Total Pageviews

Friday, February 10, 2012

မြုံး

 မြုံး

ည (၉) နာရီခန့် ။  အိမ်ရှေ့မှ အဆက်မပြတ်ဟောင်နေသော ခွေးသံကြောင့် ပြူတင်းတံခါးကိုဖွင့်ကာ အိမ်ရှေ့ကို လှမ်းကြည့်မိသည်။ နဖူးစီးတွင် မီးလုံးပါသော ဦးထုပ်ကိုဆောင်းထားသည့် ငါးရှဉ့်ထောင်သောသူနှစ်ယောက် ။ အိမ်ရှေ့မြောင်းထဲတွင် ငါးရှဉ့် ထောင်သည့်မြုံးကို ချနေကြသည်။ တစ်ယောက်က တစ်ဖက် အလုံးနှစ်ဆယ်ခန့်ရှိ မြုံးများကို ထမ်းထားသည်။မကြာခဏ လာထောင်တတ်သော်လည်း လမ်းထဲကခွေးများက ကြည့်မရလို့ထင်သည် လာတိုင်း ဟောင် တတ်သည်။

            ငါးရှဉ့်ထောင်သည့် မြုံး ဟုခေါ်မလား ပလိုင်းဟုခေါ်မလား မသိပါ။ ပုံသဏ္ဍန်မှာ အောက်ခြေလုံးဝိုင်းရု်  တစ်ထွာခန့််ရှိသော လည်တိုင်ပါရှိသည်။မျက်စေ့ထဲ မြင်အောင် ဥပမာပြော၇လျှင် မနှိုင်းကောင်း နိုင်းကောင်း ဘုရားစင်ပန်းအိုးနှင့်တူသည်။

          ပလိုင်းထဲတွင် ငါးရှဉ့်ကြိုက်သော အစာရှိမည်။ ငါးရှဉ့်သည် အစာဇောဖြင့် ထိုပလိုင်းထဲသို့ တိုးဝင်သောအခါ ဝင်ပေါက်တွင် မည်သည့်အတားအဆီး အနှောင့်အယှက်မှ မရှိ။ အေးဆေးငြင်သာစွာ ပလိုင်းထဲသို့ရောက်မည်။  သို့သော် ပြန်ထွက်ဖို့ မကြိုးစားပါနှင့်။ ပြန်ထွက်ရန်ကြိုးစားပါက ဝင်ပေါ်က်ပတ်ပတ်လည်တွင် ချွန်မြသော ဝါးချွန်များက တိုးထွက်မည့် ငါးရှဉ့်ကို နာကျင်အောင်ဟန့်တားလေမည်။ ငါးရှဥ့်ဝင်လာသော လမ်းကြောင်းသည် ဝါးချွန်နှင့် လားရာတူနေရု် ပြသ၁နာမရှိသော်လည်း ပြန်ထွက်မည့်လမ်းကြောင်းမှာ ဝါးချွန်နှင့် ဆန့်ကျင်ဖက်ဖြစ်နေသည်။

 ×××××××××××××××××××××××

        မြန်မာနိုင်ငံတွင် အခြေခံ ဆင်းရဲသားလူတန်းစားဋ္ဌ်  အလုပ်သမားများက တောင်သူလယ်သမားများထက်ပင် ပိုဆင်းရဲကျပ်တဲကြသည်။ ဈေးကွက်စီးပွားရေးအရ အလုပ်ရှင်နည်းပြီး အလုပ်သမားများနေရု်  လုပ်ခလစာ တို့မှာ အလုပ်ရှင်တို့၏ ဈေးကွက် ဖြစ်နေသည်။ နောင်တွင် စီးပွားရေး ပိတ်ဆို့ထားမှုများ ဖြေလျှော့ ကင်းလွတ်သွားပါက နိုင်ငံခြားမှ အလုပ်ရှင်လူတန်းစားများ ဝင်ရောက်ရင်းနှီးမြှုတ်နှံကြလျှ
င် အလုပ်သမားများ ဈေးကွက် ပြန်ဖြစ်လားနိုင်သည်။ အလုပ်ရှင်တွေကလည်း အလုပ်သမားများအပေါ် အရင်လို တင်းကျပ်ရု် မရနိုင်  ။တင်းကျပ်နေလျှင်လည်း သူ့အလုပ်တွင် အလုပ်သမား မရှိနိုင်။  အလုပ်သမားမရှိလျှင် အလုပ်လုပ်ရု် မရတော့။ ထို့ကြောင့် မြန်မြန် ပိတ်ဆို့မှုများကင်းစေချင်မိသည်။
         အလုပ်သမားတို့၏ ချွေးနဲစာများထဲက အချို့ကိုဖဲ့ရု်  အလုပ်ရှင်ကလည်းထည့်စေရု် အလုပ်သမားတို့၏ ကျမ်းမာရေး  /လုပ်ငန်းခွင်ထိခိုက်မှု / နာရေး  /ကိုယ်လက်အင်္ဂါ အမြဲမသန်စွမ်းမှု ပင်စင်စသော အကျိုးခံစားခွင့်တို့အတွက် အလုပ်သမားတို့၏ အကျိုးကို စီမံခန့်ခွဲရသော ဌာနတစ်ခုရှိသည်။ ``လူမှုဖူလုံရေး``အဖွဲ့ဖြစ်သည်။
   အစိုးရ၏ တိုက်ရိုက်စီမံခန့်ခွဲမှုအောက်မှဖြစ်သည်။  အမှန်မှာ လူမှုဖူလုံရေး အဖွဲ့သည် အလုပ်သဘောအရ အစိုးရ ဌာနတစ်ခုသဘောထက် လူမှုအဖွဲ့အစည်းဆန်သော social team တစ်ခုပုံစံဖြစ်သင့်သည်။
            ထို့အတူ လူမှုဖူလုံရေးအဖွဲ့သို့ ထည့်ဝင်သော အလုပ်သမားများ၏ ထည့်ဝင်ကြေးများမှာလည်း  လူမှု အဖွဲ့အစည်းပိုင် ရံပုံငွေသဘောဖြစ်ရု်  နိုင်ငံတော် ဘက်ဂျက်အတွင်းသို့ မရောယှက်သင့်ဟု ထင်ပါသည်။ ယင်းငွေသည် အခွန်မဟုတ်ပါ။ အလုပ်သမား လူမှုဖူလုံရေးအဖွဲ့ပိုင် သို့မဟုတ် အလုပ်သမားထုပိုင် သီးသန့်ရံပုံငွေဖြစ်သည်။ နိုင်ငံတော်ပိုင်ငွေမဟုတ်သဖြင့် အဖွဲ့အစည်းအတွက်မှ လွဲရု် နိုင်ငံတော်၏ မည်သည့်နေရာအတွက်မှ သုံးစွဲရန်မသင့်ဟုထင်ပါသည်။
           သို့သော်အလုပ်သမားထု ချွေးနဲစာ ထိုရံပုံငွေတို့သည် နိုင်ငံတော်ဘက်ဂျက်ထဲသို့ ရောက်သွားသည်။  

    စက်မှုဇုံ ရှိ လူမှုဖူလုံရေးဆေးခန်းသည် ကျဉ်းမြောင်းလွန်းလှသည်။

    နတ်စ်မ နှင့် မည်သည့်အဆင့်မှန်းမသိသော ဝန်ထမ်းများက လာရောက်သောအလုပ်သမား လူနာများကို ရိုင်းစိုင်းမောက်မာစွာ ဟောက်ကြ အော်ကြသည်။

     အပေါစား ဆေးတို့ကိုသာပေးရု်  အလုပ်ဆေးခွင့်အတွက် လိုချင်လျှင်လည်း ကော်ဖီမစ် ပါကင်လိုက်ပေးမှ လွယ်သည်။

     ဆရာဝန်မပြည့်စုံ  ဆေးဝါးမပြည့်စုံ  ဝန်ထမ်းမပြည့်စုံ  --- ပြည့်စုံသော အလုပ်သမားဆေးရုံကြီးကလည်း မြို့ထဲ ဘက်မှာဆိုတော့ ဝေးလို့တော်ရုံမသွားဖြစ်။

       ဒါနဲ့ နာမည်ကသာ လူမှုဖူလုံရေးဖြစ်သည် ။  ဘာမှမဖူလုံ ပါ။  အလုပ်သမားတွေ၏ အခွင့်အရေးကို မထိခိုင်စေချင်ရု်  မကျမ်းမာသော ဝန်ထမ်းများကို လူမှု ဖူလုံရေးဆေးခွင့်ယူခိုင်းတိုင်း `` နေပါစေတော့ ဆရာရယ် --  သမီးအခုခဏအလုပ်ထွက်ထားချင်တယ်   ရွာပြန်ပြီးဆေးကု နားပြီးမှ  နေကောင်းရင် ဒီမှာ အလုပ်ပြန်လုပ်ချင်တယ်`` ဟုသာပြောတတ်သည်။
         လူမှုဖူလုံရေး  အလုပ်ရှင်အလုပ်သမားထည့်ဝင်ကြေး ကို လုပ်ခဝင်ငွေအတန်းအစား အလိုက်အနည်းဆုံး အဆင့် ၁ မှ အဆင့် ၁၅ အထိ ရှိသည်။ နောက်ပိုင်း အဆင့်၁  မှ အဆင့် ၁၁ ထိအလိုလိုပျက်ပျယ်ကာ အဆင့်၁၂ မှ၁၅ သာသတ်မှတ်သည်။ အခုတော့ အားလုံးတပြေးညီသတ်မှတ်ကာ အများဆုံးထည့်ဝင်ရသော အတန်းအစားဖြစ်သည့် အဆင့် ၁၅ ဖြင့်သာ အတူတူ ထည့်ဝင်စေတော့သည်။
 လုပ်ခဝင်ငွေအဆင့်တန်း ၁၅ မှာ အလုပ်သမားက ၄၆၅ ကျပ်နှင့် အလုပ်ရှင်မှ  ၇၇၅ ကျပ် စုစုပေါင်း     ၁၂၄၀ ကျပ်   ထည့်ရသည်။ အလုပ်သမား ၂၀၀၀ ဝန်းကျင်ရှိသော အထည်ချုပ်စက်ရုံတစ်ရုံ က ပျှမ်းမျှ တစ်လလျှင် ဖူလုံရေး ထည့်ဝင်ငွေ ၂၃ သိန်းဝန်းကျင်ဖြစ်သည်။ စက်မှုဇုံတစ်ခုလုံးဆိုပါက တစ်လ ကျပ်သိန်းပေါင်း ၈၀၀ ကျော်သည်။  
         နိုင်ငံတော် ဘက်ဂျက်ရှာပေးသော ဌာန ၁၈ ခုရှိသည်။ လူမှုဖူလုံရေးမှ နိုင်ငံတော်ဘက်ဂျက်အတွက် အလုပ်သမားများထံမှ ကောက်ခံ ပေးခြင်းဖြင့် နံပါတ် ၈ ချိတ်သည်။ သူ့အောက် ၁၀ ဌာနတောင်ရှိသတဲ့။ အလုပ်သမားထု ပိုင်သောအဖွဲ့ ရံပုံငွေများကို မတရားသိမ်းပိုက်ထားခြင်းပင်။  ယခုအခါ လွှတ်တော်တွင် အလုပ်သမားတို့၏ ခံစားခွင့်အတွက် မစားရဝခမန်း အွန်ပေပါ ပလန်များဆွဲထားသည်။ အလုပ်သမားကဒ်များ ကို စမတ်ကဒ်များဖြင့် လုပ်မည်။ နောင်တွင် မည်သည့်လူမှုဖူလုံရေးအဖွဲ့ဝင် အလုပ်သမားမဆို တိုက်ခန်းများ ကိုတောင် အရစ်ကျ ဝယ်ယူနိုင်မည်။ အကျိုးခံစားခွင့်များကလည်း အလွန်မက်လောက်ပါသည်။
×××××××××××××××××××××

          (မြုံး) ပလိုင်းထဲတွင်ထည့်ထားသော အစာက ငါးရှဉ့်ကိုဆွဲဆောင်သည်။ ငါးရှဉ့်သည် ပလိုင်းထဲသို့ဝင်သောအခါ လုံးဝနှောင့်ယှက် မှုများမရှိ ။ အဟန့်အတားမရှိ။ ပြန်ထွက်မည်ဆိုတော့  ချွန်မြသော ဝါးချွန်တို့ကြောင့် ထွက်မရတော့။ 

       ကှုသို့ဖြင့် ငါးရှဉ့်သည်  မုဆိုး၏ သားကောင်ဖြစ်သွားသကဲ့သို့ -----------------------

        ကိုစိုးနိုင်

No comments:

Post a Comment