Total Pageviews

18796

Friday, February 10, 2012

မြန်မာစစ်အစိုးရ၏ ထောက်လှမ်းရေးများဟု စွတ်စွဲပြီး သတ်ဖြတ်ခံရသူ ကျောင်းသား၊လူငယ်များ စာရင်း ထွက်ရှိ


မြန်မာစစ်အစိုးရ၏ ထောက်လှမ်းရေးများဟု စွတ်စွဲပြီး သတ်ဖြတ်ခံရသူ ကျောင်းသား၊လူငယ်များ စာရင်း ထွက်ရှိ

မိုးမခအထောက်တော် ၀၀၂၊ ဖေဖော်ဝါရီ ၉ ၊ ၂၀၁၂
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(မြောက်ပိုင်း) ပါဂျောင်ဒေသ၊ လိုင်စင်စခန်းတွင် စစ်ထောက်လှမ်းရေးများဟု မတရားစွပ်စွဲကာ နှိပ်စက် သတ်ဖြတ်ခံရပြီး သေဆုံးခဲ့ရသူများစာရင်း ထွက်ရှိလာသည်ကို တွေ့ရသည်။ ဖေ့စ်ဘွတ်ပေါ်တွင် အဆိုပါစာရင်း ထွက်ရှိလာခြင်း ဖြစ်ပြီး  ၁၉၉၂ ဖေဖော်ဝါရီလ ၁၂ ရက် တွင် သတ်ဖြတ်ခံရသည့် ကျောင်းသားများစာရင်း ပါဝင်သည်ကို တွေ့ရသည်။ အဆိုပါ အရေးအခင်းကြောင့် ထွက်ပြေးလွတ်မြောက်လာသူ ကျောင်းသား လူငယ် ၇၀ ဥိး ရှိသည်ဟု ရေးသားထားသည်။
အမှန်တရား သည် သင်တို့နှင့်အတူ ရှိသည်၊ သင်တို့ ကောင်းရာသုဂတိ လားပါစေဟုလည်း ထုတ်ပြန်သည့်စာတွင် ရေးသားထားသည်။ အထက်ပါ လုပ်ကြံသတ်ဖြတ်မှု အနှစ် ၂၀ ပြည့် ပထမဦးဆုံး အများစုပေါင်း ကုသိုလ်ပြု ဆွမ်းကျွေး အမျှဝေခြင်းကို ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် ပြုလုပ်မည်ဟု ကြေညာထားသည်။ အမေရိကန်ပြည်ထောင်စု မြန်မာအများစု နေထိုင်ရာ ဖို့ဝိန်းတွင်လည်း ဆွမ်းကျွေးပွဲ ပြုလုပ်မည်ဟု သိရသည်။



No comments:

Post a Comment