Total Pageviews

Saturday, February 4, 2012

" Global Bus Stop"

" Global Bus Stop"


မှတ်တိုင်မှာရပ်လိုက်တိုင်း
ဘတ်စ်ကားမဟုတ်ဘူး
မျှော်လင့်ရင်း မျှော်လင့်ရင်း
အရူးရင့်လာတယ်
ဦးနှောက် ကို တခုခြင်းဖြေချရင်
အမှိုက်ပုံ အဘခေါ်မယ်
အသိညဏ်ချင်း နက်ဝပ်ချိတ်ရတာလဲ မလွယ်
စကားလုံးတွေကို ရီဆိုက်ကယ် ပြန်လုပ်နေရတော့ . . .

ကိုယ်ကျင့်တရားအကြောင်းပြောရင်
စိတ်ကျန်းမာရေးဆေးရုံ ပို့ကြမလား
ဂလိုဘယ် ယဉ်ကျေးမူ့နဲ့
စမ္မနဂိုက နွားမခြေကျိုးတာနဲ့မဆိုင်
ငါ ကိုပါ ချန်မထားခဲ့ကြပါနဲ့
၂၀၂၁ မှာကမ္ဘာပျက်ရင် လည်း . . .


ဘာသာရေးအကြောင်းပြောတိုင်း
လူကောင်းမဟုတ်ဘူး
စကားလုံးလှတိုင်း ကဗျာမဟုတ်ဘူး
စရိတ္တဟာ လမ်းဘေးဝက်သားတုတ်ထိုးလောက်
အခုခေတ်မှာရောင်းမစွံ
ခွေးနှစ်ကောင် ကိုက်တာကို သာ
ရေနဲ့ပက်လိုက်ကြ
ပြောခဲ့သားပဲ
မှတ်တိုင်မှာ ရပ်လိုက်တိုင်း
ဘတ်စ်ကား မဟုတ်ဘူး . . ."

**မာဃလုလင်**

No comments:

Post a Comment