
" အတိတ်မေ့တဲ့ ကမ္ဘာ "
အရင်က ဘာပဲဖြစ်ခဲ့ခဲ့
ကမ္ဘာကြီးဟာ သူမဖြစ်ခဲ့သလိုငြိမ်နေတယ် . . .
အရင်က ဘယ်သူတွေမတရားလုပ်ခဲ့ခဲ့
ကမ္ဘာကြီးဟာ သူမသိခဲ့သလိုငြိမ်နေတယ် . . .
အရင်က ဘယ်နေရာမှာဘယ်သူတွေ သာသာ
အရင်က ဘယ်နေရာမှာ ဘယ်သူတွေ နာနာ
ကမ္ဘာကြီးဟာ ငြိမ်နေတယ်
ငြိမ်နေတဲ့ကမ္ဘာကြီးဟာ
နာလည်းနာနေပုံပဲ
ဒီတော့ ကမ္ဘာကြီးဟာ ငြိမ်နာကြီးဖြစ်နေတယ် . . .
ငြိမ်နာ တာဟာ ငြင်သာ တာလား
ငြင်သာ လွန်းလို့ပဲ ငြိမ်နာတာလား
ကမ္ဘာဟာ ပြားလည်း မပြားခဲ့ပဲနဲ့
အတိတ် မေ့သွား . . .
အရင်က ဘာပဲဖြစ်ခဲ့ခဲ့
ကမ္ဘာကြီးဟာ သူမဖြစ်ခဲ့သလိုငြိမ်နေတယ် . . .
အရင်က ဘယ်သူတွေမတရားလုပ်ခဲ့ခဲ့
ကမ္ဘာကြီးဟာ သူမသိခဲ့သလိုငြိမ်နေတယ် . . .
အရင်က ဘယ်နေရာမှာဘယ်သူတွေ သာသာ
အရင်က ဘယ်နေရာမှာ ဘယ်သူတွေ နာနာ
ကမ္ဘာကြီးဟာ ငြိမ်နေတယ်
ငြိမ်နေတဲ့ကမ္ဘာကြီးဟာ
နာလည်းနာနေပုံပဲ
ဒီတော့ ကမ္ဘာကြီးဟာ ငြိမ်နာကြီးဖြစ်နေတယ် . . .
ငြိမ်နာ တာဟာ ငြင်သာ တာလား
ငြင်သာ လွန်းလို့ပဲ ငြိမ်နာတာလား
ကမ္ဘာဟာ ပြားလည်း မပြားခဲ့ပဲနဲ့
အတိတ် မေ့သွား . . .
မာဃလုလင်
No comments:
Post a Comment