Total Pageviews

Friday, February 3, 2012


    "ယန်စီ      ဂင်္ဂါ   နှင့် ဆရာဟိန်းလတ်  "

၁၄. ၅. ၂၀၀၁   ရက်က ငါးလုပ်ငန်းဦးစီးဌာနသီရီအဏ္ဏ၀ါခန်းမ မှာ ကျင်းပ တဲ့ ဆရာဟိန်းလတ် ရဲ့ ယန်စီ နဲ့ဂင်္ဂါ ကမ္ဘာ ကိုလွမ်းသော အခါဆိုတဲ့ ဟောပြောပွဲကို ကျွန်တော်တက်ရောက်ခဲ့ပါတယ်။ နေ့လည်၂ နာရီတိတိမှာ စမယ်လို့ထင်ရပေမယ့်  နေ့လည်၂ နာရီခွဲလောက်မှာမှ စတင်ဖြစ်ခဲ့ပါတယ် ။ ဆရာဟိန်းလတ်ကိုယ်တိုင် ၂နာရီကျော်မှရောက်လာခဲ့တာပါ။ SUN MYANMAR CO.LTD က စပွန်ဆာပေးတယ်လို့ သိရပါတယ်။ ဘာကိုစပွန်ဆာပေးလဲ တော့မသိပါ  အ၀င်ဝ မှာတော့ ကော်ဖီတခွက်သောက်ခဲ့ရပါတယ်။ အစီအစဉ်တင်ဆက်သူက  ငါးလုပ်ငန်းဦးစီးဌာနက ၀န်ထမ်းထင်ပါတယ်။သူပြောတာလဲ သူတို့ငါးလုပ်ငန်းက တာဝန်ယူတင်ဆက်တယ်လို့ပဲ ပြောနေတာပါ။ ထားလိုက်ပါတော့ အဲ့ဒီစပွန်ဆာကိစ္စ ။ တက်ရောက်လာတဲ့လူအင်အားက ၈၀ နဲ့၁၀၀ ကြားမှာရှိမှာပါ။များသောအားဖြင့် လူကြီးပိုင်းနဲ့ လူလတ်ပိုင်းတွေများပါတယ်။ လူငယ်ပိုင်းကတော့  သတင်းသမား တွေ လောက်ပဲ တွေ့ရပါတယ်။ အရေးထဲ ဘယ်ဂျာနယ်တိုက်က လူငယ်သတင်းထောက်လဲ မသိ။ ဟိုလူ့ ကို လိုက်မေး  ဒီလူကိုလိုက်မေး နဲ့ တွေ့လိုက်ပါသေးတယ်။ လူကြီးတွေ ခမျာလဲ သူမေးတာတွေကိုဖြေချင်ပုံမရပါဘူး ။လူကြီးတစ်ယောက်ဆိုရင် မဖြေချင်လို့ရှေ့ကိုထွက်ပြေးသွားတာလဲ တွေ့လိုက်ပါတယ်။M R T V-4 ကလည်းသတင်းလာယူတာတွေ့လိုက်ပါတယ်။ ၂ နာရီခွဲလောက်မှာတော့  အစီအစဉ်တင်ဆက်သူက ဆရာဟိန်းလတ်ကို ပရိတ်သတ်နဲ့ မိတ်ဆက်ပေးပြီးနောက် ဆရာဟိန်းလတ်စတင်ဟောပြောပါတယ်။ ယန်စီ ဆိုတာ က တရုတ်နိုင်ငံ ရဲ့ မြစ်ကြီးပါ ... ဂင်္ဂါဆိုတာကတော့ အိန္ဒိယ နိုင်ငံ ရဲ့ မြစ်ကြီးဖြစ်ပါတယ်။ ဆရာဟိန်းလတ်က ယန်စီကိုတရုတ်လို့ တင်စား ၊ဂင်္ဂါကို အိန္ဒိယလို့တင်စားလိုက်တာပါ။တရုတ်နိုင်ငံ ဟာ အခု ဆိုရင်လူဦးရေ သန်းပေါင်း ၁၃၀၀ ကျော်ရှိပါသတဲ့၊ အိန္ဒိယကတော့ လူဦးရေ သန်း၁၂၀၀ လောက်ရှိနေပါပြီ။ သူတို့ နှစ်နိုင်ငံကြားမှာရှိတဲ့ ကျွန်တော်တို့ မြန်မာ နိုင်ငံကတော့ သန်းပေါင်း ၆၀ ကျော်ရုံလေးပဲ ရှိပါသေးပါသတဲ့ ။အဲ့ဒီတော့ ဒီ နှစ်နိုင်ငံ အင်အားကြီးထွားလာခြင်းဟာ ကျွန်တော်တို့ နိုင်ငံလေး အပေါ် ဘယ်လို အကျိုး သက်ရောက်မူ့တွေ များရှိနိုင်ပါသလဲ ၊ တွေးကြည့်စရာလေးတွေတော့ဖြစ်လာပါပြီ။ဆရာဟိန်းလတ်က နိုင်ငံ တခု ကို နိုင်ငံရဲ့ဓနဥစ္စာ ၊ ပြည်သူတွေရဲ့ဓနဥစ္စာ၊နိုင်ငံတကာမှာရပ်တည်မူ့  စသည်စသည် ဖြင့် တိုင်းတာနိုင်ပါသတဲ့ ။  ကျွန်တော့် အမြင် ကတော့ ကျွန်တော်တို့ နိုင်ငံ က အဲ့ဒီ ၃ ချက်ထဲမှာတခုနဲ့တော့ပြည့်စုံပါတယ်။ နိုင်ငံရဲ့ ဓနဥစ္စာဆိုတဲ့ အချက်ပေါ့ဗျာ.... နိုင်ငံ ဘယ်လောက်ချမ်းသာလဲ မချမ်းသာလဲတော့ မသိဘူး  ။ မန်ယူ ကိုဝယ်မယ်ဆိုတဲ့ ဗိုလ်ချူုပ်နဲ့ ထိုင်းက အပန်းဖြေကျွန်းက ဂရန် နဲ့ ဌားတဲ့ဗိုလ်ချူပ် နဲ့   ကဲ နိုင်ငံ 
မကြွယ်ဝဘူးလား။ ပြည်သူတို့ရဲ့ ဓနဥစ္စာကတော့ အားလုံးသိကြတဲ့ အတိုင်းပါပဲ ... ၀တ်ကောင်းစားလှ ဖုန်းတဂွမ်ဂွမ်  ကားတ၀ီဝီ နဲ့လူတန်းစားက ရန်ကုန်မြို့လယ်တ၀ိုက်နဲ့   မန်းလေး မြို့စွန် နည်းနည်း မှာပဲ ရှိတာပါ ။ ဘာလို့ မြို့စွန်လို့ပြောရလဲ ဆိုတော့ မန်းလေး မြို့လယ်မှာ မြန်မာတွေ မရှိကြသလောက်ဖြစ်နေလို့ ပါ။ မန်းလေးမြို့လယ် ရွှေဆိုင်တန်း မှာ ဆရာဟိန်းလတ်စကားနဲ့ပြောရင် ယန်စီတွေ
ကြီးပဲ  ၊တရုတ်တွေ ကြီးပဲလို့ပြောတာပါ။  နိုင်ငံတကာရပ်တည်မူ့မှာလဲ ဆရာဟိန်းလတ်ရဲ့ စကားလေးကိုပဲ ပြန်ကောက်ပါရစေ ၊ နိုင်ငံရပ်ခြားမှာ ဆရာဟိန်းလတ် စာသွားသင်တော့  ကင်ညာ နိုင်ငံသူ နဲ့ အစ္စရေးနိုင်ငံသားက ဆရာ့ကိုမေးပါသတဲ့ ။  ဘယ်နိုင်ငံကလဲ ပေါ့ ။ ဆရာဟိန်းလတ်က မြန်မာလို့ဖြေပါသတဲ့။      မသိဘူးလို့ခေါင်းယမ်းပြပါတယ်...  အဲ့ဒါနဲံဆရာက ဘာမားဆိုရင်တော့သိလောက်တင်ထင်ပြီးဘားမားလို့ပြောလိုက်ပါသတဲ့....အဲ့ဒါလဲ သူတို့မသိပါဘူး... ဒါနဲံကမ္ဘာမြေပုံကို ရှာ ပြီး တရုတ်နဲ့ အိန္ဒိယကြားကိုထောက်ပြမှ အော်အဲ့လိုနိုင်ငံလဲရှိလားလို့မေးပါသတဲ့။ ကင်ညာနိုင်ငံသူက ထပ်မေးလိုက်တယ် ဆိုပဲ မင်းတို့နိုင်ငံမှာကားရောရှိရဲ့လားဆိုပြီး  ။ ဆရာဟိန်းလတ်က ဟာသသဘောနဲ့ ခပ်ပေါ့ပေါ့ ဟောသွားပေမယ့် ကျွန်တော့်ရင်တွေ တဆစ်ဆစ်နာပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ နိုင်ငံတကာရဲ့ အမေ့ခံ မဖြစ်သင့်ဘူးမလားး။ အာဖရိကနိုင်ငံသူ ကတောင် ကျွန်တော်တို့ကို ကားတောင် မရှိတဲ့ တောနိုင်ငံ လို့ထင်နေပုံရတယ်။ဆရာက အစ္စရေးမှာ နေခဲ့တူန်းက အတွေ့ အကြုံ လေးတွေ ကိုလဲ ပြောပြသွားခဲ့ပါတယ် ... အစ္စရေးမှာ ဟိုတယ်ကြီးတွေ မှာ ညစာစားပွဲတွေ ၀ှီးချဲ လုပ်ပေးပေမယ့် ရေကိုတော့ ကိုယ့်ဟာကို ၀ယ်သောက်ရပါသတဲ့။ ရေတဗူးကို ငါးဒေါ်လာတောင် ဆိုပြန်တော့  မနည်းဘူးပေါ့.... သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ရေရဲ့ တန်ဖိုးကို သိအောင် လို့ဆိုပါတယ်။ဖြစ်တော့ဖြစ်သင့်ပါတယ်
အစ္စရေးနိုင်ငံ က သဲကန္တာရမှာ တည်ထားတာမဟုတ်လား။ ဒါပေမယ့် သူတို့ ရဲ့ရေသန့်တွေ က တကယ် သန့်စင်တဲ့ PH7 တွေပါ။ မြန်မာနိုင်ငံ မှာတော့ ရေသန့် တွေရဲ့40 ရာခိုင်နုန်းဟာ PH7 အဆင့်မရောက်ဘူးလို့ အိုင်အန်ဂျီအို စစ်တမ်းတခုမှာ ဖတ်လိုက်ရပါတယ်။ရေဟာ နောင် နှစ် ၃၀ မှ ၅၀ အတွင်းမှာ ကမ္ဘာ အခြားပါးဆုံးသယံဇာတ ဖြစ်လာမှာပါ။ လူသားတွေ ဟာ ရေကြောင့် တိုက်ပွဲတွေ ဖြစ်လာကြပါလိမ့်မယ်။ ရေနံကြောင့် လူု့ အခွင့်အရေးကိုအကြောင်းပြပြီး အမေရိကန်က အီရတ်ကိုဝင်တိုက်သလိုပေါ့ဗျာ။ နောင် နှစ်ငါးဆယ်အတွင်းရေတိုက်ပွဲံတွေကိုမြင်ကြရတော့မှာပါ။အဲ့ဒီအချိန်
ရောက်ရင်လူ သန်း၅၀၀ လောက်ဟာလဲ ရေငတ်သေဆုံးဖို့ရှိပါတယ်။ ရေကတော့ရှိနေဦးမှာပေမယ့်  သောက်လို့ရတဲံ့ သန်စင်သောရေ အင်မတန်ရှားပါသွားပါလိမ့်မယ် လို့ ဆရာက ဟောပြောသွားပါတယ်။
နိုင်ငံတနိုင်ငံ ရဲ့ ဆင်းရဲ၊ချမ်းသာခြင်းအကြောင်းရင်းဟာ  အဲ့ဒီနိုင်ငံ ရဲ့စာတတ်မြောက်မူ့နဲ့လဲ ဆိုင်ပါသတဲ့။ အဲ့ဒီစာတတ်မြောက်မူနဲ့ပတ်သက်ပြီးတော့လဲ ဆရာက ဟာသလေးပြောပြသွားပါတယ်။မြန်မာနိုင်ငံမှာစာတတ်မြောက်ရေး လုပ်အားပေး တွေ လုပ်ခဲ့ကြဆောင်ရွက်ခဲ့ကြဖူးတာ အားလုံးမှတ်မိကြမှာပါ။ အသုံးလုံး အဖွဲ့တွေဟာ ဆရာဆရာမတွေ ၊တက္ကသိုလ်ကျောင်းသားတွေ စုပေါင်းပြီး ရွာဘက်တွေ အထိဆင်း စာမတတ်တဲ့ ဦးကြီး ၊ဒေါ်ကြီး တွေကိုစေတနာ့ဝန်ထမ်
စာလိုက်သင်ပေးခဲ့ကြတာပါ။ လုပ်ငန်းစတင်ပြီး နှစ်နှစ်အတွင်းမှာ မြန်မာနိုင်ငံမှာစာတတ်မြောက်သူ တရာမှ ကိုးဆယ့်ခြောက်လောက်ထိ တိုးတက်လာခဲ့ပါတယ်။ အဲ့ဒီ အချိန်မှာပဲ အခုအမေရိကန်သိမ်းထားတဲ့ အီရတ်နိုင်ငံ ရှားဘုရင်ကကမ္ဘာတ၀န်းက စာတတ်မြောက်မူ့ အများဆူံးနိုင်ငံ ကိုဆုပေးမယ်ဆိုတော့ မြန်မာနိုင်ငံ က တာဝန်ရှိသူတွေ က မြန်မာနိုင်ငံ မှာ စာတတ်မြောက်သူ အဲ့ဒီလောက်ထိ ရှိပါတယ်ဆိုပြီး ကိန်းဂဏာန်းတွေ နဲ့ တင်တော့ ရှားဘူရင်ဆု ကိုရရှိခဲ့ပါတယ်။ တော်တယ်ပေါ့ နှစ် နှစ် အတွင်း စာမတတ်သူ ပပျောက်သလောက်ရှိသွားတယ်ပေါ့။  ဆု ဖလား နဲ့ငွေသားကို မြန်မာနိုင်ငံ ကိုယူလာ  ဒီက အစိုးရလူတွေ က ကြိုဆိုကြနဲ့ .....   နောက်တနှစ်ကျော်ကြာသွားတော့ ကမ္ဘာဘဏ်က ကြေငြာ ချက်တခုထုတ်ပြန်ပါတယ်။ LDC နိုင်ငံတွေထဲက စာတတ်မြောက်မူ့ နည်းတဲ့ နိုင်ငံတွေ ကို ကမ္ဘာဘဏ်က အကြွေးတွေကို လျှော်ပြစ်ပါမယ် တဲ့။ အဲ့ဒီတော့ ရွှေ မြန်မာ တွေ လဲ တွေးပြီပေါ့ .... ငါတို့ မှာလဲ ပေးစရာတွေ တပုံတပင်ရှိတယ်  ၊ အကြွေးတွေ လျှော်ပစ်မယ်ဆိုတော့ မဆိုးဘူးဟ ဆိုပြီးး  ၊ စာတတ်မြောက်မူ့ နည်းပါးတဲ့နိုင်ငံဆိုပြီး    
ကမ္ဘာဘဏ်ကို တင်ပြပါသတဲ့။ အဲ့ဒီတော့ ကမ္ဘာဘဏ်က တာဝန်ရှိသူတွေက    ဟ မင်းတို့ဟာကမဟုတ်သေးပါဘူး  မင်းတို့ နိုင်ငံ မှာ စာ မတတ်တဲ့လူနည်းတယ်ဆိုပြီး ရှားဘုရင်ဆုကိုတောင် ရခဲ့သေးတာပဲ လို့ ဆိုတော့....  အင်မတန်တော်တဲ့ မြန်မာတာဝန်ရှိသူတွေ က ....  ဟုတ်ကဲ့ပါ ခင်ဗျာ ဒါပေမယ့် တနှစ်ကျော်လောက်ကြာတော့ စာတတ်တဲ့သူတွေလဲ မေ့ကုန်ပါပြီ  လို့ ပြန်ဖြေပါသတဲ့ခင်ဗျား ။


 အပိုင်း-၂ ကိုဆက်လက်ပေးပို့ပါမည်။      (မာဃလုလင်)

No comments:

Post a Comment