Total Pageviews

Friday, February 3, 2012

နာရေး ယာဉ်မောင်း


"နာရေးယာဉ်မောင်း"



*လိုအပ်ရင်ကူညီပြီး
မျက်နှာ ဟန်အမူအရာမှာတော့
ဘာကာလာမှ စွက်မထား
ဒီလိုပဲ ဒီလိုလေးပဲ
လုပ်စရာရှိတာတွေကို လုပ်သွားတယ် . . .

*နေ့စဉ် နေ့စဉ် တရားမြင်သူလား
မျက်မြင် မျက်မြင် ရိုးချင်သူလား
ဝေခွဲမရ သူ့မျက်လုံးမှ
တည်ငြိမ်မှု့က သေသပ်တယ် . . .

**အမှောင်တွေက သူနဲ့မဆိုင်
မျက်ရည်တွေက သူနဲ့မဆိုင်
ပူဆွေးမူ့တွေက သူနဲ့မဆိုင်
သူ့အလုပ်သူလုပ်
သူ့ကွမ်းယာ နဲ့သူရှုပ်
ခဏတဖြုတ်တော့
ခပ်ဝေးဝေးကိုငေး ၊ သူ့မျက်လုံးတွေ
မှိုင်း ညို့ ရီ ဝေ . . .


*သူမောင်းနှင်တဲ့
သောက အပူသည်ကား
တလိမ့်ခြင်းလိမ့်ပြီး
သက်မဲ့ ကိုယ်တစ်ခု သယ်သွား
သူဟာ တခြားကမ္ဘာက ဂြိုလ်သား လို . . ."




**မာဃလုလင် **

No comments:

Post a Comment