Total Pageviews

Monday, February 6, 2012

ရွှေည၀ါဆရာတော် ကျောင်းတိုက်မှ ထွက်ခွာရေး ပြန်လည်စဉ်းစားရန် စာပို့

ရွှေည၀ါဆရာတော် ကျောင်းတိုက်မှ ထွက်ခွာရေး ပြန်လည်စဉ်းစားရန် စာပို့

ရွှေည၀ါဆရာတော်ကြီး ဦးပညာသီဟအား ကျောင်းတိုက်မှ တလအတွင်း ထွက်ခွာစေတဲ့ကိစ္စကို ပြန်လည် စဉ်းစားသုံးသပ်ပေးဖို့ စာတစောင်ကို နိုင်ငံတော်သမ္မတ အပါအ၀င် လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း ၁၇ ဖွဲ့ထံ ဗုဒ္ဓဟူးနေ့က ပေးပို့လိုက်ပါတယ်။
လက်မှတ်ရေးထိုးသူတွေနဲ့ စာပါအကြောင်းအရာတွေကို လက်မှတ်ထိုးတဲ့​ ​အထဲမှာပါတဲ့ စမ်းချောင်း ကိုကိုကြီးက ခုလို​ ပြောပြပါတယ်။
“ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့နဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ အန်အယ်လ်ဒီကလည်း ပါပါတယ်။ အများကြီးပဲ လက်မှတ်ထိုးထားကြတာလေ။ ဆရာတော်ကြီးရဲ့ တပည့် လက်ရှိ အဲဒီမှာ ကျောင်းတက်နေတဲ့ သံဃာတော်တွေ ပါတယ်။ ဆရာတော်ကြီးရဲ့ ဒါယကာ၊ ဒါယိကာမတွေလည်း ပါကြတယ်လေ။ အားလုံး လက်မှတ်ထိုးကြပြီးတော့ ဆရာတော်ကြီး ဒီကျောင်းတိုက်က ထွက်သွားလို့ရှိရင် နိုင်ငံရဲ့ သာသနာရေး၊ လူမှုရေး စတဲ့ လုပ်ငန်းတွေမှာ အရမ်းကို နစ်နာသွားနိုင်ပါတယ်၊ ဒီကျောင်းတိုက်မှာ သံဃာအပေါင်း နှစ်စဉ် ထောင်ချီပြီး မွေးထုတ်ပေးနေတယ်။ နောက်ပြီး ph.D ဘွဲ့ရတဲ့ သံဃာတွေ မွေးထုတ်ပေးနေတယ်။ နောက် လူပုဂ္ဂိုလ်တွေရော၊ သီလရှင်တွေရောကို ဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့ သင်တန်းတွေ ပို့ချပေးနေတယ်။ စာကြည်တိုက်တွေ လုပ်နေတယ်။ အဲဒီအတွက် သာသနာရေးမှာ အများကြီး ထိခိုက်နိုင်ပါတယ်။ အစားထိုးမရတဲ့ ဆုံးရှုံးမှုတခု ဖြစ်ပါတယ်။ ဒါကြောင့် ဆရာတော်ကြီးကို ဒီကျောင်းတိုက်ကနေ တလအတွင်း ထွက်ခွာပေးမယ်လို့ ဆုံးဖြတ်ထားတဲ့ သံဃာမဟာနယကရဲ့ စည်းမျဉ်းကို ပြန်စဉ်းစားပေးဖို့ဆိုပြီး နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၊ လွှတ်တော်က ဦးရွှေမန်း၊ လူ့အခွင့်ရေးဆိုင်ရာ ကြားနာရေး ကော်မတီ၊ တရားသူကြီးချုပ်တို့ အဲဒါတွေ အပါအ၀င် လူ့အဖွဲ့အစည်း ၁၇ ခု ကို ကျနော်တို့က လက်မှတ်ထိုးတာတဲ့ မိတ္တူတွေနဲ့ ပူးတွဲ ပေးပို့ထားပါတယ်။”
လူတထောင်ကျော်​ လက်မှတ်ရေးထိုးပြီး ပေးပို့တောင်းဆိုလိုက်တာ​ ဖြစ်တယ်လို့လည်း ပြောပါတယ်။
ရွှေည၀ါဆရာတော်ဟာ လာမယ့် ဖေဖော်ဝါရီ ၁၉ ရက် ညနေ ၄ နာရီ နောက်ဆုံးထားပြီး ကျောင်းတိုက်က ထွက်ခွာပေးပါမယ်လို့ နိုင်ငံတော် သံယာမဟာနာယက အဖွဲ့ဝင်ဆရာတော်တွေ တောင်းဆိုချက်အရ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၉ ရက်က လက်မှတ်ရေးထိုးပေးခဲ့ပါတယ်။
ဆရာတော်ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလထဲ မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ဩ၀ါဒစကား မြွက်ကြားလို့ဆိုပြီး ကျောင်းတိုက်က တလအတွင်း ဖယ်ရှားပေးဖို့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ 
ဒီဗွီဘီ

No comments:

Post a Comment