Total Pageviews

Sunday, February 19, 2012

3:04pm Feb 19 နိုင်ငံ့ဝန်ထမ်းများအား လစာတိုးမြှင့်ပေးဦးမည် မဟုတ်ဟု ပြည်ထောင်စု ၀န်ကြီး ရှင်းလင်း၊



3:04pm Feb 19
နိုင်ငံ့ဝန်ထမ်းများအား လစာတိုးမြှင့်ပေးဦးမည် မဟုတ်ဟု ပြည်ထောင်စု ၀န်ကြီး ရှင်းလင်း၊

(EMG ဆောင်းပါးမှကောက်နုတ်ဖေါ်ပြပါသည်
။)

“နိုင်ငံ့ဝန်ထမ်းအားလုံးရဲ့ လုပ်ခ၊ လစာစရိတ်နဲ့ ချီးမြှင့်ငွေများကို ၁၉၅၉-၁၉၆၀ ပြည့် နှစ်က ရရှိတဲ့ စရိတ်များ၏ တန်ဖိုး အတိုင်းဆောင်ရွက်ပေးမယ်ဆိုရင် အဲဒီတုန်းကစပါးတင်း ၁၀၀ ကို ၃၅၀ ကျပ်၊ ရွှေ ၁ကျပ်သားလျင် ၂၇၂ ကျပ်၊ အနိမ့်ဆုံးမြို့ပြ ၀န်ထမ်းတစ်ဦး၏ လစာမှာ ၈၂ ကျပ်ဖြစ်လို့ ရွှေ ၀.၃၀ ကျပ်သား ၀ယ်ယူနိုင်တာကို တွေ့ရပါ တယ်။ ဒီနေ့ခေတ် ရွှေဈေးနဲ့တွက်ရင် အဆပေါင်း ၂၅၀၀ ကျော်၊ လက်ရှိ စပါးဈေးနှုန်းနဲ့တွက်ရင် အဆပေါင်း ၁၀၀၀ကျော် တိုးပေးရမှာဖြစ်ပါတယ်။ ရွှေဈေးနှုန်းအရ တိုးတက်လာသည့် အဆပေါင်းမှာ ၂၅၀၀ ကျော်ရှိတဲ့ အတွက် ရွှေဈေးနှုန်းဖြင့် မတွက်ဘဲ စပါးဈေးနှုန်းနဲ့ တွက်ပါက အနိမ့်ဆုံး မြို့ပြ၀န်ထမ်းတစ်ဦး(သို့) တပ်မတော်သားတစ်ဦး၏ လစာမှာ ၈၂၀၀၀ကျပ်၊ အမြင့်ဆုံး ၀န်ထမ်းတစ်ဦး၏ လစာမှာ ၁၆သိန်းအထိ တိုးမြှင့်ပေးရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် လစာနဲ့စရိတ် စုစုပေါင်းကျပ် ၃၃၀၉.၂၈၆ ဘီလီယံ သုံးစွဲရမည်ဖြစ်ပြီး လက်ရှိလစာနှင့် စရိတ်စုစုပေါင်းကျပ် ၉၁၁.၃၈၅ ဘီလီ ယံထက် ကျပ် ၂၃၉၇.၉၀၁ ဘီလီယံပိုမို ကုန်ကျမှာ ဖြစ်ပါတယ်။ ပြီးတော့ လက်ရှိလစာ၏ ၁၀၀ ရာခိုင်နှုန်းတိုးမြှင့် တွက်ချက်မည်ဆိုလျင် အနိမ့်ဆုံးလစာ မှာ ကျပ် ၇ သောင်းနှင့် အမြင့်ဆုံးလ စာမှာ ၄ သိန်း ၂ သောင်း ဖြစ်သဖြင့် စုစုပေါင်းကျပ် ၁၈၂၂.၇၇၀ ဘီလီယံ သုံးစွဲရမှာဖြစ်လို့ လက်ရှိလစာနှင့် စရိတ်ထက် ၉၁၁.၃၈၅ ဘီလီယံပိုမို ကုန်ကျပါမယ်။ လက်ရှိဝန်ထမ်းများ ရဲ့လစာကို တိုးမြှင့်ပေးပါက ပင်စင်လစာများကိုပါ တိုးမြှင့်ပေးရမည်ဖြစ်၍ ကျပ်ဘီလီယံများစွာ လိုအပ်လာမှာ ဖြစ်ပါတယ်။ လက်ရှိနိုင်ငံတော်ရဲ့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်အား ရင်းနှီးမြှပ်နှံမှုနှင့် ဂျီဒီပီအချိုး ၃၁.၉၄ ရာခိုင်နှုန်း ရရှိရန်နှင့် ဂျီဒီပီ တိုးတက်နှုန်း ၇ ရာခိုင်နှုန်းရရှိဖို့ အတွက် ဘတ်ဂျက်လိုငွေနှင့် ဂျီဒီပီအချိုးကို ၄.၉ ရာခိုင်နှုန်းဖြင့် ရေးဆွဲထား၍ စုစုပေါင်းအသုံးစရိတ်တွင် သာမန်အသုံးစရိတ်နှင့်ငွေလုံးငွေ
ရင်း အသုံးစရိတ်ပါဝင်မှု အချိုးအစားမှာ ၆၀း၄၀ ဖြစ်ပါတယ်။ ဘတ်ဂျက်လိုငွေ ကို ပြည်ပမှချေးယူ၍ ဖြည့်ဆည်းပါက ကြွေးမြီပိုမို ကြီးမားလာပါမယ်။ဘတ် ဂျက်လိုငွေကို ငွေစက္ကူများ ရိုက်နိပ်၍ ဖြည့်ဆည်းပါက ၂၀၁၂ ခုနှစ် ဇန်န၀ါရီလတွင် ပြည်တွင်း လှည့်လည် သုံးစွဲငွေပမာဏ ပိုမိုတိုးတက် များပြားလာပြီး ငွေကြေးဖောင်းပွမှု မြင့်မားလာ ပါမယ်။ နိုင်ငံတော်အနေနဲ့ ကမ်းလွန် သဘာဝဓာတ်ငွေ့စီမံကိန်းများတွင် ပြည်ပချေးငွေဖြင့်၎င်း၊ နိုင်ငံပိုင်နိုင်ငံ ခြားငွေဖြင့်၎င်း၊ ရင်းနှီးမြှပ်နှံလျက်ရှိ ပြီး ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် လုပ်ငန်းများ အားလုံးပြီးစီးမယ်လို့ မှန်းထားပါတယ်။ ၂၀၁၄ ခုနှစ် နှစ်စပိုင်း တွင် ၎င်းကမ်းလွန် သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ ၀င်ငွေများ တိုးတက် ရရှိလာမှာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ရင်းနှီးမြှပ်နှံမှုဖြစ်သော ငွေလုံးငွေရင်း အသုံးစရိတ်ကို လျော့ချရန် လက်ရှိ အခြေအနေတွင် မသင့်သေးကြောင်း တွေ့ရှိရပါတယ်’’ဟုပြောကြားခဲ့သည်။

No comments:

Post a Comment