Total Pageviews

Wednesday, February 8, 2012

ကျွန်မတို့ လေ လံပွဲ

ကျွန်မတို့ လေ လံပွဲ

by Shwe Aeim Si on Wednesday, February 8, 2012 at 1:22pm ·

ပြည့်တန်ဆာများအတွက် ပညာပေးသင်တန်းကို ရဲဝန်ထမ်းပါ တက်ရောက်မည်

 ရန်ကုန်မြို့ရှိ အမျိုးသားကာလသား ခုခံကျတိုက်ဖျက်ရေးဌာန(NAP) STD Team များရှိရာ မြို့နယ် ၉မြို့နယ်တွင် ပြည့်တန် ဆာ အမျိုးသမီးများအတွက် အသိပညာပေးသင်တန်းပြုလုပ်ရန်ရှိပြီး သင်တန်းတွင် ရဲဝန်ထမ်းများပါ တက်ရောက်ဆွေးနွေး မည်ဟု သိရသည်။

သင်တန်းဖြစ်မြောက်အတွက် လူငယ်ထုအတွင်း HIV/AIDs ရောဂါပိုး ကင်းစင်စေရေး လုပ်ဆောင်ပေးလျှက်ရှိသည့် အစိုးရ မဟုတ်သောအဖွဲ့ UNFPA က စီစဉ်ခဲ့ခြင်းဖြစ်ပြီး လာမည့် နိုဝင်ဘာလ ၄ရက်နေ့တွင် လှိုင်သာယာမြို့နယ်မှစ၍ စတင်မည်ဖြစ် သည်။


တက်ရောက်မည့် ပြည့်တန်ဆာများနှင့် ရဲဝန်ထမ်းများအကြား အသိပေး ဆွေးနွေးတင်ပြ တောင်းဆိုခြင်းများ ပြုလုပ်ပေးမည် ဖြစ်သည့်အတွက် သင်တန်းကို ပြုလုပ်ရခြင်းဖြစ်သည်ဟု ပြည့်တန်ဆာများအတွက် အလုပ်လုပ်ပေးနေသူ Alliance Myanmar မှ မနှင်းနှင်းယုက ပြောသည်။

“ပြဿနာဖြစ်ရင် ဥပဒေကြောင်းအရ ရဲတွေနဲ့ ပြည့်တန်ဆာတွေကြားမှာ လွဲမှားနေတာတွေရှိရင် ဘယ်လိုညှိယူမလဲ။ ဒီသင် တန်းတွေမှာ ထူးခြားတာက ပြည့်တန်ဆာတွေကိုယ်တိုင် သင်တန်းအကူတွေအဖြစ် လုပ်မှာ။ နောက် ရဲဝန်ထမ်းတွေကိုပါ တက်စေမှာလေ။”ဟု သူမက ကေအိုင်စီသို့ ပြောသည်။

ယခုလို သင်တန်းမျိုးကို အစိုးရလက်အောက်ခံ အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်း NGOs များမှ အကြိမ် ကြိမ် ပူးပေါင်း လုပ်ဆောင်ပေးသင့်ကြောင်း ၎င်းက ဆက်ပြောသည်။
သင်တန်းတက်ရောက်မည့် ပြည့်တန်ဆာ အမျိုးသမီးတဦးက “သင်တန်းမှာ မြို့နယ်ရဲမှုးတွေပါ လာမယ်လို့ကြားတယ်။ သိချင် တာတွေလည်း မေးရမယ်။ ကျမတို့ကို ဘယ်လို ဥပဒေတွေနဲ့ ဖမ်းနိုင်လဲဆိုတာမျိုးပေါ့။”ဟု ပြောသည်။

ပြီးခဲ့သည့်လက မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ညနေခင်းတွင် လမ်းလျှောက်နေသည့် ပြည့်တန်ဆာ အမျိုးသမီးတဦးကို သက် ဆိုင်ရာ နယ်မြေခံရဲများက အကြောင်းမဲ့ ဖမ်းဆီးခဲ့ကြောင်းလည်း သူမက ရှင်းပြသည်။
မြန်မာပြည်တွင် ပြည့်တန်ဆာလုပ်ငန်းဖြင့် အသက်မွေးနေရသော အမျိုးသမီးအများစုမှာ ဥပဒေကို နားမလည်သဖြင့် အချို့မှာ ဥပဒေနှင့်မညီစွာ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

သင်တန်းတွင် ကိုယ်ခံအားကျဆင်းရောဂါ (HIV/AIDs) နှင့်ဆိုင်သော ပညာပေးခြင်းအပြင် သားဆက်ခြားခြင်းဆိုင်ရာ ပညာ ပေးမှုများလည်း ပါဝင်မည်ဟု မနှင်းနှင်းယုက ဖြည့်စွက်ပြောဆိုသည်။
သို့သော် သင်တန်းပြုလုပ်မည့် မြို့နယ်မည်မျှရှိသည်ကို သိရှိရန်အတွက် UNFPA ကို ကေအိုင်စီမှ ဆက်သွယ်မေးမြန်းရာ ဖုန်းလိုင်းပြတ်တောက်နေခဲ့သည်။

UNFPA သည် လူငယ်ထုအတွင်း HIV ရောဂါပိုး ကင်းစင်စေရေးအတွက် လုပ်ဆောင်ပေးလျှက်ရှိပြီး အမျိုးသမီးငယ်များနှင့် မိန်းမငယ်များအတွက် HIV ကာကွယ်ရေးအသိပေးဆွေးနွေးခြင်းများကိုလည်း လုပ်ဆောင်နေသည့် NGOs အဖွဲ့တခုဖြစ် သည်။

နော်ဆဲကလယ် (ကေအိုင်စီ)
နိုဝင်ဘာလ ၂ရက်။

http://www.kicnews.org/?p=7934




ပြည့်တန်ဆာလုပ်ငန်း တရားဝင် ခွင့်ပြုသင့်သလား
by Lu Cifer on Monday, October 10, 2011 at 1:12pm



ပြည့်တန်ဆာလုပ်ငန်း ဆိုတာ တိုက်ဖျက်ဖယ်ရှားလို့ မရတာကြောင့် သဘောထားကြီးကြီးနဲ့ ချည်းကပ်ပြီး စဉ်းစားပေးကြဖို့လိုပြီ လို့ သမာဆတ်တက္ကသိုလ် နိုင်ငံရေးသုတေသီ Ms. Chalidaporn Songsamphan က ပြောဆိုကြောင်း မနေ့က ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးထားပါတယ်။

တခြားအသက်မွေးဝမ်းကျောင်းလုပ်ငန်းကလူတွေလိုပဲ ပြည့်တန်ဆာတွေကိုလည်း တန်းတူ အခွင့်အရေး ပေးသင့်ပါတယ် တဲ့။ အထူးသဖြင့် ကျန်းမာရေးပြုစုစောင့်ရှောက်မှုလိုမျိုး အခွင့်အရေးပါ။

ပြည့်တန်ဆာလုပ်ငန်းထဲရောက်လာကြတာဟာ ပိုက်ဆံလိုလို့ ရောက်လာကြတာပါလို့ Rak Thailand ပါတီ ခေါင်းဆောင် ချူဝစ်က ပြောဆိုကြောင်းလည်း သတင်းမှာ ရေးထားပါတယ်။

မစ္စတာချူဝစ်ဟာ ဟိုတုန်းက လိင်ဝန်ဆောင်မှုပေးတဲ့ အနှိပ်ခန်းလုပ်ငန်းရှင်ကြီးဖြစ်တယ်လို့ သတင်းက ဆိုတယ်။

ထိုင်းနိုင်ငံရဲ့ ၂၀၀၃ ခုနှစ် ဖျော်ဖြေရေးနှင့်သက်ဆိုင်သောနေရာဌာနများဥပဒေ (the 2003 Entertainment Places Act) မှာ ဟာကွက်တွေ ရှိနေတယ်၊ ဒီဟာကွက်တွေကို အစိုးရအရာရှိတွေက အသုံးချနေတယ် – တရားမ၀င်လုပ်ငန်းတွေ လည်ပတ်ခွင့်ပြုပြီး ပြည့်တန်ဆာတွေကို ဂုတ်သွေးစုတ်နေတယ် လို့ မစ္စတာချူဝစ်က ပြောပါတယ်။

ဒါက ထိုင်းသတင်းစာထဲက ကောက်နှုတ်ထားတာပါ။ ထိုင်းနိုင်ငံမှာ ပြည့်တန်ဆာလုပ်ငန်းက တရားမ၀င်ပါဘူး။

မြန်မာနိုင်ငံမှာလည်း တရားမ၀င်ပါဘူး။ မြန်မာပြည်က ပြည့်တန်ဆာတွေက လမ်းပေါ်မှာပဲ ဖောက်သည် ရှာကြသလို ဟိုဆိုင်ဒီဆိုင်တွေကနေလည်း ဖောက်သည် စောင့်ကြပါတယ်။

နေပြည်တော် လွှတ်တော်မှာတော့ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး အဆိုတင်တာ ဆွေးနွေးတာတွေ မလုပ်သေးပါဘူး။

မီဒီယာလောကထဲက တချို့ကို မကြာသေးခင်က ဆက်သွယ်ပြီး မေးခွန်း ခပ်တိုတို ထုတ်ခဲ့ဖူးပါတယ် – မြန်မာပြည်မှာ ပြည့်တန်ဆာလုပ်ငန်းကို တရားဝင် လုပ်ခွင့် ပြုသင့်သလား၊ မပြုသင့်ဘူးလား ဆိုတဲ့ မေးခွန်းပါ။
စိတ်ဝင်စားဖို့ကောင်းတာက သူတို့ရဲ့ အဖြေတွေ တူနေတဲ့အချက်ပါပဲ။



======================

မရှိမကောင်း၊ရှိမကောင်းလုပ်ငန်းဆိုပေမယ့် တရားဝင်ခွင့်ပြုပြီး စနစ်တကျ လုပ်ကိုင်စေရင် ဒီနေ့ ဆေးကုမနိုင်သေးတဲ့ HIV-AIDS ကိုတော့ တော်တော် ကာကွယ်နိုင်ပါလိမ့်မယ်…


ဦးခင်မောင်ထွေး (ထွေးဦးမြန်မာ)
http://htweoomyanmar.com/

ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ် အကျိုး အပြစ်တွေ တွက်ချက်ပြီး အများ မထိခိုက် မနစ်နာအောင် မိန်းမ ပြည့်တန်ဆာကော၊ ယောက်ျား ပြည့်တန်ဆာကော တရားဝင် လုပ်ခွင့် ပြုသင့်ပါတယ်။
တရားမ၀င်တဲ့ အတွက် ထိခိုက်နစ်နာမှုတွေ ရှိတယ်လို့ ထင်ပါတယ်။ ရောင်းသူကော၊ ၀ယ်သူကောပါ။


Ronald အောင်နိုင်၊ စာနယ်ဇင်းသင်တန်းဆရာ
http://facebook.com/RonaldAungNaing

မြန်မာပြည်မှာ ပြည့်တန်ဆာ လုပ်ငန်းကို တရားဝင်လုပ်ခွင့်ပြုသင့်တယ်။
လိုင်စင်နဲ့ ဘာနဲ့ ဆိုရင် ဆေးစစ်တာ၊ သွေးစစ်တာတွေ သေချာလုပ်ပြီး စည်းကမ်းတကျ ဖြစ်သွားနိုင်တယ်။ ခွင့်မပြုလို့ တရားမ၀င်ဖြစ်နေတာက ရောဂါဖြန့်ဖြူးရေးကို အားပေးရာရောက်တယ်လို့ ထင်တယ်။


ဘလော်ဂါ ခင်မင်းဇော်
http://khinminzaw.blogspot.com/

အင်း… ။
ကမ္ဘာပြားပြီ ။
မှိုနှင့်မျှစ်ကို နှုတ်လို၏။
ကျဉ်တုပ်ခံဝံ့၊ မခံဝံ့ ။


ဘလော်ဂါ မင်းဒင်
http://www.mindin.info/

ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်ခွင့်ပြုရင် ကောင်းပါတယ်။
တရားမ၀င်ဖြစ်နေရင် သိပ်မကောင်းဘူး။
လုပ်ငန်းတွေ အကုန်ပိတ်သိမ်းလိုက်ရင်
မုဒိန်းမှုတွေဖြစ်ကုန်မယ်။
မကြောက်ဘူးလား။


ဘလော်ဂါ ဥက္ကာကိုကို
http://www.oakkarkoko.com/

ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်ခွင့်ပြုရမယ်။
ဒီမိုကရေစီနဲ့ ပြည့်တန်ဆာတရားဝင်မှုက ခေါင်းနဲ့ပန်းလိုပဲ။ ခွဲခြားလို့ မရပါ။


ဘလော်ဂါ ပြည်ပရောက်တောအုပ်
http://blueskyforest.blogspot.com/

ဘုရားလက်ထက်ကတည်းက ရှိလာခဲ့တဲ့လုပ်ငန်းပဲဗျာ။
တဘ၀လုံးထိုးရင်းပြီး လုပ်ကိုင်စားနေရတဲ့ ကာယကံရှင်တွေ မနစ်နာအောင် ဥပဒေအရ အကာအကွယ်ပေးသင့်ပါတယ်။

ကဗျာဆရာ နှင်းခါးမိုး
http://www.nykomme.blogspot.com/

တရားဝင်ခွင့်ပြုသင့်ပါတယ်။
တရားဝင်မရှိတော့ အဆက်အသွယ်မရှိရင် ရှာရခက်မှာပေါ့။


ကာတွန်း ဘီရုမာ
http://beruma.blogspot.com/

တရားဝင် ခွင့်ပြုသင့်တယ်လို့ ထင်ပါတယ်။
မဟုတ်ရင်လည်း ခိုးကြောင် ခိုးဝှက်နဲ့  လုပ်ကိုင်စားသောက်နေရတဲ့ အခြေနေက ရုန်းထွက်လို့ မရတဲ့အတွက် သူတို့ ဘ၀ အန္တရာယ်ပိုများပါတယ်။
သူတို့တွေအတွက် လုံခြုံစိတ်ချရတဲ့ လုပ်ငန်းခွင်၊ ဥပဒေ စည်းမျဉ်း ရှိသင့်ပါတယ်။


ဘရဏီ၊ ဒီဗွီဘီ လူငယ့်အသံ

zarny win
Sunday, October 09, 2011

Irrawaddy Blog
http://www.irrawaddyblog.com/2….._7059.html
************************************************************

ကျမတို့လေလံပွဲ

ခမ်းမ မှောင်မှောင်မဲမဲ
ဒစ်စကိုမီးရောင်တွေ အံကျ
နားနဲ့ မဆန့် တဲ့ အသံတွေ ပြုတ်ကျ...
ကျမ ဘ၀မှာ....
မျက်စိရှုပ်တယ်ဆိုတာ မရှိဘူး
နားကြားပြင်းကပ်တာ မရှိဘူး
ခြေကိုလှုပ် ၊ ခေါင်းကိုလှုပ်
စီးမျှောပစ်လိုက်

မေ့သွားတယ်..
မနက်က အမေတောင်းတဲ့ ဆန်ဖိုးကိုမေ့သွားတယ်...
အငယ်ကောင်တောင်းတဲ့ ကျောင်းအုပ်ဆရာမကြီးကို ကန်တော့ဖို.မေ့သွားတယ်..
မေ့သွားတယ်..
အဖေတောင်းတဲ့ အရက်ဖိုးကို မေ့သွားတယ်..
မမေ့ သေးတဲ့ အရာတွေကို အတင်းမေ့ဖို့  မေ့သွားတယ်....

ဒါဟာ တဏှာ ကုန်စည်ပြပွဲတစ်ခုပေါ့ ..
အသွေးသား ကြော်ငြာ တစ်ချပ်ပေါ့...
ရာဂ လေလံတင်ပွဲ တစ်ခုပေါ့...
ကဲ အသွေးအသား စားပွဲထိုးတွေရေ...
ဝီစကီပြင်းပြင်းလေး တခွက်လောက်..

ဒေါ်အောင်ဆန်းစုကြည်ဆုံးဖြတ်ချက်..
မှားမှား၊ မှန်မှန် မပြောမိဘူး..
ကျမက ဥရောပက စကော်လာကျောင်းသားမှ မဟုတ်ပဲ...။

ဒီမိုကရေစီလား...
မသိဘူး....
အမေရိက ကို ပရိုပိုဆယ်တင်မယ့် အထဲမှာ မှ မပါပဲ....၊

စီးပွားရေးပိတ်ဆို့ မှုလား..
ကန်ကွက် ၊ ကြိုဆို ဘာမှ မလုပ်ဘူး..
အီးဂရက် သင်တန်းဆင်းမှ မဟုတ်ပဲ...။

ဒုက္ခသည်မူဝါဒ၊ လွတ်လပ်တဲ့ အတွေး ..
ယဉ်ကျေးသော လူ့ အဖွဲ့ အစည်း..
နားမလည်ဘူး...
အောက်စ်ဖိုဒ်မှာ နှစ်နှစ်သင်တန်း တက်ပြီး..
အန်ဂျီအိုရာထူးနဲ့  ဗမာပြည်ပြန်လာမယ့်..
ပညာရှင်မှ မဟုတ်ပဲ..။

အချုပ်အခြာ အာဏာ။ ပြည်ထောင်စု မပြိုကွဲရေး ...
ငါးပိရည်လိုပဲ ငန်တူးနေသလား...
စီးပွားရေးလုပ်ငန်းတွေအားလုံးမောင်ပိုင်စီးထားတဲ့ ..
ဗိုလ်ချုပ်ကြီးတွေရဲ့ မိသားစုဝင်တစ်ယောက်မှ မဟုတ်ပဲ...

ဘာမှ မှ မဟုတ်ပဲ
ဘာဆို ဘာမှ မဟုတ်ပဲ...

ကျမဆုတောင်းက ......
ဒီတစ်ည ခိုနားဖို့ ရင်ခွင်တစ်ခု ရှိပါစေ....
အဲ့ဒီ့ ရင်ခွင်မှာ သူရာရည်တွေ စိုရွှဲ မနေပါစေနဲ့ ....
သားရိုင်းတိရစ္တာန်တွေ သောင်းကျန်းမနေပါစေနေဲ့ ....
တွန့်ကြေနေတဲ့ အိပ်ယာလေးပေါ်...
လူလိုသူလို ပျော်တော်ဆက်ခွင့်ရပါစေ...
ညနက်နက်နဲ့  အာရုဏ်ဦးကြား က
ငရဲခန်းမှာ ....
ကျမ တမှေးလောက်ဖြစ်ဖြစ် မှေးလိုက်နိုင်ပါစေ..
အမေ့ဆန်ဖိုး
အဖေ့အရက်ဖိုး......
ကျမ ကူသလောက်နဲ့ ...
လုံလောက်ပါစေ

ရန်ငြိမ်းအောင်
http://www.shwenanda.com/"ရွှေနန္ဒရဲ. ခရေပန်း ..
 ညဉ့် ဌက်ညီမလေးတစ်ယောက်ဒီဘ၀မှရုန်းထွက်နိုင်ပါစေဆုတောင်းရင်း.....
ချစ်ခင်လေးစားသော
ရွှေအိမ်စည်

No comments:

Post a Comment