ဘူးသီးတောင်မောင်တော ဘက်မှာက ရခိုင်ဗမာထက်
ဘင်္ဂလီကုလားပေါတယ် ။ ကုလားဆိုလို့ နှိမ်တယ် မထင်လိုက်နဲ့ဦး ။
အဲ့ဒီဘက်တွေမှာက ကုလားဆိုရင်လူလို့ကို မထင်တာ ။ရိုဟင်ဂျာတွေ
ဘာတွေညာတွေက
ကျနော် ပြည်မကြီး (ရန်ကုန်) ရောက်မှကြားဖူးတာ ။ ရခိုင်ပြည်မှာအနှစ် ၂၀
နီးပါးနေခဲ့တယ် ။ ရိုဟင်ဂျာကို တခါမှ မကြားဖူးဘူး ။ ထားတော့ ။ ပြောချင်တာက
ရခိုင်ပြည်ဘက်မှာ
ဘဂလီကုလားတွေက လူရာမ၀င်ဘူး ။ တကယ်ပြောတာ ။ ရခိုင်တွေကမှ ကုလားတွေကို
လူရာသူရာသွင်းသေးတယ် ။ လူလိုသူလို ဆက်ဆံသေးတယ် ။ အစိုးရ၀န်ထမ်းဗမာတွေက
လူလိုကို မဆက်ဆံ
တာ ။ ကုလားဆိုရင် ဗမာတွေက ငယ်နိုင်ပဲ ။ အဓိက
အကြောင်းအရာက ဘင်္ဂလားဒျေ့်က ၀င်လာတဲ့ ဘင်္ဂလီတွေမှာ က မှတ်ပုံတင်မရှိဘူး ။
ဒီတော့ အစိုးရ၀န်ထမ်းတွေက အဲ့ဒီအချက်ကိုကိုင်ပြီး နှိမ်တော့
တာပဲ ။ ရိုးရိုး နစက တို့ ၊ ရဲတို့ ၊ လ၀က တို့ တောင်မှ လူလိုမဆက်ဆံမှတော့ အာဏာပါဝါကြီးတဲ့ထောက်လှမ်းရေးဆိ
ု ပိုဆိုးပြီပေါ့ ။ ပြောရဦးမယ် ။ ကျနော်ရောက်ခါစက ကျနော်တို့ကျောင်းနားမှာ ကုလား
ဈေးဆိုတာ
ရှိတယ် ။ ကုလားဈေးဆိုမှ တကယ့်ကုလားဈေး ၊ တဈေးလုံးကုလားတွေကြီးပဲ။ အဲ့
တနေ့တော့ ကျနော် ဗိုက်ဆာတာနဲ့ ကုလားဈေးဘက်ကို မုန့်သွားဝယ်တယ် ။ အဲမှာ
မာမူကြီး( ဦးလေး )
တစ်ယောက်က ဖရဲသီးတွေရောင်းနေတယ် ။ ဖရဲသီးဆိုမှ ကြီးလိုက်တဲ့ ဖရဲ့သီး
တစ်လုံးတစ်လုံးကို ကလေးတစ်ပွေ့စာလောက်ရှိတယ် ။ ဒါနဲ့ဈေးမေးကြည့်လိုက်တော့
တလုံးကို ၂၀၀ တဲ့ ။ အမိဝေး . . .
တန်လိုက်သည် ဖြစ်ခြင်း ။ ဒါပေမယ့်
ဝါသနာ အရ ဆစ်လိုက်သေးတယ် ။ မာမူကြီး တလုံးကို ၁၅၀ထားဆိုတော့ ။ ဆရာ မရပါ . .
.တဲ့ ။ မရဘူးဆိုတော့လည်းမရဘူးပေါ့ ၊ ၀ယ်မယ်လို့ ကြံနေတုန်း ၊
သူရဦးရောက်လာတယ် ၊ အဲ့ သူရဦးဆိုတာက ထောက်၁၈ က စီကျုသား ။ သိတယ်မလား
စစ်တပ်တွေမှာက စီကျူဆိုတာလည်း ဆရာတစ်ပါးဆိုတော့ ၊ ဒီကောင်က
စီကျူသားဆိုတော့လည်းဆရာပဲပေါ့၊
ထားတော့ ။ ဒီကောင့်အကြောင်းနောက်မှ
ပြောမယ် ။ ဒါနဲ့ အဲ့ကောင်နဲ့ ကျနော် က ကျောင်းမှာ မျက်မှန်းတန်းမိရုံပဲ
ရှိသေးတယ် ။ ဒီကောင်ရောက်လာပြီးတော့ . . . ဟေ့ကောင်ဖရဲသီးဝယ်နေတာလား
တဲ့ ၊ ကျနော်က အင်းဆိုတော့ ၊ အေး ဘယ်လောက်တောင်းတုန်းတဲ့ ။ ၂၀၀
တောင်းတယ်ကွဆိုတော့ ၊ ဒီကောင်က မာမူကြီးကိုကြည့် ပြီး ဒီမှာ မာမူ
၁၀၀ပဲထား . . . ၁၀၀ မထားလို့ကတော့ အလကား
ယူသွားမှာနော် ၊ သိတယ်နော်
ကျနော်ဘယ်သူလဲဆိုတာ . . . လို့ပြောလိုက်တော့ ၊ မာမူကြီးက စကားဝဲ၀ဲနဲ့
ယူတွားပါဆာ ၊ ယူတွားပါဆာ လို့ ပြောပါလေရော ။ အဲ့လို အဲ့လို ။ ၂၀၀
တန်ဖရဲသီးကို ၁၀၀ပေး
ပြီးအာဏာနဲ့ရအောင်ယူနိုင်တဲ့ေ
ခတ်ဖြစ်တယ် ။
တခါတလေ မလေးရှားမှာ မြန်မာတွေ အနှိမ်ခံရတယ် ၊ အသတ်ခံရတယ်
၊အဖမ်းခံရတယ် လို့ ကြားတော့ ၊ ဘူးသီးတောင်မောင်တောကို ပြန်ပြီးသတိရမိတယ် ။
မလေးရှားမှ ဗီဇာ ၀ပ်ပါမစ်မရှိတဲ့ မြန်မာ
နဲ့ ရခိုင်က ပိုက်ဆံမရှိတဲ့ ကုလားနဲ့ ဘ၀ချင်းအရမ်းနီးစပ်လိမ့်မယ်နဲ့
တူတယ် ။ ပြောချင်တာက ပိုက်ဆံရှိတဲ့ ကုလားဆိုရင် ထင်တိုင်းကြဲတောင် အာဏာပိုင်တွေ ကလွတ်ပေးထားတာ ၊ ပိုက်ဆံမရှိတဲ့ ဆင်းရဲ
သား နင်းပြား ကုလားဆိုလို့ကတော့ အနှိမ်ခံရဖို့သာ ပြင်ထား ။ ပြောရဦးမယ် ။
ထောက် ၁၈ မှာ စစ်ဆေးရေးတိုက် ဆိုတာရှိတယ် ။ ကုလားမှာလဲ သူဌေးတွေရှိတယ် ။
ပုဇွန်ကန်သူဌေး ၊ ဆေးဆိုင်ရောင်းတဲ့
သူဌေး စသည်ဖြင့်ပေါ့လေ ။
အမျိုးမျိုးပဲ ။ တနေ့တော့ အဲ့ဒီစစ်ဆေးရေးတိုက်နီထဲ ကုလားသူဌေးတစ်ယောက်
အဖမ်းခံရတယ် ။ အမှု့က ထောက်၁၈ ဆီက ယူထားတဲ့ ပုဇွန်ကန်ဆီက အခွန်၁၀
သိန်းမဆက်
နိုင်တဲ့ အမှု့ ။ အဲ့ဒီသူဌေးခမျာ ၊ တိုက်နီထဲမှာ တပါတ်လောက်ကြာတယ် ၊
ကျနော်တော့ အတိအကျမသိဘူး ၊ ပြောကြတာကတော့ မရိုမသေစကား ( အဲ့ဒီသူဌေးရဲ့
ယောင်္ကျားတန်ဆာကို မီးရှို့ ပြီးပိုက်ဆံ
တောင်းတယ်တဲ့ ) ၊ နောက်ဆုံး
သူ့ရဲ့ ယောင်္ကျားတန်ဆာကြီး စိမ်းစားဥြ့ကီးတွေလို ယောင်ကိုင်းလာမှ (
အဲ့ဒီသူဌေးက ပိုက်ဆံတွေ အခွန်ဆောင်တယ်ပြောတာပဲ ) ။
တရားဥပဒေစိုးမိုးပါတယ်ဆိုတဲ့ မြန်မာ
နိုင်ငံမှာ အဲ့လို အဖြစ်မျိုးတွေနဲ့ ပိုက်ဆံတောင်းတာလဲ ရှိရဲ့ ။
ပိုက်ဆံရှိတဲ့ ကုလားတွေဆိုရင်လည်း ရဲတွေ ထောက်လှမ်းရေးတွေက
မျက်လုံးမှိတ်ထားတယ် ။ လ၀က တွေက သိန်း၂၀ ရရင်
မှတ်ပုံတင်တောင်ထုတ်ပေးလိုက်ကြေ
သးတယ်လို့ ဆိုကြတယ် ။
ကျနော်ထင်တယ် ၊
ဒါဟာ တကယ်ဖြစ်နိုင်တယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်မြင်ဖူးတယ် ။
ဘူးသီးတောင် မြို့တော်ခန်းမနားမှာ ရှု့မ၀ ဆေးဆိုင်ဆိုတာရှိတယ် ။
အဲ့ဒီဆေးဆိုင်က ဘူးသီးတောင်
မြို့ပေါ်မှာအကြီးဆုံးပဲ ။ အဲ့ဒီဆေးဆိုင်သူဌေးမှာ သားနှစ်ယောက်ရှိတယ် ။
သူတို့အဖေက ချမ်းသာတော့ သားနှစ်ကောင်က တအားဆိုးတယ် ။ ရဲ့ တွေကလည်း
ပိုက်ဆံကိုမြင်ပြီး မျက်လုံးမှိတ်ထားတယ် ။
ဘူးသီးတောင်မြို့ပေါ်မှာဆို
လူတိုင်းနီးပါး သူတို့ နဲ့ ယှဉ်မဖြစ်ရဲ့ဘူး ။ သူတို့ ညီအကိုတွေက စီးတာတောင်
ဒီတီ ဆိုင်ကယ်မှ စီးတာ ၊ အဲ့လို ။ တနေ့တော့ အဲ့ဒီ ဗျတ်ဝိ ဗျတ္တညီနောင် က
မြို့ပေါ်မှာ သောင်းကျန်း
လို့ မ၀ လို့ နဲ့တူပါရဲ့ ၊ ကျနော်တို့ ထောက်လှမ်းရေးကျောင်းဘက်ကို
ဆင်းချလာတယ် ။ ပြီးတော့ ကျောင်းပေါက်ဝမှာ ဆိုင်ကယ်ကို စမတ်ကျကျ
ဒေါက်ထောက်ပြီး ကျောင်းဆင်းချိန်မှာ ကျောင်းသူလေးတွေ
ကို ကြောင်တော့တာပဲ
။ ဒါနဲ့ ကျောင်းသားတစုက သတင်းပေးလိုက်တယ်နဲ့တူပါရဲ့ ၊
ထောက်လှမ်းရေးတပ်ဂိတ်က အဲ့ဒီညီနောင်ကို ခေါ်တယ် ၊ပြီးတော့
တပ်ဂိတ်လူမြင်ကွင်းမှာ " မင်းတို့ တော်တော်ဆိုင်
ကယ်စီးတော်တယ်လို့ကြားတယ် ၊ ကဲ ဆိုင်ကယ်စီးစမ်းကွာဆိုပြီး
ဆိုင်ကယ်စီးခိုင်းတော့တာပဲ ။ ဆိုင်ကယ်စီးတယ်ဆိုလို့ တကယ့်ဆိုင်ကယ်စီးရတယ်
မထင်နဲ့ဦး ၊ လူပုံစံ က ဆိုင်ကယ်စီးသလိုလုပ်ရတာ
ဆိုင်ကယ်က တကယ်မပါဘူး ။
ကုန်းကုန်းကွကွပေါ့ ၊ ဟေ့ ဘယ်ရောက်ပြီလဲလို့မေးရင် ( ကျနော်
ဘူးသီးတောင်ရောက်ပါပြီဆရာ ) လို့ဖြေတယ် ။ ဒါဆို ( မောင်တောကို ပြန်စီးကွာ )
လို့ ချီးဗိုက်က ပြန်ပြီး
အမိန့်ပေးတယ် ။ချီးဗိုက်ဆိုတာ ကျနော်တို့ ခေါ်တဲ့နာမည်ပြောင် နာမည်အရင်းတော့
ကျနော်လဲ မမှတ်မိတော့ဘူး ။ ထားတော့ ။ အဲ့လိုနဲ့ အဲ့ဒီညီနောင်ခဗျာ
နဖူးကချွေးခြေမကျအောင် ဆိုက်ကယ်စီးရတာ
ညနေစောင်းမှ ပြန်လွတ်လိုက်တယ် ။
ထောက်လှမ်းရေးတပ်ဆိုတာ အဲ့လို သူတပါးကို ကျပ်တဲ့ နှိပ်စက်တဲ့နေရာမှာ
သူမတူတောင် ထူးချွန်တယ် ။ ဒါတောင်သူတို့ မနိုင်တာတော့ ရှိတယ် ။ ဟုတ်တယ်
မယုံမရှိနဲ့ ။အဲ့ဒီအချိန်က သူတို့မနိုင်တဲ့ လူအဖွဲ့အစည်းတရပ်ရှိတယ် ။
ဘာလဲဆိုတော့ ရန်ကုန်က နေခေါ်လာတဲ့ အခြေအနေမဲ့တွေ ၊ အခြေအနေမဲ့ဆိုတာ
ယဉ်ကျေးအောင်သာပြောတာ ။ တကယ်တမ်း
တော့ ကြမ်းကြမ်းပြောရရင် ရန်ကုန်နဲ့ မန္တလေးက သူတောင်းစားတွေ ၊ ဇိမ်မယ်တွေ
၊ဇိမ်ခေါင်းတွေ ၊ လူမိုက်တွေ ၊ ဂုံးတံတားအောက်နေတဲ့လူတွေ ၊ ဂျလေဘီတွေ
ရှိသမျှ ကို ကြယ်ငါးပွင့်သင်္ဘောကြီးနဲ့
ခေါ်ချလာပြီး ရခိုင်ပြည်နယ်
ဘူးသီးတောင်နဲ့ မောင်တောကားလမ်းမဘေးမှာ ( ထောက်ပို့တပ်နားမှာ )
ဂန္ဒမာရွာတည်ပေးထားတယ် ။ အဲ့လိုရွာပေါင်း အမြားကြီးရှိတယ် ၊ ဂန္ဒာမာ နေကြာ
စသည်ဖြင့်ပေါ့လေ။
အဲ့လူတွေက မှ တကယ့်မင်းမနိုင်တွေ . . .ထောက်လှမ်းရေးလဲ သူတို့ကို မနိုင်ဘူး
။ မနိုင်ဘူးဆို သူတို့ကို ရွာတည်ပေးထားတာက ကကလှမ်းရဲ့အဘ ဦးခင်ညွန့် ကိုး
. . . ။ ဆက်ရန် ။