SUNDAY, MAY 15, 2011
"အင်တာနေရှင်နယ် ရွှေမြန်မာ "

**"ကြီးကြီးကျယ်ကျယ် ကွာ
ကမ္ဘာနဲ့ ချီ နေလိုက်သေး
လက်တဖျစ်စာ အတွေးတွေများ
ဗလာခေါင်းထဲ မှာထည့်
ဟန်ဆောင် ပန်ဆောင်မိုက်နေသေးတယ် . . .
**ယန်စီ မဲခေါင် ဂင်္ဂါ အယ်ကိုင်ဒါ
ကိုယ့် နိုင်ငံ အညာ မှာ ဘာဖြစ်မှန်းမသိ
တွင်းအပြင် လှမ်းမျှော်မိတဲ့ ကြွက် ပမာ
ဟိုလူ ဒီလူရှေ့ ရှပ်ပြာ ရှပ်ပြာ . . .

**အမေရိကန်က ဘယ်သို့ ဘယ်ဝါ
တရုတ်ကြီးက ဘယ်လို ဘယ်ချမ်းသာ
အပြတ်ကြိုးကုတ် အားထုတ်လေ့လာတဲ့ ရွှေမြန်မာ
ကိုယ့်အကြောင်းကို မတွေးနိုင်သေးပါ . . .
**စိုးရိမ်ထိတ်လန့် မိတယ် ဂျပန်နျူကလီးယား
ဘယ်လိုဖြေရှင်းရပါ့ တောင် နဲ့မြောက် ကိုရီးယား
အာရုံစိုက် တွေးနေပါတယ် တာလီဘန် ဗုံးခွဲသမား
သုတေသီကြီးခမျာ အိမ်မှာနေ့တိုင်းစားရတယ် "ပဲကုလား" . . . "
**မာဃလုလင် **
No comments:
Post a Comment