ကုန်ပစ္စည်းများရဲ့ အရည်အသွေးနှင့် ဈေးနှုန်းများအရ ၀ယ်လိုအား နည်းပါးတာတွေဆိုတဲ့ ဟာက ဖြစ်ခဲ့ပြီးပါပြီ။ ဒါကို သင်ခန်း စာယူပြီး ဆောင်ရွက်ဖို့တင်ပြတဲ့ နေရာ မှာ မိမိတို့သုံးနှုန်းတဲ့ စကားလုံးတွေကြောင့် တခြားမလိုလားအပ်တဲ့ ပြဿနာများ မဖြစ်ရလေအောင် ဖြစ်ပေါ်လာနိုင်တယ် ဆိုတဲ့ ရှေ့အလားအလာကို မျှော်တွေးနိုင်အောင် တင်ပြခြင်းပဲ ဖြစ်ပါတယ်။ လုပ်သားများဆိုတဲ့နေရာမှာ လူမရှိလို့မဟုတ်ပဲ မိမိတို့ပေးထားတဲ့ လုပ်ခလစာနဲ့ ၎င်းတို့ရဲ့ ဘ၀ရပ်တည်ရန် ခက်ခဲလို့ ခက်ခဲကြလို့ ဘေးကိုထွက် အဝေးသွား အလုပ်လုပ်နေရခြင်း ကိုလည်း သိရှိအောင်ဖော်ပြခြင်းဖြစ်ပါ တယ်။ လုပ်သားရအောင် စုဆောင်းတဲ့အခါမှာ လုပ်ခလစာနှင့် လုံလောက်မှု မရှိတဲ့အတွက် ဘ၀ရပ်တည်ရေးကို အဆင်ပြေဖို့ သက်ဆိုင်ရာဌာန အတော်များများက သက်သာချောင်ချိရေး အမည်တပ်၍ ဆောင်ရွက်ပေး နေတာတွေလည်း ယနေ့အထိလည်း ရှိနေဦးမှာပါ။ အဲဒီလို သက်သာချောင်ချိရေး ဆောင်ရွက်ပေးတဲ့ ငွေတွေဟာ ဘယ်ကရသလဲ၊ ဘယ်ကလာသလဲ၊ အဲဒီငွေတွေဟာ အမှန်တစ်ကယ် ဆိုရင်တော့ နိုင်ငံတော်ကရမယ့် ၀င်ငွေများဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်ကို တရားဝင်လမ်းကြောင်းက မရောက်ပဲ တခြားနည်းနဲ့ ရောက်သွားခြင်းဟာလည်း ဒီဖြစ်ရပ်ဖြစ်စဉ်ဟာ နိုင်ငံ အတွက်၊ ဌာနအတွက်၊ ပြည်သူ့ အတွက် ကောင်းတဲ့ကိစ္စ မဟုတ်ဘူးဆိုတာလည်း မိမိအတွေ့အကြုံနဲ့ ယှဉ်ပြီး သုံးသပ်မိပါတယ်။ ဒါကြောင့် မိမိတို့လေ့လာသုံးသပ် စိစစ်ပြီး အတည်ပြုရမယ့် စီမံကိန်းနှင့် ဘတ်ဂျက်ကို တကယ့်စိတ်ကောင်းစေတနာဖြင့် ဥာဏ်အမြော်အမြင်ဖြင့် စိစစ်ဖို့ လိုအပ်ပါတယ်။ ဒါကိုဆောင်ရွက်တဲ့နေရာမှာ မိမိတင်ပြတဲ့အတိုင်း ဥပဒေနှင့်အညီ ဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်။ ဘတ်ဂျက်က အဂတိကို ဖြစ်စေရင် မိမိတို့မလိုလားတဲ့ လာဘ်ပေးလာဘ်ယူကို ဖြစ်စေသော အကြောင်းများလည်း ရှိလာနိုင်ပါတယ်။ ဒါ ကြောင့် မိမိတို့ ပြည်သူ့ကိုယ်စားလှယ်များ ကိုယ်တိုင် အဂတိကင်းရေး လာဘ်ပေးလာဘ်ယူ ကင်းရေးနဲ့ မိမိ တို့ရဲ့ ပြည်သူများ၊ ၀န်ထမ်းများ၊ အဂတိကင်းရေး၊ လာဘ်ပေးလာဘ်ယူ ကင်းရေးအတွက် ရည်မှန်းချက် ထားရှိဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ အခွန်ကောက်ခံမှု စနစ်နဲ့ အခွန်ကောက်ခံမှု စနစ်သစ် မည်သို့ရှိသည် မည်မျှ အခွန်ကောက်ရမည်ကိုလည်း မိမိတို့ ယနေ့အထိ မတွေ့ရှိ မသိရှိရသေးပါ။ အဲဒီအခွန် ကောက်ခံ စနစ်မမှန်ရင် မကောင်းရင်လည်း အဂတိတွေ လာဘ်ပေးလာဘ်ယူမှုတွေ ရှိတတ်တာကိုလည်း မိမိတို့သတိပြုရမှာ ဖြစ်ပါတယ်”ဟု ဖေဖော်ဝါရီလ ၁၇ ရက် နေ့ပြည်သူ့လွှတ်တော်အစည်းအဝေး တွင် ဆွေးနွေးပြောကြားခဲ့သည်။
“လက်ရှိအချိန်မှာ တစ်ဦးချင်း ၀င်ငွေကို တိုးစေချင်တာကတော့ ကျွန်တော့်ရဲ့ သဘောထားအမှန်ပါပဲ။  ဦးရွှေမန်းပြောတဲ့စကား ထွက်တဲ့နေ့က ကျွန်တော်က အကယ်ဒမီပေးပွဲကို ရောက်နေတယ်။ အွန်လိုင်းတက်ကြည့်ရင်း အဲဒီသတင်းကိုတွေ့တယ်။  အွန်လိုင်းသုံးတဲ့ သူအကုန်လုံးက Bravo လုပ်ကြတယ်။ တစ်တိုင်းပြည်လုံး ၀မ်းသာကြတယ်။ ဦးရွှေမန်းပြောခဲ့သလို ဖြစ်စေချင်ကြတယ်။ ကျွန်တော်လည်း တစ်တိုင်းပြည်လုံး ဖြစ်စေချင်တာကိုပဲ ဖြစ်စေချင်တယ်။ ကျွန်တော့် သဘောကတော့ တစ်ချိန်မဟုတ် တစ်ချိန် တိုးပေးတာထက် အမြဲတမ်းလူတစ်ဦးချင်းစီရဲ့ ၀င်ငွေတိုးဖို့ဆန္ဒရှိပါတယ်”ဟု ပေါ်ပြူလာ အနုပညာဂျာနယ် အယ်ဒီတာချုပ်ကိုမျိုး (မြန်မာစာ)က သုံးသပ်ခဲ့ပါသည်။
“၀န်ထမ်းတွေရဲ့ လစာကိုတော့ တိုးစေချင်ပါတယ်။ ဒါပေမယ့် လစာတိုးပေမယ့် မီတာခတွေ၊ ဖုန်း သုံးစွဲခတွေလိုမျိုး တခြားအသုံးစရိတ်တွေကို လျှော့ချမပေးနိုင်ဘူးဆိုရင်တော့ ပလိုင်းပေါက်နဲ့ ဖားကောက်သလို ဖြစ်နေဦးမှာပါပဲ။ အကျင့်ပျက် ခြစားမှုတွေကို တိုက်ဖျက်ချင်တယ် ဆိုရင်တော့ တစ်ဦးချင်း အဆင်ပြေ နေဖို့လိုထင်တယ်။ လူတစ်ယောက် ဟာ ဗိုက်ဆာနေရင်တော့ ကောင်းကောင်းတွေးနိုင်မှာ မဟုတ်ဘူး။ ၀မ်းဝနေမှ ကောင်းတာတွေ တွေးနိုင်မှာပါ။ အကျင့်ပျက်ခြစားမှုတွေ ပျောက်နိုင်ဖို့ဆိုရင်တော့ လစာတိုးပေးတာ  တစ်ခုတည်းနဲ့တော့ မဆိုင်ဘူးပေါ့လေ။ တစ်ဦးချင်းစီရဲ့ ဆောက်တည်မှု အပေါ်မူတည်တာပေါ့။ ဒါပေမယ့် လစာ တိုးမပေးတာထက် စာရင်တော့ လစာတိုးပေးတာက ပိုပြီး ထိန်းသိမ်းသွားဖို့ ပိုလွယ်မယ်ထင်ပါတယ်”ဟု ကိုသူရအောင်(တာဝန်ခံအယ်ဒီတာ၊ Messenger ဂျာနယ်)က ပြောကြားခဲ့ပါသည်။
“လွှတ်တော်မှာ ပထမပြောသံ ကြားတော့ ဖြစ်လာလိမ့်မယ်လို့ ထင်ထားခဲ့တာ၊ ၀န်ကြီးဦးလှထွန်း ပြန်ဖြေတာကို ကြားလိုက်ရတော့ ကျွန်တော်တင်မဟုတ်ဘူး ၀န်ထမ်းတွေ အားလုံး စိတ်ဓာတ်ကျတာပေါ့၊ ဒီလစာနဲ့ စားသောက်စရိတ်နဲ့ နှိုင်းယှဉ်ကြည့်လိုက်ရင် ဘယ်လိုမှ စိတ်ချမ်းသာမှုမရှိဘူး၊ ၀န်ကြီးပြောတာလည်း မှန်တယ်လို့ထင်ပါတယ်။ လက်ရှိအနေအထားမှာ ဘယ်ဝန်ထမ်းကမှ ပြည်သူလူထုအပေါ်မှာ ပိုက်ဆံမ တောင်းချင်ပါဘူး၊ ဒီအတိုင်းပဲဆက် သွားမယ်ဆိုရင်တော့ လာဘ်ပေးလာဘ်ယူဆိုတာ ရှိနေဦးမယ်လို့ ထင်တယ်” ရန်ကုန်တိုင်းကြီးမှ အရာထမ်းတစ်ဦးကသူ၏ အမြင်ကို ပြောပြခဲ့သည်။
“လစာတိုးပေးမယ်လို့ ကြားတော့ ပျော်တာပေါ့၊ မျှော်လည်းမျှော်လင့် ထားတာကိုး၊ လတ်တလော မတိုးသေးဘူးဆိုတော့ စိတ်မကောင်း ဖြစ်သွားတာပေါ့”ဟု ပျဉ်းမနားမြို့မှ အထက်တန်းပြကျောင်းဆရာမ တစ်ဦးက သူ၏အမြင်ကို ပြောပြခဲ့သည်။
“အသက် ၆၀ ပြည့်လို့ ပင်စင်ယူခဲ့ရပြီးပြီ။ အခုထိ စာသင်နေရတုန်းပဲ။ လစာငွေလေး တစ်သိန်း လောက်နဲ့ မိသားစုဘယ်လို ရပ်တည် နိုင်မှာလဲ။ တိုင်းပြည်ရဲ့ ဘဏ္ဍာရေး အခြေအနေကြပ်တည်းနေရ တယ်ဆို တာဘာကြောင့်လဲဆိုတာ အရင်ဆုံး အဖြေရှာပါ။ ဌာနတွေဌာနတွေမှာ လစာ ၂ ခု ခံစားနေသူတွေ အများကြီး ရှိသေးတယ်။ ဆင်းရဲတယ်ဆိုတာ ကျွန်မတို့လို အောက်ခြေ၀န်ထမ်း တွေပါ။ အစိုးရ၀န်ထမ်း မဟုတ်တော့ပေမယ့် ကိုယ်နဲ့ ဘ၀တူ ဆင်းရဲဖော် ဆင်းရဲဘက်တွေ ချောင်ချောင်လည်လည် နေရရင် ပီတိဖြစ်ပါတယ်”ဟု စစ်ကိုင်းမြို့မှ အငြိမ်းစားအထက်တန်းပြ ဆရာမတစ်ဦးက ပြောပါသည်။
“၀န်ထမ်းတွေလစာတိုးဖို့ အဆိုကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကိုယ်တိုင်တင်သွင်းတော့ ၀န်ထမ်းအများစုက လာမယ့်ဘဏ္ဍာနှစ်မှာ တိုးတော့မယ်လို့ တစ်ထစ်ချ ယုံကြည်ထားကြတယ်။ တကယ်တော့ ဝေးလံခေါင်းဖျားတဲ့ ဒေသက ၀န်ထမ်းတွေမှာ ကြပ်တည်းကြတာ မဟုတ်ပါဘူး။ မြို့ပေါ်မှာနေပြီး ကြပ်တည်း နေကြတဲ့ဝန်ထမ်းတွေအများကြီးပါ။ အားလုံးပြင်ဆင်ပြီးမှ လစာတိုးပေးတာ ကောင်းပေမယ့် ဖြစ်နိုင်သမျှ မြန်မြန်တိုးပေးတာ အကောင်းဆုံးပါ။ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှာ တိုးပေးနိုင်တယ်လို့ မျှော်လင့်ချက်ရှိပေမယ့် အခုလို တစ်နှစ် နောက်ဆုတ်တာဟာ ၀န်ထမ်းတွေ ၀မ်းရေးဖြေရှင်းဖို့အတွက် နောက်ထပ်တစ်နှစ် မဟုတ်တာ လုပ်ခိုင်းလိုက်တာပဲ”ဟု မန္တလေးတိုင်း ဒေသကြီးအတွင်း တာဝန်ထမ်းဆောင်နေသော အရာထမ်းတစ်ဦးက ပြောသည်။
“လစာတိုးမယ်လို့ သတင်းထွက်လာကတည်းက အခြေခံစားသောက် ကုန်တွေရဲ့ဈေးနှုန်းက နည်းနည်းချင်း တက်နေပြီ။ ဒီနှစ်လစာမတိုးသေးဘူးဆိုတော့ အခုတက်နေတဲ့ ကုန်ဈေးနှုန်းနဲ့ရတဲ့ လစာနဲ့ အဆင်မပြေနိုင်ပါဘူး။ သူရဦးရွှေမန်းတင်သွင်းတဲ့ အတိုင်းဝန်ထမ်းတွေလစာ တိုးခဲ့မယ်ဆိုရင် တောင်မှ ၃ နှစ် လောက်ကြာရင် ကုန်ဈေးနှုန်း ပြန်တက်လာတာနဲ့ ဒီတိုင်းပဲပြန်ဖြစ်သွားမှာ။ အဲဒီတော့ လစာကိုလည်း တိုးပေးမယ်။ တစ်ဖက်ကနေပြီး ကုန်ဈေးနှုန်း မတက်အောင်လည်း ထိန်းထားနိုင်မှ အဆင်ပြေလိမ့်မယ်။ ဇာတိရပ်မှာအလုပ်မလုပ်ရတဲ့ သူတွေ ဆိုရင်အထွေထွေကုန်ကျစရိတ်တွေ နဲ့ လက်ရှိရတဲ့လစာနဲ့ ဘယ်လိုမှ အဆင်မပြေဘူး။ ကျွန်တော်တို့ ကထိက တစ်ယောက်လစာက တစ်သိန်းကျော်ပဲရတယ်။ အိမ်ထောင်သည် ၀န်ထမ်းမပြောနဲ့ လူလွတ်ဝန်ထမ်း တစ်ယောက်တောင် လစာတစ်သိန်းကျော်နဲ့ ရပ်တည်ဖို့မလွယ်ဘူး။ ကျန်းမာရေးတစ်ခုခုဖြစ်လို့ ခွင့်ယူရင်လစာဖြတ်ခံရတဲ့အတွက် ဆေးကုသတဲ့စရိတ်လည်း ကုန်တဲ့အပြင်အကြွေး ပါတင်သေးတယ်။ ၀န်ထမ်းတွေ အတွက် ကျန်းမာရေးစောင့်ရှောက်မှု ဆိုတာလည်း မရှိဘူး”ဟု တက္ကသိုလ် ကထိက တစ်ဦးကလည်း ပြောကြားခဲ့ပါသည်။
မည်သို့ပင်ဖြစ်စေ နိုင်ငံ့ဝန်ထမ်းများ၏ လစာတိုးမြှင့်ရန်ကိစ္စနှင့် ပတ်သက်၍ အမြင်အမျိုးမျိုး၊ ဝေဖန်မှုအမျိုးမျိုးဖြင့် သုံးသပ်ပြောဆိုမှုများ ရှိနေပါသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ Eleven Media Group ၀က်ဘ်ဆိုက်မှတစ်ဆင့် စစ်တမ်းကောက်ယူခဲ့ရာ တစ်ရက်တာအတွင်း  လူ ၇၉၀ ဦးက ဆန္ဒပြုခဲ့ကြသည်။ ယင်းတို့အနက် ၃၁၄ ဦး(၃၉ ဒသမ ၇ ရာခိုင်နှုန်း)က ပြင်ဆင်သင့် သည်များကို ပြင်ဆင်၍ နောက်တစ်ကြိမ် တွင် လွှတ်တော်၌ အဆိုတင်သွင်း ကာ ၆ လအတွင်း လစာတိုးပေးသင့်ကြောင်း အဆိုပြုခဲ့ကြသည်။ ၂၉၉ ဦး(၃၇ ဒသမ ၈ ရာခိုင်နှုန်း)က ၀န်ထမ်းအားလုံးလစာကို ချက်ချင်းတိုးပေးသင့်ကြောင်း ဆန္ဒပြုခဲ့ပြီး ၁၇၇ ဦး(၂၂ ဒသမ ၄ ရာခိုင်နှုန်း)ကတော့ အစိုးရဘတ်ဂျက် အနေအထားအရ တစ်နှစ်အကြာတွင်းမှသာ လစာတိုးပေးသင့်ကြောင်း အသီးသီး ဆန္ဒပြုခဲ့ကြသည်ကို တွေ့ရပါသည်။
  နိုင်ငံ့ဝန်ထမ်းများအား လစာတိုးမြှင့်ပေးဦးမည် မဟုတ်ကြောင်း ရှင်းလင်းသည့်အပေါ် အမြင်များ
‘ဦးရွှေမန်းပြောတဲ့စကားကို အကြွင်းမဲ့ ကြိုဆိုထောက်ခံပါတယ်။ အောက်ခြေ လူတန်းစားတွေက တစ်နေ့တစ်ခြား ဆင်းရဲတွင်း နက်နေကြရတယ်။ မီးရထားခ တွေ ဆယ်ဆတက်သွားတယ်။ မီတာခတွေတက်တယ်။ ရေခွန်မီးခွန်တွေ တက်တယ်။ အကြွေး ၀န်ထုပ်ဝန်ပိုးကြီး ပိသထက်ပိလာတယ်။ ဒီလိုအချိန်မှာ အူမတောင့်မှ သီလစောင့်မယ်ဆိုတဲ့ ဆိုရိုးစကားတွေ အကျင့်ပျက်ခြစားမှုတွေ ကြီးသထက်ကြီး လာတတယ်။ ဒီအခါမှာ မလွှဲမရှောင်သာ အကျင့်ပျက်ခြစားမှုတွေ ဖြစ်လာတယ်။ အခု လစာမတိုးခြင်း အားဖြင့် ၀င်ငွေထွက်ငွေမမျှဘဲ ဒီသံသရာ လည်ပတ်လို့ ဆုံးမှာမဟုတ်ဘူး။ ဆန္ဒရှိတယ်ဆိုရင် ပေးလို့ ရပါတယ်။ ဓာတ်ငွေ့ရောင်းလိုက်တဲ့ ပိုက်ဆံတွေက ဘယ်တွေ ရောက်သွားသလဲ’  
လူထုဦးစိန်ဝင်း

‘ဓာတ်ဆီဈေးတွေ ခဏခဏ တိုးမြှင့်တာ၊ မီတာခတွေ မြှင့်တာ ကျပ် ၅၀၀၀ တန် ဖုန်းမလုပ်ဘဲ ကျပ်နှစ်သိန်းနဲ့ အမြတ်အဆများစွာ တင်ရောင်းတာတွေဟာ လူထုကိုထိခိုက်စေပါတယ်။ ဒါပေမယ့် တိုင်းပြည်ရဲ့ စီးပွားရေးပြဿနာမှာ အရေးကြီးတဲ့ လာဘ်ပေးလာဘ်ယူ ပြဿနာကို ဖြေရှင်းချင်လို့ လုပ်တာဆိုပြီး အစိုးရ အပေါ်အကောင်းမြင် နားလည်မှုပေးခဲ့တာတွေအားလုံး သဲထဲရေသွန် ဖြစ်ခဲ့ရပါတယ်။ မြန်မာ့စီးပွားရေး ဦးမော့ဖို့အတွက် လာဘ်ပေး၊ လာဘ်ယူ ပြဿနာကအရေး ကြီးပါတယ်။ ဒီလိုလစာမတိုးရင် ဒီပြဿနာကို ကျွန်တော်တို့ ဘယ်လိုစကိုင်တွယ်မလဲ၊ တရားမျှတမှု မရှိသလို ဖြစ်ကုန်မှာပေါ့။ အပြင်မှာ အနိမ့်ဆုံးသန့်ရှင်းရေးတောင်မှ လစာနဲ့ခံစားခွင့် ၇၀၀၀၀-၈၀၀၀၀ ဟာ အရာရှိတစ်ယောက်၊ တက္ကသိုလ်က လက်ထောက်ကထိကနဲ့ တန်းတူ ဖြစ်နေပြီ။ ကျွမ်းကျင်ပန်းရံခေါင်းဆောင် တစ်ယောက်က ညွှန်ချုပ်ရသလောက် တစ်လနှစ်သိန်းရနေတယ်။ လာဘ်ရတဲ့ဌာနတွေ၊ ထိပ်ပိုင်းပုဂ္ဂိုလ်တွေက မထောင်းသာပေမယ့် လာဘ်မရတဲ့ဌာနတွေ၊ အောက်ခြေ၀န်ထမ်းတွေ အဖို့ တစ်နှစ်မပြောနဲ့ ၆ လတောင် တောင့်ခံမထားနိုင်ဘူး။ လုံခြုံရေးတာဝန်ရှိတဲ့ တပ်မတော်နဲ့ရဲတပ်ဖွဲ့က အောက်ခြေရဲဘော်တွေရဲ့ အခြေအနေဟာ အရမ်းဆိုးရွားနေတယ်။ စီးပွားရေးလည်း လုပ်လို့ မရဘူး။ အပြင်ဝင်ငွေလည်း ရှာလို့ မရတော့ဘူး။ အမိန့်နဲ့ချည်းပဲ ဒီပြဿနာကို ရှင်းလို့မရဘူး။ တရားဥပဒေ စိုးမိုးရေး အခြေအနေကို ထိခိုက်နိုင်ပါတယ်။ အစိုးရအနေနဲ့ အရင်အစိုးရရဲ့ ဆိုးမွေတွေကို ဆက်ခံခဲ့ရတာကို နားလည်ပါတယ်။ ငွေကြေးဖောင်းပွမှုကို ထိန်းချင်တာ တစ်ခုတည်းနဲ့တော့ ဒီလိုမလုပ်သင့်ဘူး။ ငွေတွေရိုက်သင့်ရင် ရိုက်ရမှာပဲ။ အခုသွားနေတဲ့ နိုင်ငံရေး ပွင့်လင်းမှု၊ စီးပွားရေး အလားအလာကောင်းတွေကြောင့် ငွေကြေးဖောင်းပွမှု ကြီးမားစွာ ဖြစ်စရာမရှိပါဘူး။ ကြောက်စရာမရှိပါဘူး။ အစိုးရအနေနဲ့ ဘတ်ဂျက်ချွေတာတဲ့ နည်းတွေကိုလည်း ရှာကြံသုံးစွဲသင့်တယ်။ မလိုအပ်တဲ့ ပရောဂျက်တွေ ရပ်ဆိုင်းသင့်သလို ၁၀ %၊ ၂၀ % Percentage ကိစ္စမျိုးတွေ၊ အစိုးရထိပ်ပိုင်း ပုဂ္ဂိုလ်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ရင်းနှီးပေါင်းသင်း ဆက်ဆံနေတာတွေ၊ ပူးတွဲ လုပ်ကိုင်နေတာတွေကိုလည်း ဆင်ခြင်သင့်ပါတယ်။ အခွန်အပြည့်အ၀ ကောက်ခံလို့ မရနိုင်သေးတဲ့ အခြေအနေမျိုးမှာ Alternative Tax (ဖုန်း၊ ကား) တို့ကနေ အခွန်ရှာနေတာတွေကိုလည်း လူထု အနေနဲ့ နားလည်ပေးသင့်ပါတယ်။ အခွန်ထမ်း အသစ်တွေ ရှာကြံတဲ့နည်း၊ အခွန်ရှောင်နေတဲ့ လုပ်ငန်းရှင်ကြီးတွေကို ဖိဖိစီးစီး ကောက်ခံတဲ့နည်းတွေ ကျင့်သုံးသင့်ပါတယ်။ မလိုလားအပ်တဲ့ ၀န်ကြီးဌာနတွေ လျှော့ချပစ်တာ၊ ဖွဲ့စည်းပုံလျှော့ချပစ်တာ၊ ပိုလျှံတဲ့ဝန်ထမ်းတွေ လျှော့ချပစ်တာမျိုးတွေဟာ မဖြစ်မနေလုပ်ရမယ့် အလုပ်တွေပဲဖြစ်ပါတယ်။ အစိုးရအနေနဲ့ ဆုံးဖြတ်ချက် ကိုပြင်ပေးပါလို့ တိုက်တွန်းပါတယ်။’
ဒေါက်တာသန်းထွဋ်အောင် (CEO(Eleven Media Group))

‘၀န်ထမ်းတွေ လစာတိုးပေမယ်ဆိုတဲ့ ကိစ္စမျိုးကို ကြိုဆိုပါတယ်။ ဒါပေမယ့် အဲဒီအတွက် နိုင်ငံတော်ကလည်း ဘက်ဂျက်လိုပါတယ်။ အရင်တုန်းက နိုင်ငံတော် ဘတ်ဂျက်ကို ၆ ကျပ်နဲ့ တွက်ခဲ့တာရှိပေမယ့် ဒီနှစ်မှာတော့ ဈေးကွက်ပေါက်ဈေး ၈၀၀ လောက်နဲ့ တွက်မှာပါ။ အဲဒီအတွက် ပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင် နေကြပါတယ်။ ၀န်ထမ်းတွေရဲ့ အမှန်အတိုင်းပြောရင် လစာတိုးမြှင့်နိုင်ဖို့ လိုပါတယ်။ ဒါမှ လာဘ်ပေးလာဘ်ယူ ကိစ္စတွေ ကျဆင်းသွားမှာပါ။ တဖက်ကလည်း အခွင့်အရေးနဲ့အတူ တာဝန်ယူမှုရှိနေပါတယ်။ နိုင်ငံတော်က ၀န်ထမ်းတွေကို လစာတိုးပေးလိုက်သလို ၀န်ထမ်းတွေဘက်ကလည်း နိုင်ငံတော်ကို အခွန်ပြန်ဆောင်ရမှာ တွေရှိပါတယ်။ ဒီတော့ ၀န်ထမ်းတွေကလည်း နိုင်ငံတော်ကို အခွန်ဆောင်တတ်တဲ့ အလေ့အကျင့်လေးတွေတော့ ပြုစုပျိုးထောင် ထားသင့်ပါတယ်။ တဖက်က နိုင်ငံတော်က အခွန်ကောက်တယ်ဆိုတဲ့ နေရာမှာလည်း မျှမျှတတပဲ ကောက်သင့်ပါတယ်။ ချမ်းသာတဲ့လူတွေကို wealth tax   ကောက်မယ်ဆို ကောက်လို့ရပါတယ်။ ဒီလိုပဲ ဆင်းရဲသားတွေအပေါ်မှာ ကောက်တဲ့အခွန်ကို ကျတော့ တရားနည်းလမ်းကျဖို့ လိုပါတယ်။ တရားနည်းလမ်း မကျဖူးဆိုရင် အခွန်ထမ်းတဲ့ ပြည်သူတွေကလည်း ဘယ်သူမှထမ်းချင်မှာ မဟုတ်ပါဘူး။ ဒီတော့ အစိုးရနဲ့ ပြည်သူကြားမှာလည်း ယုံကြည်မှု တည်ဆောက်နိုင်ဖို့ လိုပါတယ်’
ဦးမော်သန်း (စီးပွားရေးပညာရှင်)

‘လစာတိုးပေးတဲ့ ရလဒ်ကတော့ နိုင်ငံရဲ့ဝန်ထမ်းတွေ အဂတိလိုက်စားတာကို လျော့နည်းစေတယ်၊ လျော့နည်းအောင် ကိုင်တွယ်လို့ရလာမယ်။ ၀န်ထမ်းတွေ အဂတိတရားကင်းမှ တိုင်းပြည်တစ်ကယ် တိုးတက်မှုကို လုပ်ဆောင်တာ ပိုထိရောက်မှာပါ။ လစာတိုးတာ တစ်ခုတည်းမဟုတ်ပဲ ၀န်ထမ်းတွေရဲ့ ဘ၀လုံခြုံမှုအတွက် အစီအမံတွေ လုပ်ပေးတာမျိုးလည်း လိုအပ်ပါတယ်’
ဦးနိုင်မင်းစိုးသိန်း (ကရင်ပြည်နယ်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန၊ ပြည်နယ်ဝန်ကြီး)

‘ကျွန်တော်တို့လွှတ်တော်က လစာတိုးပေးဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါကိုအခွန်ဝန်ကြီးက မတိုးနိုင်ဘူးလို့ ပြောသွားပါတယ်။ ခုတော့ ကျွန်တော်တို့ ပြောတာတွေကို သူတို့က ဟိုရွှေ့ဒီရွှေ့ လုပ်နေတယ်။ ၀န်ကြီးတွေကိုလည်း ကျွန်တော်တို့ လွှတ်တော်က ဆုံးဖြတ်ပြီးတော့ ခန့်အပ်ထားတာပါ။ ဖြစ်သင့်တာက ၁၀၀ ရာခိုင်နှုန်း မတိုးနိုင်ဘူးဆိုရင်တောင် ငါးဆယ်ရာခိုင်နှုန်းတော့ တိုးနိုင်တယ်လို့ ယူဆပါ။ တိုးဖို့ လုပ်ကိုလုပ်ပေးရပါမယ်။ အဲဒီအတွက် ကျွန်တော်ထင်တာကတော့ အရေးမကြီးသေးတဲ့ စီမံကိန်းကြီးတွေရဲ့ ဘတ်ဂျက်ကိုလျှော့ပြီး အဲဒီကထွက်လာမယ့် ဘတ်ဂျက်တွေကို တိုးပေးလို့ရပါတယ်။ အခု ဝေးလံခေါင်သီဒေသက ၀န်ထမ်းတွေကို ရှားပါးစရိတ် တိုးပေးတာပဲရှိတယ်။ လစာတိုးပေးတာ မဟုတ်သေးဘူး။ တစ်ဝက်တိုးပေးမယ် ဆိုရင်တောင် အာဆီယံရဲ့ စံချိန်စံညွှန်းတွေကို မမီသေးဘူး။ အနည်းဆုံးတော့ တစ်ဝက်လောက်တော့ တိုးပေးသင့်တယ်။ စက်မှုစီမံကိန်းကြီးတွေကို လျှော့ပြီးတော့ လစာတိုးပေးလိုက်ရင် ခြစားမှုတွေကိုလည်း ကိုင်တွယ်သွားနိုင်မှာပါ’
ဦးဂျေယောဝူ (အမျိုးသားလွှတ်တော် ကိုယ်စားလှယ်)

‘လစာတိုးပေးတဲ့ နေရာမှာ ဒေသတွင်းစံနှုန်းနဲ့ ကိုက်ညီဖို့ပဲ အရင်စဉ်းစားသင့်တယ်။ အရင်ခေတ်က အရာရှိငယ်တစ်ယောက်ရဲ့လစာက ရွှေတစ် ကျပ်သားဝယ်လို့ရတယ်။ အဲဒီတော့ အခု အရာရှိငယ်တစ်ဦးရဲ့လစာကျပ် ရှစ်သောင်းတန်းကို ခုနစ်သိန်းကျော်အထိ တိုးပေးရမလို ဖြစ်နေတယ်။ အဓိကတော့ ရွှေဈေးနဲ့မတိုင်းတာ စေချင်ဘူး။ ကမ္ဘာ့ငွေကြေး စနစ်မှာလည်း ရွှေပါဝင်မှုမရှိသလောက် ဖြစ်သွားပြီဆိုတော့ ရွှေဈေးနဲ့ တိုင်းတာတာထက် ငွေလဲနှုန်း၊ ငွေကြေးဖောင်းပွနှုန်း၊ စားသုံးသူဆညွှန်းကိန်းတို့လို အခြေအနေတွေ အပေါ်မှာပဲ အကဲဖြတ်သင့်ပါတယ်။ အဓိကကတော့ အာဆီယံစံနှုန်းမီတဲ့ ၀န်ထမ်းလစာ ဖြစ်သင့်တယ်။
ဦးသန်းလွင် (ဒုတိယဥက္ကဋ္ဌ၊ ကမ္ဘောဇဘဏ်လီမိတက်)

‘ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးကတော့ ပင်စင်လစာတွေကိုလ ည်း တိုးပေးပြီးပြီ ဆိုတော့ဝန်ထမ်းတွေကိုလည်း လစာတိုးပေးချင်တဲ့ သဘောရှိတယ်လို့ ထင်ပါတယ်။ ဒါမှလည်း ၀န်ထမ်းတွေရဲ့အနေအထားက အတိုင်းအတာတစ်ခုထိ တိုးတက်သွားနိုင်ပြီး အတိုင်းအတာတစ်ခုထိ ပြေလည်သွားစေနိုင်မယ်လို့ ထင်တယ်။ ဒါပေမယ့် ဘဏ္ဍာအခွန်ဝန်ကြီးကတော့ လက်ရှိနိုင်ငံတော်ရဲ့ ဘဏ္ဍာရေး အခြေအနေအရ ၀န်ထမ်းတွေကို လစာတိုးမပေးနိုင်ဘူးလို့ ပြောတယ်။ ကျွန်တော်တို့ အနေနဲ့ ပြောရရင်တော့ လစာတိုးပေး စေချင်တာပေါ့လေ။ ၀န်ထမ်းတွေ ဆိုတာကလည်း ပြည်သူတွေထဲက ပြည်သူတွေပဲမလား။ နိုင်ငံတော်အနေနဲ့ လက်ရှိအနေအထားအရ တိုးမပေးနိုင်သေးဘူးဆိုရင် တောင်မှ ဒီတစ်နှစ်အတွင်းတော့ တိုးပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါမှလည်း ၀န်ထမ်းတွေ အတိုင်းအတာ တစ်ခုအထိ အလုပ်လုပ်သွားနိုင်မှာပါ။’
ဦးမျိုးအောင် (အယ်ဒီတာချုပ်၊ မျက်မှောက်ရေးရာမဂ္ဂဇင်း)

‘ အခုလွှတ်တော်မှာ သူရဦးရွှေမန်းက ၀န်ထမ်းတွေအနေနဲ့ လစာငွေ မလုံလောက်မှုကြောင့် အကျင့်ပျက်နေကြတယ်လို့ ပြောသွားတာ သိပ်မှန်ပါတယ်။ တစ်ဖက်က ၀န်ကြီးဖြစ်သူရဲ့ ရှင်းလင်းချက်ကလည်း ဟုတ်တာပဲ။ ကျွန်တော်တို့ဟာ နှစ်ပေါင်း ၂၀ ကျော် တိုင်းပြည်ရဲ့ ဘဏ္ဍာငွေ အခြေအနေကို သိခွင့်မှမရခဲ့ကြတာ။ ဘတ်ဂျက်ကိုလည်း အခုမှ ထုတ်ပြန်တာလေ။ စီမံခန့်ခွဲရတာ အခက်အခဲရှိကောင်း ရှိနိုင်ပါတယ်။ တစ်ဖက်ကပြန်ကြည့်ရင်လည်း ၀င်ငွေမလောက်မငှနဲ့ ရုန်းကန်နေရတဲ့ ၀န်ထမ်းတွေရဲ့ဘ၀ကို ပြန်ကြည့်ပါဦး။ တစ်ပြိုင်တည်း တိုးပေးလို့မဖြစ်နိုင်ဘူးဆိုရင် အသုတ်လိုက်ခွဲပြီး တိုးဖို့စဉ်စားစေချင်ပါတယ်။ တစ်ဖက်မှာလည်း ကုန်ဈေးနှုန်းချဖို့ လုပ်ဆောင်ရပါမယ်။ ကုန်ဈေးနှုန်းချတယ် ဆိုတာ ကုန်သည်ပွဲစားကို ဖမ်းဆီးအရေးယူဖို့ ပြောတာမဟုတ်ဘူး။ မလိုလားအပ်တဲ့ ကုန်ကျစရိတ်တွေ ကုန်ကျနေရ တာကိုလျော့ချဖို့လုပ်ရပါမယ်။ ၀န်ထမ်းတွေကတော့ မစားလောက်ရင် လုပ်မှာပဲ။ စားလောက်ရဲ့သားနဲ့ လုပ်နေတဲ့သူတွေတောင် ရှိတာပဲဗျာ။’
ပြင်ဦးလွင်မြို့မှ အငြိမ်းစား သစ်တောဝန်ထမ်း တစ်ဦး

‘လက်ရှိဖြစ်နေတဲ့ အနေအထားအတိုင်း ဆိုရင် အစိုးရ၀န်ထမ်းတွေကို လစာတိုးပေး သင့်ပါတယ်။ ၀န်ထမ်းတစ်ယောက်ရဲ့ လစာဟာ တစ်လကို တစ်သိန်း လောက်ရမှ နေလို့ထိုင်လို့ရတဲ့ အနေအထားပဲရှိသေးတယ်။ ပြောင်ပြောင်ရောင်ရောင် နေလို့ရတဲ့ အခြေအနေ မဟုတ်သေးဘူး။ အပြင်မှာ causal တစ်ယောက်က တစ်နေ့ကို အရင်တုန်းက ၃၀၀၀ ကျပ်ရတယ်။ အခုဆိုရင် ကျွမ်းကျင်လက်သမား ဆရာတစ်ယောက်ကို ၄၅၀၀၊ ၅၀၀၀ကျပ် မပေးရင် မရတော့ဘူး။ ၄၅၀၀ကျပ် ပဲထား၊ တစ်လကို ၁၃၅၀၀၀ ကျပ်ရနေပြီ။ အစိုးရ၀န်ထမ်းတွေမှာ နည်းပြတစ်ယောက်ရဲ့လစာတောင် တစ်သိန်းမပြည့်သေးဘူး။ သူတို့ ဘယ်လိုနေထိုင်စား သောက်ကြမလဲ။ အစိုးရက အစိုးရ၀န်ထမ်းတွေကို အခွန်ကရတဲ့ငွေနဲ့ လစာပေးတယ်။ ဒီတော့ အစိုးရဘက်အပိုင်းမှာ အခွန်မှန်မှန် ကောက်ရဖို့ အရေးကြီးလာပြီ။ အခွန်ကိုရအောင် ကောက်ရမယ်။ အခွန်ထမ်းတွေ စိတ်ပါလက်ပါ အခွန်ပေးချင်လာအောင် အခွန်စနစ်မျိုးဖြစ်ရမယ်။ အခွန်ဆိုတာပေးချင်တဲ့သူ နည်းတယ်။ ဒါကြောင့် အခွန်ကောက်ခံမှု စနစ် မှန်ကန်ဖို့လိုတယ်။ စင်ကာပူမှာဆိုရင် နိုင်ငံခြားသား တစ်ယောက်အနေနဲ့ ဘာပဲဝယ်ဝယ် GST အတွက် ၇ ရာခိုင်နှုန်းကို ဆိုင်က အခွန်အတွက် ပိုကောက်တယ်။ အဲဒီငွေကိုသူတို့က အခွန်ဌာနကိုပေးတယ်။ သူတို့က ကွန်ပျူတာနဲ့ကောက်ပြီး ကွန်ပျူတာနဲ့ပဲ အခွန်ဌာနကိုပို့တာ ဆိုတော့ တိတိကျကျ မှန်မှန်ကန်ကန်ရတယ်။ ကျွန်တော်တို့ဆီမှာက အခွန်ကို လူတွေက ကောက်တယ်။ လူတွေကကောက်ရင် ညှိတယ်ဆိုတဲ့ အဆင့်ဖြစ်လာပြီ။ ဒီတော့ အခွန်မှန်မှန်ရဖို့ ဆိုရင် လူတွေနဲ့လုပ်တဲ့ အစားစက်တွေနဲ့ လုပ်တာမျိုးဖြစ်သင့်တယ်’ဟု ပြောကြားခဲ့သည်။
ဦးကိုကိုကြီး (မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ အထွေထွေ အတွင်းရေးမှူး)

‘ယေဘုယျအားဖြင့် ကြည့်ရင် ၀န်ထမ်းတွေကို လစာတိုးပေးတာ ကောင်းပါတယ်။ ဒါပေမယ့် တဘက်ကလည်း ကုန်ဈေးနှုန်းပြဿနာကို ဖြေရှင်းနိုင်ဖို့ လိုပါသေးတယ်။ လစာတိုးပေးလိုက်လို့ ကုန်ဈေးနှုန်းတွေ လိုက်တက်မယ်ဆိုရင် ငွေကြေးဖောင်းပွတာပဲ အဖတ်တင်သွားမှာပါ။ ဒီကိစ္စကို ကိုင်တွယ်တဲ့နေရာမှာ နိုင်ငံတကာ ပညာရှင်တွေနဲ့လည်း ဆွေးနွေး သုံးသပ်သင့်ပါတယ်။ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံရဲ့ ၀န်ထမ်းဦးရေက ၆ သန်းမရှိပါဘူး။ သူတို့ကို တိုးပေးတာ ကောင်းပေမယ့် အခြားဝန်ထမ်း မဟုတ်တဲ့သူတွေလည်း ရှိပါသေးတယ်။ တဖက်ကလည်း ပုဂ္ဂလိက ကုမ္ပဏီတွေက လိုက်တိုးဖို့ လိုလာတဲ့အခါ ကုမ္ပဏီကြီးတွေအတွက် ပြဿနာ မရှိပေမယ့် ကုမ္ပဏီငယ်လေးတွေ အတွက် ၀န်ထမ်းဦးရေလျှော့ချတာတွေ ဖြစ်လာနိုင်ပါတယ်။ နောက်တစ်ခုက အမျိုးသားရေး အကျိုးစီးပွားဆိုတာကို ရှေ့ရှုပြီး သွင်းကုန်တွေကို ကန့်သတ်ထားမယ်ဆိုရင် နောက်တစ်ခု ကုန်ဈေးနှုန်းကျဆင်းဖို့ ဆိုရင် အဲဒီနည်းလမ်းက သိပ်မသုံးဝင်မှာ မဟုတ်တော့ဘူး။ ဈေးကွက်ထဲမှာ ယှဉ်ပြိုင်နိုင်မှုရှိမှ၊ ဥပမာ-စားအုန်းဆီလိုမျိုး ဖွင့်ပေးလိုက်တယ်ဆိုရင်တော့ အပြိုင်အဆိုင်ဖြစ်လာရင် ဈေးအရမ်းတင်လို့ မရတော့ဘူး။ အဲလို ထောင့်လိုမျိုးတွေကနေ စဉ်းစားသုံးသပ်ပြီး စနစ်တကျအဖြေရှာပြီးမှ ၀န်ထမ်းတွေကို လစာဘယ်လောက် ရာခိုင်နှုန်း တိုးပေးသင့်တယ်ဆိုတာမျိုး ဖြစ်သင့်တယ်လို့ ထင်ပါတယ်’
စာရေးဆရာ ကောင်းသန့်

‘၀န်ထမ်းတွေကို လစာတိုးပေးတဲ့အခါမှာ လက်ရှိ အနေအထားအရတော့ လစာတိုးပေးတာထက် အခြား facility ပိုင်းတွေ တိုးပေးတာက ပိုပြီးအဆင်ပြေမယ်လို့ ယူဆပါတယ်။ ဥပမာ-၀န်ထမ်းမိသားစုတွေရဲ့ ကျန်းမာရေး၊ ကလေးတွေ ပညာရေးအတွက် တစ်နှစ်ကို ဘယ်လောက်ထောက်ပံ့မယ် ဆိုတာမျိုးတွေနဲ့ အကူအညီပေးသင့်သလို တဖက်ကလည်း ၀န်ထမ်းတွေ အလုပ်လုပ်အောင် တွန်းအားပေးဖို့ လိုတယ်။ တချို့အစိုးရရုံးတွေမှာဆိုရင် ၀န်ထမ်းတွေက နာမည်ပေါက် ထားတာပဲရှိတယ်။ ရုံးသွားမတက်ဘူး။ အချိန်တန်မှ လစာသွားထုတ်တယ်။ အချိန်တန်ရင် ပင်စင်ရတယ်။ အဲဒါတွေရှိနေရင် အလုပ်လည်း မပြီးမြောက်ဘူး။ နိုင်ငံတော်ရဲ့ဘတ်ဂျက်လည်း ဆုံးရှုံးတယ်။ ၀န်ထမ်းတွေရဲ့ capacity လည်းကျတယ်။ တလောက ၀န်ကြီးတစ်ပါးနဲ့ စကားပြောဖြစ်တယ်။ သူကိုယ်တိုင် အစိုးရ၀န်ထမ်းတွေထဲမှာ အလုပ်မလုပ်တဲ့ ၀န်ထမ်းတွေ များနေတယ်ဆိုတဲ့ အကြောင်းပြောတယ်။ ဒီဝန်ထမ်းတွေကို လျှော့ချလိုက်ရင်တော့ တကယ် အလုပ်လုပ်တဲ့ ၀န်ထမ်းတွေကို ပိုတိုးပေးနိုင်တယ်လို့ပြောတယ်။ ဒါပေမယ့် တဘက်က အလုပ်လက်မဲ့ ပြဿနာတွေ ပေါ်လာရင် အသံတွေကလည်း ညံလာအုံးမယ်။ အဲတော့ အခုလိုပြုပြင်ပြောင်းလဲမှုကို သွားနေတဲ့ကာလမှာ အစိုးရအနေနဲ့ မူဝါဒတစ်ရပ်ကို ခိုင်ခိုင်မာမာပြဌာန်းပြီး အကောင်အထည်ဖော်ဖို့  ပွင့်လင်းမြင်သာမှု ရှိဖို့၊ ပညာရှင်တွေရဲ့ အမြင်ကိုယူနိုင်ဖို့ အောက်ခြေမှာ တကယ်ဖြစ်ပျက်နေတဲ့ အနေအထားတွေကို သိနိုင်ဖို့ လိုအပ်ပါတယ်’
ဦးမျိုးလှိုင်ဆွေ (မူဆယ်/နမ့်ခမ်းကုန်သည်ကြီးများ အသင်း)

‘အခြေခံအားဖြင့်တော့ ၀န်ထမ်းလစာကို တိုးကိုတိုးမှရမှာပါ။ ဘယ်လောက် တိုးပေးမယ်ဆိုတာတော့ ပြန်လာမယ့် Impact နဲ့ နှိုင်းယှဉ်ပြီး တိုးပေးမယ့် နှုန်းကိုတွက်ချက်ရမှာပါ’
ဦးရဲမင်းအောင် (မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း၊ အထွေထွေ အတွင်းရေးမှူး)

‘၀န်ထမ်းတွေလစာတိုးဖို့ အဆိုကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ကိုယ်တိုင်တင်သွင်းတော့ ၀န်ထမ်းအများစုက လာမယ့်ဘဏ္ဍာနှစ်မှာ တိုးတော့မယ်လို့ တစ်ထစ်ချယုံကြည်ထားကြတယ်။ တကယ်တော့ ဝေးလံခေါင်းဖျားတဲ့ ဒေသက ၀န်ထမ်းတွေမှ ကြပ်တည်းကြတာ မဟုတ်ပါဘူး။ မြို့ပေါ်မှာနေပြီး ကြပ်တည်းနေကြတဲ့ ၀န်ထမ်းတွေအများကြီးပါ။ အားလုံးပြင်ဆင်ပြီးမှ လစာတိုးပေးတာ ကောင်းပေမယ့် ဖြစ်နိုင်သမျှ မြန်မြန်တိုးပေးတာ အကောင်းဆုံးပါ။ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှာ တိုးပေးနိုင်တယ်လို့ မျှော်လင့်ချက်ရှိပေမယ့် အခုလို တစ်နှစ်နောက်ဆုတ်တာဟာ ၀န်ထမ်းတွေ ၀မ်းရေးဖြေရှင်းဖို့အတွက် နောက် ထပ်တစ်နှစ် မဟုတ်တာ လုပ်ခိုင်းလိုက်တာပဲ’      
မန္တလေးတိုင်းဒေသကြီး အတွင်း တာဝန်ထမ်းဆောင်နေသော အရာထမ်းတစ်ဦး

‘ကျွန်မ မူလတန်းပြဆရာမပါ။ လစာ ၅၂၀၀၀ ပဲရတယ်။ မိသားစုတစ်စုလုံး ဒီငွေနဲ့ရပ်တည်လို့မရတော့ မဖြစ်မနေ ကျူရှင်ပြရတော့တာပေါ့။ လစာတွေတိုးမယ်လို့ သတင်းကြားတော့ဝ မ်းသာပါတယ်။ တိုးလည်း တိုးပေးစေချင်ပါတယ်။ ကျောင်းဆရာမတွေ ကျူရှင်မပြရဘူးလို့ ညွှန်ကြားချက်ရှိပေမယ့် လစာနဲ့မလုံလောက်တော့ အာလုံးနီးပါး ကျူရှင်ပြနေရတယ်။ ကျောင်းမှာလည်း ပင်ပန်းခဲ့တော့ ကျူရှင်မပြချင်ပါဘူး။ စားဝတ်နေရေးအတွက် မတက်သာလို့သာ ဆရာမတွေအနေနဲ့လည်း ကျူရှင်ပြနေတာပါ။ ကျွန်မအနေနဲ့ လစာသာ တကယ်တိုးခဲ့ရင် ကျူရှင်မပြတော့ဘူးလို့ စဉ်းစားထားတာပါ။ အခုတော့ ဒီနှစ် မတိုးသေးဘူးဆိုတော့။ ကိုယ့်အနေနဲ့လည်း စာသင်တာက လွဲရင် ဘာမှမလုပ်တတ်တော့ နောက်ကျောင်းဖွင့်ရင်လည်း ဒီလိုပဲ ကျူရှင်ပြရဦးမှာပါပဲ’
မန္တလေးမြို့ရှိ အလယ်တန်း ကျောင်းတစ်ကျောင်းမှ မူလတန်းပြ ဆရာမတစ်ဦး

‘လစာတိုးပေးသင့်တယ်။ ဘယ်နှစ်ဆဆိုတာထက် အောက်ခြေကို ဘယ်လောက်၊ အပေါ်ကို ဘယ်လောက်ဆိုတာမျိုး ဖြစ်သင့်တယ်။ တပြေးညီ တိုးတာမျိုး မဖြစ်သင့်ဘူး။ ၀န်ထမ်းတွေ လစာနည်းရင် corruption များလာတယ်။ ၀န်ထမ်းတစ်ယောက်ရဲ့ လစာက တစ်သိန်းတောင် မပြည့်တော့ တစ်နေရာရာမှာတော့ ညှစ်ရမှာပဲ။ ဒါကြောင့် corruption ဆိုတာ ရှိလာတာ။ လစာနည်း ၀န်ထမ်းတွေကို ဘယ်နှယ်ရာခိုင်နှုန်း ဆိုတာမျိုး၊ လစာများတဲ့သူတွေကို ဘယ်လောက်ဆိုတာမျိုး မျှမျှတတနဲ့ တစ်ဘက်စောင်းနင်း မဖြစ်အောင် တိုးပေးဖို့လိုတယ်။ အထူးသဖြင့် လစာနည်းဝန်ထမ်းတွေကို ပြန်ကြည့်သင့်တယ်။ ၀န်ထမ်းတွေကလည်း နိုင်ငံတော် က လစာတိုးပေးတဲ့အတိုင်း အလုပ်လုပ်ဖို့လိုတယ်’                       
ဦးဇော်ဝင်း (ဆည်မြောင်းဦးစီးဌာနမှ အငြိမ်းစား၊ ဒုညွှန်ချုပ်)

‘အခုကိစ္စကလွှတ်တော်ထဲမှာ အပြီးအပြတ် ဆုံးဖြတ်ထားတာတော့ မဟုတ်သေးဘူ။ ပြည်ထောင်စုလွှတ်တော်ကို ရောက်လို့ရှိရင်တော့ ထပ်ပြီး ဆွေးနွေး သုံးသပ်လို့ ရသေးတယ်။ ၀န်ထမ်းကို အကယ်၍ လစာတိုးပေးဖို့ နိုင်ငံတော်ပိုင်းမှာ အခက်အခဲရှိနေတယ်ဆိုရင် ရှားပါးစရိတ်ပုံစံမျိုးနဲ့ အထောက်အပံ့ ပေးတယ်ဆိုရင်လည်း ၀န်ထမ်းတွေအတွက်တော့ ထွက်ပေါက်တစ်ခုပဲ။ အရင်တုန်းက ၀န်ထမ်းတွေကို ရှားပါးစရိတ်ပေးခဲ့တာ ရှိခဲ့ဖူးတယ်။ အခုလည်း အဲလိုပုံစံမျိုး အတိုင်းပံ့ပိုးပေးတာမျိုး လုပ်မယ်ဆိုရင်တော့ ၀န်ထမ်းတွေလည်း အဆင်ပြေလာနိုင်တယ်’
ဦးခင်မောင် (ပင်စင်ဦးစီးဌာန၊အငြိမ်းစား ညွှန်ကြားရေးမှူးချုပ်)

‘ကျွန်မတို့နိုင်ငံရဲ့ အမြင့်ဆုံး အဖွဲ့အစည်းဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးသားဆိုတော့ အားလုံးကသေချာပေါက် တိုးပြီလို့ပဲ တွက်ထားကြတာ။ ကျွန်မတို့ဝန်ထမ်းတွေ အကုန်လုံးက လစာတွေ တိုးပေးမယ်လို့ မျှော်လင့်ထားကြတာ၊ တိုးမယ်လို့ မျှော်လင့်ထားတာ မတိုးဘူးဆိုတော့ အားလုံး စိတ်ပျက်ကုန်တာပေါ့’
နေပြည်တော်ရှိတွင် တာဝန်ထမ်းဆောင်နေသော ၀န်ထမ်းတစ်ဦး
EMG

ရင်ဘတ်ကြီး ကော့ကော့ချိန်တုန်းက

ရင်ဘတ်ကြီး ကော့ကော့ချိန်တုန်းက

ရင်ဘတ်ကြီးကိုကော့ ကော့ ပြီး
အမှန်တရားရဲ့ ဘက်တော်သား ပုံစံတွေ
ဖမ်းခဲ့ပြီးသွားပါပြီ . . .

ရင်ဘတ်ကြီးကိုကော့ကော့ထားတော့
အမှန်တရားတွေကိုလဲ တခါတလေ
ခြေကျော်သွားချင်သွားခဲ့တယ် . . .

ရင်ဘတ်ကြီးကော့ကော့ထားတာကို
ဖြေချလာတာနဲ့ အမျှ
ခြေအောက်က အနာတွေကိုတွေ့တွေ့လာရ . . .

ရင်ဘတ်ကြီး ကော့ကော့ထားချိန်တုန်းက
မိတ်ဆွေတွေဟာ ရင်ဘတ်ဖြေချချိန်မှာတော့
ဝိုင်းဝန်းရန်လိုလာကြ . . .

ရင်ဘတ်ကြီးလည်း အခုဆို မကော့တော့ပါဘူး
ရိုးရိုးရှင်းရှင်း အနေအထားမှာ
အမှန်တရားကို ပိုမြင်ပါတယ် . . .

ရင်ဘတ်ကြီး ကော့ကော့ချိန်တွေကို သတိရ
ရင်ဘတ်ကြီး ကော့ကော့ချိန်တွေက အမှားများ
ရင်ဘတ်ကြီး ကော့ကော့ချိန်တုန်းက မိတ်ဆွေများ
ရင်ဘတ်ကြီး ကော့ကော့ ချိန်တုန်းက ရန်သူများ
ရင်ဘတ်ကြီး ကော့ကော့ ချိန်တုန်းက . . .
ရင်ဘတ်ကြီး ကော့ကော့ ချိန်တုန်းက. . .

ကြက်ဆူ တွေမင်းမူတဲ့ နိုင်ငံ

ကြက်ဆူ တွေမင်းမူတဲ့ နိုင်ငံ

အရာအားလုံးဟာ
စီစဉ်ပြီးသားလို့ ပြောကြတယ်
ဘယ် တော မှာမှ
ကြက်ဆူပင်တွေ မင်းမူတာမတွေ့ခဲ့ဖူးဘူး . . .

မျှော်လင့်ချက်တွေ ပိလွန်းလို့လဲ
လျှာထွက်နေပါပြီ
အခုတော့ လည်း
လက်တကမ်းအကွာကိုပဲ ကြည့်ကြည့် မိ . . .

ကိုယ့်ဘက်သူ့ဘက်မျှကြည့်ရင်တောင်
လွန်နေတာသိသာနေပါပြီ
အားမတန်လို့ မာန်လျှော့နေရင်း
မာန်တောင်ရှိသေးရဲ့လား မသေချာတော့ . . .

ပြောခဲ့ပြီးပါပြီ
ဘယ်တောမှာမှ ကြက်ဆူပင်တွေမင်းမူတာ
မတွေ့ခဲ့ဖူးဘူး
ကျနော်တို့ နေတဲ့ မြို့ကြီးပြကြီးမှာတော့
ကြက်ဆူပင်တွေမင်းမူရုံတင်မက
အပြိုင်းအရိုင်း နဲ့ တောထ . . .

တကိုယ်လုံးကို အနှစ်ရှိမရှိ
ဘယ်လို ခွဲခြမ်းရမလဲ
တပြည်လုံးကို အနှစ်ရှိမရှိ
ဘယ်လို ခွဲခြမ်းမလဲ
အခုတော့
တကိုယ်လုံးသာမက
တပြည်လုံး မှာပါ
နုနာဝဲစွဲ . . .

3:04pm Feb 19 နိုင်ငံ့ဝန်ထမ်းများအား လစာတိုးမြှင့်ပေးဦးမည် မဟုတ်ဟု ပြည်ထောင်စု ၀န်ကြီး ရှင်းလင်း၊



3:04pm Feb 19
နိုင်ငံ့ဝန်ထမ်းများအား လစာတိုးမြှင့်ပေးဦးမည် မဟုတ်ဟု ပြည်ထောင်စု ၀န်ကြီး ရှင်းလင်း၊

(EMG ဆောင်းပါးမှကောက်နုတ်ဖေါ်ပြပါသည်
။)

“နိုင်ငံ့ဝန်ထမ်းအားလုံးရဲ့ လုပ်ခ၊ လစာစရိတ်နဲ့ ချီးမြှင့်ငွေများကို ၁၉၅၉-၁၉၆၀ ပြည့် နှစ်က ရရှိတဲ့ စရိတ်များ၏ တန်ဖိုး အတိုင်းဆောင်ရွက်ပေးမယ်ဆိုရင် အဲဒီတုန်းကစပါးတင်း ၁၀၀ ကို ၃၅၀ ကျပ်၊ ရွှေ ၁ကျပ်သားလျင် ၂၇၂ ကျပ်၊ အနိမ့်ဆုံးမြို့ပြ ၀န်ထမ်းတစ်ဦး၏ လစာမှာ ၈၂ ကျပ်ဖြစ်လို့ ရွှေ ၀.၃၀ ကျပ်သား ၀ယ်ယူနိုင်တာကို တွေ့ရပါ တယ်။ ဒီနေ့ခေတ် ရွှေဈေးနဲ့တွက်ရင် အဆပေါင်း ၂၅၀၀ ကျော်၊ လက်ရှိ စပါးဈေးနှုန်းနဲ့တွက်ရင် အဆပေါင်း ၁၀၀၀ကျော် တိုးပေးရမှာဖြစ်ပါတယ်။ ရွှေဈေးနှုန်းအရ တိုးတက်လာသည့် အဆပေါင်းမှာ ၂၅၀၀ ကျော်ရှိတဲ့ အတွက် ရွှေဈေးနှုန်းဖြင့် မတွက်ဘဲ စပါးဈေးနှုန်းနဲ့ တွက်ပါက အနိမ့်ဆုံး မြို့ပြ၀န်ထမ်းတစ်ဦး(သို့) တပ်မတော်သားတစ်ဦး၏ လစာမှာ ၈၂၀၀၀ကျပ်၊ အမြင့်ဆုံး ၀န်ထမ်းတစ်ဦး၏ လစာမှာ ၁၆သိန်းအထိ တိုးမြှင့်ပေးရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် လစာနဲ့စရိတ် စုစုပေါင်းကျပ် ၃၃၀၉.၂၈၆ ဘီလီယံ သုံးစွဲရမည်ဖြစ်ပြီး လက်ရှိလစာနှင့် စရိတ်စုစုပေါင်းကျပ် ၉၁၁.၃၈၅ ဘီလီ ယံထက် ကျပ် ၂၃၉၇.၉၀၁ ဘီလီယံပိုမို ကုန်ကျမှာ ဖြစ်ပါတယ်။ ပြီးတော့ လက်ရှိလစာ၏ ၁၀၀ ရာခိုင်နှုန်းတိုးမြှင့် တွက်ချက်မည်ဆိုလျင် အနိမ့်ဆုံးလစာ မှာ ကျပ် ၇ သောင်းနှင့် အမြင့်ဆုံးလ စာမှာ ၄ သိန်း ၂ သောင်း ဖြစ်သဖြင့် စုစုပေါင်းကျပ် ၁၈၂၂.၇၇၀ ဘီလီယံ သုံးစွဲရမှာဖြစ်လို့ လက်ရှိလစာနှင့် စရိတ်ထက် ၉၁၁.၃၈၅ ဘီလီယံပိုမို ကုန်ကျပါမယ်။ လက်ရှိဝန်ထမ်းများ ရဲ့လစာကို တိုးမြှင့်ပေးပါက ပင်စင်လစာများကိုပါ တိုးမြှင့်ပေးရမည်ဖြစ်၍ ကျပ်ဘီလီယံများစွာ လိုအပ်လာမှာ ဖြစ်ပါတယ်။ လက်ရှိနိုင်ငံတော်ရဲ့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်အား ရင်းနှီးမြှပ်နှံမှုနှင့် ဂျီဒီပီအချိုး ၃၁.၉၄ ရာခိုင်နှုန်း ရရှိရန်နှင့် ဂျီဒီပီ တိုးတက်နှုန်း ၇ ရာခိုင်နှုန်းရရှိဖို့ အတွက် ဘတ်ဂျက်လိုငွေနှင့် ဂျီဒီပီအချိုးကို ၄.၉ ရာခိုင်နှုန်းဖြင့် ရေးဆွဲထား၍ စုစုပေါင်းအသုံးစရိတ်တွင် သာမန်အသုံးစရိတ်နှင့်ငွေလုံးငွေ
ရင်း အသုံးစရိတ်ပါဝင်မှု အချိုးအစားမှာ ၆၀း၄၀ ဖြစ်ပါတယ်။ ဘတ်ဂျက်လိုငွေ ကို ပြည်ပမှချေးယူ၍ ဖြည့်ဆည်းပါက ကြွေးမြီပိုမို ကြီးမားလာပါမယ်။ဘတ် ဂျက်လိုငွေကို ငွေစက္ကူများ ရိုက်နိပ်၍ ဖြည့်ဆည်းပါက ၂၀၁၂ ခုနှစ် ဇန်န၀ါရီလတွင် ပြည်တွင်း လှည့်လည် သုံးစွဲငွေပမာဏ ပိုမိုတိုးတက် များပြားလာပြီး ငွေကြေးဖောင်းပွမှု မြင့်မားလာ ပါမယ်။ နိုင်ငံတော်အနေနဲ့ ကမ်းလွန် သဘာဝဓာတ်ငွေ့စီမံကိန်းများတွင် ပြည်ပချေးငွေဖြင့်၎င်း၊ နိုင်ငံပိုင်နိုင်ငံ ခြားငွေဖြင့်၎င်း၊ ရင်းနှီးမြှပ်နှံလျက်ရှိ ပြီး ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် လုပ်ငန်းများ အားလုံးပြီးစီးမယ်လို့ မှန်းထားပါတယ်။ ၂၀၁၄ ခုနှစ် နှစ်စပိုင်း တွင် ၎င်းကမ်းလွန် သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ ၀င်ငွေများ တိုးတက် ရရှိလာမှာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ရင်းနှီးမြှပ်နှံမှုဖြစ်သော ငွေလုံးငွေရင်း အသုံးစရိတ်ကို လျော့ချရန် လက်ရှိ အခြေအနေတွင် မသင့်သေးကြောင်း တွေ့ရှိရပါတယ်’’ဟုပြောကြားခဲ့သည်။

ဟားဗတ်တက္ကသိုလ်ရဲ့ မနက်လေးနာရီမြင်ကွင်း

 

ဒီဓာတ်ပုံဟာ ဟားဗတ်တက္ကသိုလ် စာကြည့်တိုက်ရဲ့ နံနက် ၄ နာရီ ပါ။ တော်တော်လေးကောင်းလို့ ဘာသာပြန်ပေး လိုက်တာပါ။ အောင်မြင်မှုရရှိခဲ့သူတွေရဲ့နောက်ကွယ်မှာ ဘယ်လောက်ထိ ကြိုးစားအားထုတ်ခဲ့ရတာရှိသလဲဆိုတာကို ဒါလေးကသက်သေ ပြနေပါတယ်။ ဟားဗတ်တက္ကသိုလ်ကဆရာတွေ ပြောပြလေ့ရှိတာကတော့ သင်ဘ၀မှာစိတ်တိုင်းကျဖို့နဲ့ ကောင်းတဲ့ဝေဖန်မှုရချင်ရင်တော့ ဟားဗတ်တက္ကသိုလ်မှာ ပညာသင်နေတဲ့အချိန်နေရောင်နဲ့ ထိတွေ့ဖို့အချိန်မရှိဘူး။
ကမ္ဘာ့ထိပ်ဆုံးကျောင်းတစ်ကျောင်းအနေနဲ့ ဟားဗတ်က နာမည်ကြီးပုဂ္ဂိုလ်တွေ အများကြီးမွေးထုတ်ပေးခဲ့တယ်။ အဲ့ထဲမှာ နိုဘယ်လ်ဆုရှင် ၃၃ဦး၊ အမေရိကန်သမ္မတ ၇ဦး နဲ့ နယ်ပယ်အသီးသီးက ထူးချွန်ထက်မြတ်သူတွေပါတယ်။ ဘာကြောင့် ဟားဗတ်ဟာ သူတို့ရဲ. မွေးရပ်ဇာတိဖြစ်နေတာလဲ။ ဟားဗတ်ကျောင်းသားတွေဟာ ဘယ်လို စိတ်ဓာတ် နဲ.တွေးခေါ်မှုတွေကိုရရှိခဲ့ ကြတာလဲ။ ဒီအဖြေကိုလူပေါင်းများစွာ လိုက်ရှာနေကြတယ်။

ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံမှာ ရေးထားတဲ့ ဆုံးမစာလေးကတော့ အဖြေပေးပါလိမ့်မယ်။ တိုတောင်းတဲ့ စာသားလေးတွေဟာ လေးနက်တဲ့တွေးခေါ်မှု တွေပေးပြီး စိတ်ဓာတ်တက်ကြွစေတယ်။

ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က အချက်၂၀ ဆုံးမစာကတော့…
၁) ဒီအချိန်မှာ အိပ်ငိုက်နေလျှင် မင်း အိပ်မက်မက်လိမ့်မည်။ ဒီအချိန်မှာ ကြိုးစားလျှင် မင်းအိပ်မက် အကောင်ထည်ဖော်နိုင်မည်။
၂) ငါ လစ်လျှူခဲ့သောယနေ့သည် မနေ့က နောက်ရက်တွင် ပျက်စီးလိုသောသူ၏ဆုတောင်းခြင်းပင်။
၃) အချိန်နှောင်းပြီဟု ထင်လိုက်သောအချိန်သည် အစောဆုံး အချိန်ပင်ဖြစ်သည်။
၎) ယနေ့အလုပ်ကို နောက်နေ့အထိမဆွဲပါနှင့်။
၅) စာကြိုးစားချိန် ပင်ပန်းတာဟာ တခဏပါ။ မကြိုးစားလိုက်ပါမှ တသက်တာပင်ပန်းမှာ။
၆) သင်ယူတာဟာ အချိန်မရှိတာမဟုတ်ဘူး။ ကြိုးစားအားထုတ်မှုမရှိတာပါ
၇) စိတ်ချမ်းသာမှုဟာ အဆင့် သတ်မှတ်ထားတာ ရှိချင်မှရှိလိမ့်မည်။ အောင်မြင်မှုမှာတော့ရှိတယ်။
၈) သင်ယူတာဟာ လူ့ဘ၀ရဲ.အားလုံးမဟုတ်ပါ။
လူ့ဘ၀ရဲ. တစ်စိတ်တစ်ပိုင်းလေးကိုတောင်မှ မအောင်မြင်နိုင်ဘူး ဆိုရင် ဘာလုပ်နိုင်ဦးမှာလဲ။
၉) မရှောင်ဖယ်နိုင်တဲ့ ပင်ပန်းဆင်းရဲမှုများကို ခံစားပါ။
၁၀) သူများထက်ပိုစော၊ ပို ကြိုးစားနိုင်မှ အောင်မြင်မှုအရသာကို ခံစားရမှာ။
၁၁) ဘယ်သူမှ လွယ်လွယ်ကူကူနဲ့မအောင်မြင်နိုင်ဘူး၊ ဒါဟာ ကိုယ့်ရဲ. ပြည့်စုံသော ပင်ကိုယ်ထိန်းနိုင်စွမ်းအားနှင့် မလျှော့သော ဇွဲ လုံ့လတို့မှ ရရှိလာတာ။
၁၂) အချိန်ဟာအမြဲတမ်းကုန်ဆုံးနေတယ်။
၁၃) ဒီနေ့ယိုသောသားရည်သည်နောက်နေ့၏မျက်ရည်ဖြစ်လိမ့်မည်။
၁၄) ခွေးလိုသင် လူကြီးလူကောင်းလို ကစားပါ။
၁၅) ဒီနေ့ မသွားလျှင် နောက်နေ့ပြေးရလိမ့်မည်။
၁၆) အနာဂတ်ကို ရင်နှီးမြုပ်နံနေတဲ့သူဟာယခုလက်တွေ့ကိုသစ္စာရှိသူပါ။
၁၇) ပညာရည်အဆင့်အတန်းဟာ ၀င်ငွေ အဆင့်အတန်း ကို ကိုယ်စားပြုတယ်။
၁၈) တနေ့တာကုန်ဆုံးသွားလျှင် ပြန်မလာတော့ပါ။
၁၉) အခုတောင်မှ သင်၏ပြိုင်ဖက်သည် စာရွက်ကို အဆက်မပျက်လှန်နေပြီ။
၂၀) အကျပ်အတည်းအခက်အခဲမရှိလျှင် အကျိုးအမြတ်မရနိုင်ပါ။