Total Pageviews

Wednesday, February 8, 2012

စိတ်သေ -၂

စိတ်သေ -၂

မနက်မိုးသောက်လို့
မျက်လုံးနှစ်လုံးဖွင့်လိုက်တိုင်း
စိတ်ရှုပ်ထွေးစရာ များတယ် . . .
--

ဘ၀ မှာ
အမှု့တရာလည်း မကြုံချင်
အသက်တရာလည်း မနေချင်
ခပ်ချဉ်ချဉ်ပေါက်လာတဲ့ စိတ်နဲ့
အမှားတွေလဲ များခဲ့ . . .

တရက်ပြီး တရက်
တနှစ်ပြီး တနှစ်
လုံးထွေးရစ်လာတဲ့
ပြသနာတွေ ကြား
ငါးမျှားချိတ်က ငါး နှယ် . . .

ကော်ဖီတစ်ခွက်နဲ့
သတင်းစာဖတ်လိုက်တိုင်း
နာရေးကြော်ငြာတွေကို
အားကျစိတ်နဲ့ ငေးမြဲ . . .
          

No comments:

Post a Comment